Golden City Promotion
×

လူ ၂၀၀ ေပ်ာက္ဆုံးေနတယ္လို႕ ဆုိပါတယ္။
အေမရိကန္ ကယ္လီဖုိနီးယားျပည္နယ္ ေျမာက္ပုိင္း႐ွိ ဝုိင္ထုတ္လုပ္ရာေဒသမွာ ေတာမီးေလာင္မႈမ်ား ျဖစ္ပြားခဲ့ရာ လူ ၁၇ ဦးထက္မနည္း ေသဆုံးၿပီး အျခား လူ ၂၀၀ ေပ်ာက္ဆုံးေနေၾကာင္း သိရပါတယ္။
ေအာက္တုိဘာ ၁၀ ရက္က ျဖစ္ပြးခဲ့တဲ့ မီးေလာင္မႈအတြင္း အေဆာက္အအုံ ၂,၀၀၀ ေက်ာ္ မီးေလာင္ပ်က္စီးခဲ့တယ္လို႕ ဆုိပါတယ္။ ဆန္ဖရန္စစၥကုိၿမဳိ႕ေျမာက္ဘက္႐ွိ စန္တာ႐ုိဆာၿမဳိ႕မွာ ေတာမီးေလာင္မႈ အဆုိး႐ြားဆုံး သက္ေရာက္ခဲ့ေၾကာင္း သိရပါတယ္။
စန္ႏုိမာေကာင္တီ႐ွိ လူဦးေရ ၁၇၅,၀၀၀ ေနထုိင္ၾကတဲ့ အဆုိပါ ၿမဳိ႕ငယ္ေလးမွာ တစ္ၿမဳိ႕လုံး ေတာမီးေလာင္ကၽြမ္းခံခဲ့ရတာ ျဖစ္ပါတယ္။

ယခုေတာမီးေလာင္မႈဟာ ကယ္လီဖုိးနီးယားသမုိင္းမွာ အဆုိး႐ြားနဲ႕ လူေသဆုံးမႈ အမ်ားဆုံးျဖစ္ခဲ့ၿပီး မီးခုိးမ်ားဟာ ဆန္ဖရန္စစၥကုိေတာင္ဘက္ မုိင္ ၆၀ အကြာအထိ ပ်ံ႕လြင့္ေရာက္႐ွိခဲ့တယ္လို႕ ဆုိပါတယ္။
ေအာက္တုိဘာ ၁၀ ရက္က ေတာမီးေလာင္မႈ ၁၇ ေနရာမွာ ျဖစ္ပြားခဲ့ၿပီး ၂၄ နာရီအတြင္း ေျမဧက ၁၁၅,၀၀၀ ခန္႕ ေလာင္ကၽြမ္းပ်က္စီးခဲ့ေၾကာင္း သိရပါတယ္။ ေတာမီးေလာင္ကၽြမ္းခဲ့ရာ ေနရာေဒသ႐ွိ ေနအိမ္နဲ႕ လုပ္ငန္း ၉၁,၀၀၀ မွာ လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္ေနပါတယ္။
အေမရိကန္သမၼတ ေဒၚနယ္ထရန္႕က ကယ္လီဖုိးနီးယားမွာ သဘာဝေဘးအႏၱရာယ္ အဆုိးဆုံးႀကဳံေတြ႕ေနရေၾကာင္း ေၾကညာခဲ့ၿပီး ေတာမီးေလာင္မႈကုိ ၿငိွမ္းသတ္ရန္အတြက္ ျပည္ေထာင္စုရန္ပုံေငြ အကူအညီေပးရန္ ညြန္ၾကားထားပါတယ္။

ကယ္လီဖုိးနီးယား ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးက ဝုိင္ထုတ္လုပ္ရာ နာပါနဲ႕ စန္ႏုိမာေကာင္တီ အပါအဝင္ ေကာင္တီ ၈ ခုကုိ အေရးေပၚ အေျခအေန ထုတ္ျပန္ေၾကညာထားေၾကာင္းနဲ႕ ေထာင္နဲ႕ခ်ီတဲ့ မီးသတ္သမားေတြက ေတာမီးၿငိွမ္းသတ္ေနေၾကာင္း ေျပာပါတယ္။
ေတာမီးေလာင္ရာေဒသ႐ွိ စန္ႏုိမာေကာင္တီတစ္ခုတည္းမွာပင္ လူဦးေရ ၂၅,၀၀၀ ကုိ ေ႐ႊ႕ေျပာင္းေပးခဲ့ရၿပီး မီေဘးသင့္သူေတြ ယာယီခိုလႈံေနထုိင္ရန္အတြက္ ကယ္ဆယ္ေရးစခန္း ၅,၀၀၀ ဖြင့္လွစ္ထားေၾကာင္း သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
လူ ၂၀၀ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
အမေရိကန် ကယ်လီဖိုနီးယားပြည်နယ် မြောက်ပိုင်းရှိ ဝိုင်ထုတ်လုပ်ရာဒေသမှာ တောမီးလောင်မှုများ ဖြစ်ပွားခဲ့ရာ လူ ၁၇ ဦးထက်မနည်း သေဆုံးပြီး အခြား လူ ၂၀၀ ပျောက်ဆုံးနေကြောင်း သိရပါတယ်။
အောက်တိုဘာ ၁၀ ရက်က ဖြစ်ပွးခဲ့တဲ့ မီးလောင်မှုအတွင်း အဆောက်အအုံ ၂,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ဆန်ဖရန်စစ္စကိုမြို့မြောက်ဘက်ရှိ စန်တာရိုဆာမြို့မှာ တောမီးလောင်မှု အဆိုးရွားဆုံး သက်ရောက်ခဲ့ကြောင်း သိရပါတယ်။
စန်နိုမာကောင်တီရှိ လူဦးရေ ၁၇၅,၀၀၀ နေထိုင်ကြတဲ့ အဆိုပါ မြို့ငယ်လေးမှာ တစ်မြို့လုံး တောမီးလောင်ကျွမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ယခုတောမီးလောင်မှုဟာ ကယ်လီဖိုးနီးယားသမိုင်းမှာ အဆိုးရွားနဲ့ လူသေဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး မီးခိုးများဟာ ဆန်ဖရန်စစ္စကိုတောင်ဘက် မိုင် ၆၀ အကွာအထိ ပျံ့လွင့်ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၀ ရက်က တောမီးလောင်မှု ၁၇ နေရာမှာ ဖြစ်ပွားခဲ့ပြီး ၂၄ နာရီအတွင်း မြေဧက ၁၁၅,၀၀၀ ခန့် လောင်ကျွမ်းပျက်စီးခဲ့ကြောင်း သိရပါတယ်။ တောမီးလောင်ကျွမ်းခဲ့ရာ နေရာဒေသရှိ နေအိမ်နဲ့ လုပ်ငန်း ၉၁,၀၀၀ မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကယ်လီဖိုးနီးယားမှာ သဘာဝဘေးအန္တရာယ် အဆိုးဆုံးကြုံတွေ့နေရကြောင်း ကြေညာခဲ့ပြီး တောမီးလောင်မှုကို ငြှိမ်းသတ်ရန်အတွက် ပြည်ထောင်စုရန်ပုံငွေ အကူအညီပေးရန် ညွန်ကြားထားပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူးက ဝိုင်ထုတ်လုပ်ရာ နာပါနဲ့ စန်နိုမာကောင်တီ အပါအဝင် ကောင်တီ ၈ ခုကို အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာထားကြောင်းနဲ့ ထောင်နဲ့ချီတဲ့ မီးသတ်သမားတွေက တောမီးငြှိမ်းသတ်နေကြောင်း ပြောပါတယ်။
တောမီးလောင်ရာဒေသရှိ စန်နိုမာကောင်တီတစ်ခုတည်းမှာပင် လူဦးရေ ၂၅,၀၀၀ ကို ရွှေ့ပြောင်းပေးခဲ့ရပြီး မီဘေးသင့်သူတွေ ယာယီခိုလှုံနေထိုင်ရန်အတွက် ကယ်ဆယ်ရေးစခန်း ၅,၀၀၀ ဖွင့်လှစ်ထားကြောင်း သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top