ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴခ႐ိုင္၊ ၿမိဳင္ၿမိဳ႕နယ္၊ ဗဟင္းနယ္ေျမရဲစခန္းအပိုင္ သံေခ်ာင္း ေက်းရြာ မွာ ေအာက္တိုဘာ ၁ ရက္ေန႔ ေန႔လယ္က မိခင္ ျဖစ္သူက အသက္ ၁၀ ႏွစ္အရြယ္ သမီး အရင္း ကို ဓား နဲ႔ ထုိးသတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း ဗဟင္းနယ္ေျမရဲစခန္းက ေျပာပါတယ္။

သံေခ်ာင္း ေက်းရြာ ေန မစန္းေဌးမွာ ခင္ပြန္းျဖစ္သူ ဦးေအာင္ကို နဲ႔ အိမ္ ေထာင္ေရး အဆင္မေျပရာက စိတ္ေဖာက္ျပန္ၿပီး သမီးျဖစ္သူ အသက္ ၁၀ ႏွစ္အရြယ္ စတုတၳတန္း ေက်ာင္းသူ မေအးဇင္လိႈင္ကို ဓားနဲ႔ ၄ ခ်က္ထိုး၊ ၂ ခ်က္ခုတ္တဲ့အတြက္ ၿမိဳင္ေဆး႐ံုကို ပို႔ေဆာင္စဥ္ လမ္းမွာ ေသဆံုး သြားခဲ့တယ္လို႔ သိရပါတယ္။

ဗဟင္း နယ္ေျမ ရဲစခန္းမႉး ရဲအုပ္ေဌးေက်ာ္ က “ေသဆံုးသူ ရဲ႕ ဖခင္ ေတာ္စပ္သူ ဦးေအာင္ကိုက တရားလို ျပဳလုပ္ တိုင္ၾကားတဲ့အတြက္ ဗဟင္းနယ္ေျမ ရဲစခန္း (ပ)၃၆/၂၀၁၇၊ ရာဇသတ္ႀကီး ပုဒၼ ၃၀၂ နဲ႔ အမႈဖြင့္ၿပီး ရဲအုပ္ေဌးေက်ာ္ကိုတိုင္ အမႈကိုစစ္ေဆးေနတယ္” လို႔ ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  DVB

#Unicode Version#
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေရဲစခန်းအပိုင် သံချောင်း ကျေးရွာ မှာ အောက်တိုဘာ ၁ ရက်နေ့ နေ့လယ်က မိခင် ဖြစ်သူက အသက် ၁၀ နှစ်အရွယ် သမီး အရင်း ကို ဓား နဲ့ ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း ဗဟင်းနယ်မြေရဲစခန်းက ပြောပါတယ်။

သံချောင်း ကျေးရွာ နေ မစန်းဌေးမှာ ခင်ပွန်းဖြစ်သူ ဦးအောင်ကို နဲ့ အိမ်ထောင်ရေး အဆင်မပြေရာက စိတ်ဖောက်ပြန်ပြီး သမီးဖြစ်သူ အသက် ၁၀ နှစ်အရွယ် စတုတ္ထတန်း ကျောင်းသူ မအေးဇင်လှိုင်ကို ဓားနဲ့ ၄ ချက်ထိုး၊ ၂ ချက်ခုတ်တဲ့အတွက် မြိုင်ဆေးရုံကို ပို့ဆောင်စဉ် လမ်းမှာ သေဆုံး သွားခဲ့တယ်လို့ သိရပါတယ်။

ဗဟင်း နယ်မြေ ရဲစခန်းမှူး ရဲအုပ်ဌေးကျော် က “သေဆုံးသူ ရဲ့ ဖခင် တော်စပ်သူ ဦးအောင်ကိုက တရားလို ပြုလုပ် တိုင်ကြားတဲ့အတွက် ဗဟင်းနယ်မြေ ရဲစခန်း (ပ)၃၆/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ္မ ၃၀၂ နဲ့ အမှုဖွင့်ပြီး ရဲအုပ်ဌေးကျော်ကိုတိုင် အမှုကိုစစ်ဆေးနေတယ်” လို့ ပြောပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:  DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top