Golden City Promotion
×

“အေသလွတဲ့သူ” ျဖစ္ရပ္မွန္စာအုပ္မွ ဇာတ္လမ္းအေၾကာင္းအရာေတြကို ရိုက္ကူးဖို႔ အကယ္ဒမီေနတိုးနဲ႔ ဒါရိုက္တာ ၾသရသတို႔မွ ဇာတ္လမ္းပိုင္ရွင္ ဆရာေတာ္ ဆႏၵာဓိကထံ သြားေရာက္ေတြ႔ဆံုခဲ့ၾကပါတယ္။

ဆရာေတာ္ ဆႏၵာဓိကရဲ႕ “အေသလွတဲ့သူ” ျဖစ္ရပ္မွန္ဇာတ္လမ္းကို “မုန္းစြဲ” ဆိုတဲ့ နာမည္နဲ႔ ရိုက္ကူးသြားမွာျဖစ္ၿပီး သရုပ္ေဆာင္နဲ႔ ဒါရိုက္တာကိုယ္တိုင္ ဆရာေတာ္ထံ သြားေရာက္ ခြင့္ေတာင္းခဲ့တာျဖစ္ပါတယ္။

ဇာတ္ကားကိုေတာ့ ႏိုဝင္ဘာလ (၁) ရက္ေန႔မွာ စတင္ရိုက္ကူးသြားမွာျဖစ္ၿပီး ဒါရိုက္တာ ၾသရသက ရိုက္ကူးပံုေဖာ္သြားမွာျဖစ္ပါတယ္။

ဒီဇာတ္ကားကိုေတာ့ 7 Sense Film Production မွ ထုတ္လုပ္မွာျဖစ္ၿပီး သရုပ္ေဆာင္ေတြကေတာ့ ေနတိုး၊ ေက်ာ္ေက်ာ္ဗို၊ မင္းေသြး၊ ေဖြးေဖြးနဲ႔ ေအးဝတ္ရည္ေသာင္းတို႕အျပင္ တျခားသရုပ္ေဆာင္ေတြမ်ားစြာ ပါဝင္ရိုက္ကူးသြားမွာျဖစ္ပါတယ္။

ႏွင္းဆီပါေမာင္ ရုပ္ဇာတ္ကားႀကီးၿပီးတဲ့ေနာက္ ပရိသတ္အားေပးမႈကို အခိုင္အမာရရွိထားတဲ့ သရုပ္ေဆာင္ေတြျဖစ္ၾကတဲ့

သရုပ္ေဆာင္ ေနတိုးနဲ႔ ေဖြးေဖြးတို႕ ေနာက္တစ္ႀကိမ္ျပန္လည္တြဲဖက္သရုပ္ေဆာင္မွာလည္းျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystylemyanmar

#Unicode Version#
“အသေလှတဲ့သူ” ဖြစ်ရပ်မှန်စာအုပ်မှ ဇာတ်လမ်းအကြောင်းအရာတွေကို ရိုက်ကူးဖို့ အကယ်ဒမီနေတိုးနဲ့ ဒါရိုက်တာ သြရသတို့မှ ဇာတ်လမ်းပိုင်ရှင် ဆရာတော် ဆန္ဒာဓိကထံ သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။

ဆရာတော် ဆန္ဒာဓိကရဲ့ “အသေလှတဲ့သူ” ဖြစ်ရပ်မှန်ဇာတ်လမ်းကို “မုန်းစွဲ” ဆိုတဲ့ နာမည်နဲ့ ရိုက်ကူးသွားမှာဖြစ်ပြီး သရုပ်ဆောင်နဲ့ ဒါရိုက်တာကိုယ်တိုင် ဆရာတော်ထံ သွားရောက် ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။

ဇာတ်ကားကိုတော့ နိုဝင်ဘာလ (၁) ရက်နေ့မှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး ဒါရိုက်တာ သြရသက ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။

ဒီဇာတ်ကားကိုတော့ 7 Sense Film Production မှ ထုတ်လုပ်မှာဖြစ်ပြီး သရုပ်ဆောင်တွေကတော့ နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေးနဲ့ အေးဝတ်ရည်သောင်းတို့အပြင် တခြားသရုပ်ဆောင်တွေများစွာ ပါဝင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

နှင်းဆီပါမောင် ရုပ်ဇာတ်ကားကြီးပြီးတဲ့နောက် ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်တွေဖြစ်ကြတဲ့

သရုပ်ဆောင် နေတိုးနဲ့ ဖွေးဖွေးတို့ နောက်တစ်ကြိမ်ပြန်လည်တွဲဖက်သရုပ်ဆောင်မှာလည်းဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mystylemyanmar


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top