ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဘာစီလုိနာ- စပိန္ႏိုင္ငံ၏ ကုိယ္ ပုိင္အုပ္ခ်ဳပ္ခြင့္ရ ကတ္တာလုိနီး ယားေဒသတြင္ ႏုိင္ငံေရးအေျခ အေနေၾကာင့္ ဘာစီလိုနာႏွင့္ လာ ပါးမတ္စ္ပဲြကို ဖ်က္သိမ္းရန္ တုိက္ တြန္းမႈမ်ားရိွခဲ့ၿပီးေနာက္ ယင္းႏွစ္သင္း တံခါးပိတ္၍ ပရိသတ္မပါဘဲ ယွဥ္ၿပိဳင္ခဲ့ရကာ ဘာကာက ၃−၀ ဂိုးျဖင့္ အႏိုင္ရရွိခဲ့သည္။

စပိန္ဗဟုိအစိုးရက ဖြဲ႕စည္း ပံုႏွင့္ မညီသျဖင့္ မက်င္းပရန္ တားျမစ္ထားေသာ ကတ္တာလန္ ေဒသလြတ္လပ္ေရး လူထုဆႏၵခံ ယူပြဲကို တနဂၤေႏြေန႔ နံနက္ ၉ နာ ရီတြင္ ေဒသဆုိင္ရာ အာဏာပုိင္ မ်ားက ယခင္အစီအစဥ္အတုိင္း က်င္းပခဲ့သည္။

လူထုဆႏၵခံယူပြဲကို တားဆီးရန္ ႀကိဳးပမ္းမႈအတြင္း စပိန္ရဲတပ္ဖြဲ႕က မဲ႐ံုမ်ားကုိ စီးနင္းကာ လူအမ်ားကုိ ဖမ္းဆီးခဲ့သည္။ ရဲတပ္ဖြဲ႕၏ ႏွိမ္နင္းမႈမ်ားအတြင္း ဒဏ္ရာရသူ ၃၀၀ ေက်ာ္ရိွေၾကာင္း ကတ္တာလန္ေဒသ အစိုးရအဖြဲ႕က ေျပာသည္။

ထို႔အျပင္ ဘာကာၿမိဳ႕တြင္ အၾကမ္းဖက္မႈမ်ား ျဖစ္ပြားခဲ့ ၿပီး စပိန္ဗဟုိအစိုးရ၏ အဓိက ႐ုဏ္းႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က ဘာ စီလိုနာၿမိဳ႕တြင္ ဆႏၵျပသူမ်ားကို ႏွိမ္နင္းခဲ့သည္။

ကတ္တာလုိနီးယားေဒသ သည္ ကုိယ္ပုိင္ဘာသာစကား၊ ကုိယ္ပုိင္ယဥ္ေက်းမႈကုိ ပုိင္ဆုိင္ ေသာ ေဒသျဖစ္ၿပီး စက္မႈလုပ္ ငန္းမ်ား စုေဝးရာ ခ်မ္းသာေသာ ေဒသျဖစ္ကာ လူဦးေရ ၇ ဒသမ  ၅ သန္းရိွၿပီး အမ်ားစုက ခြဲထြက္ရန္ လိုလားေၾကာင္း စစ္တမ္း မ်ားက ဆုိသည္။

ထို႔ေၾကာင့္ ဘာစီလိုနာႏွင့္ပြဲကိုေရႊ႕ရန္ ေတာင္းဆိုမႈမ်ားရိွခဲ့ေသာ္လည္း ဘာစီလိုနာအသင္း ဘုတ္အဖြဲ႕က မူလအတိုင္း က်င္းပ ရန္ ဆံုးျဖတ္ခဲ့သည္။

ကတ္တာလုိနီးယားေဒသခံမ်ား၏ ဒီမုိကေရစီ ကိုယ္ပုိင္လြတ္လပ္ခြင့္ကို တားဆီးသည့္ အေျခအေနမ်ားကုိ ဘာစီလိုနာအသင္းက ျပစ္တင္႐ႈတ္ခ်ေၾကာင္း ေၾကညာခ်က္တစ္ရပ္တြင္ ေဖာ္ျပထားသည္။

ပရိသတ္ မပါေသာ္လည္း သတင္းဌာနမ်ားကုိ ဝင္ခြင့္ျပဳခဲ့ၿပီး  ဘာကာက ဘတ္စ္ကြက္ဇ္၊ မက္ဆီတို႔၏ သြင္းဂိုးမ်ားျဖင့္ ဂိုးျပတ္

အႏိုင္ရရွိခဲ့သည္။

—Ref:ESPN
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Daydaily
#Unicode Version#


ဘာစီလိုနာ- စပိန်နိုင်ငံ၏ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ ကတ်တာလိုနီး ယားဒေသတွင် နိုင်ငံရေးအခြေ အနေကြောင့် ဘာစီလိုနာနှင့် လာ ပါးမတ်စ်ပွဲကို ဖျက်သိမ်းရန် တိုက် တွန်းမှုများရှိခဲ့ပြီးနောက် ယင်းနှစ်သင်း တံခါးပိတ်၍ ပရိသတ်မပါဘဲ ယှဉ်ပြိုင်ခဲ့ရကာ ဘာကာက ၃−၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

စပိန်ဗဟိုအစိုးရက ဖွဲ့စည်း ပုံနှင့် မညီသဖြင့် မကျင်းပရန် တားမြစ်ထားသော ကတ်တာလန် ဒေသလွတ်လပ်ရေး လူထုဆန္ဒခံ ယူပွဲကို တနင်္ဂနွေနေ့ နံနက် ၉ နာ ရီတွင် ဒေသဆိုင်ရာ အာဏာပိုင် များက ယခင်အစီအစဉ်အတိုင်း ကျင်းပခဲ့သည်။

လူထုဆန္ဒခံယူပွဲကို တားဆီးရန် ကြိုးပမ်းမှုအတွင်း စပိန်ရဲတပ်ဖွဲ့က မဲရုံများကို စီးနင်းကာ လူအများကို ဖမ်းဆီးခဲ့သည်။ ရဲတပ်ဖွဲ့၏ နှိမ်နင်းမှုများအတွင်း ဒဏ်ရာရသူ ၃၀၀ ကျော်ရှိကြောင်း ကတ်တာလန်ဒေသ အစိုးရအဖွဲ့က ပြောသည်။

ထို့အပြင် ဘာကာမြို့တွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ ပြီး စပိန်ဗဟိုအစိုးရ၏ အဓိက ရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဘာ စီလိုနာမြို့တွင် ဆန္ဒပြသူများကို နှိမ်နင်းခဲ့သည်။

ကတ်တာလိုနီးယားဒေသ သည် ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ယဉ်ကျေးမှုကို ပိုင်ဆိုင် သော ဒေသဖြစ်ပြီး စက်မှုလုပ် ငန်းများ စုဝေးရာ ချမ်းသာသော ဒေသဖြစ်ကာ လူဦးရေ ၇ ဒသမ  ၅ သန်းရှိပြီး အများစုက ခွဲထွက်ရန် လိုလားကြောင်း စစ်တမ်း များက ဆိုသည်။

ထို့ကြောင့် ဘာစီလိုနာနှင့်ပွဲကိုရွှေ့ရန် တောင်းဆိုမှုများရှိခဲ့သော်လည်း ဘာစီလိုနာအသင်း ဘုတ်အဖွဲ့က မူလအတိုင်း ကျင်းပ ရန် ဆုံးဖြတ်ခဲ့သည်။

ကတ်တာလိုနီးယားဒေသခံများ၏ ဒီမိုကရေစီ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တားဆီးသည့် အခြေအနေများကို ဘာစီလိုနာအသင်းက ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။

ပရိသတ် မပါသော်လည်း သတင်းဌာနများကို ဝင်ခွင့်ပြုခဲ့ပြီး  ဘာကာက ဘတ်စ်ကွက်ဇ်၊ မက်ဆီတို့၏ သွင်းဂိုးများဖြင့် ဂိုးပြတ်

အနိုင်ရရှိခဲ့သည်။

—Ref:ESPN
ဖိုးသူတော် (www.phothutaw.com)
Credit: 7Daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top