Golden City Promotion
×

ႏိုင္ငံတကာ သံတမန္မ်ား ေမာင္ေတာေဒသသို႔သြားေရာက္ရန္ စစ္ေတြေလဆိပ္တြင္ တပ္မေတာ္ရဟတ္ယာဥ္ေပၚသို႔ တက္ေရာက္ေနစဥ္ (ဓာတ္ပံု − ၫြန္႔ဝင္း/အီးပီေအ)

အၾကမ္းဖက္တိုက္ခိုက္မႈ မ်ား ျဖစ္ပြားခဲ့သည့္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသသို႔ သြားေရာက္ ေလ့လာရန္ ႏုိင္ငံေတာ္၏အတိုင္ ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစု ၾကည္က ဖိတ္ေခၚၿပီးေနာက္ ေအာက္တိုဘာ ၂ ရက္တြင္ ႏိုင္ငံ တကာသံတမန္ ၅၀ ခန္႔သည္ ရ ေသ့ေတာင္ႏွင့္ ေမာင္ေတာၿမိဳ႕ နယ္မ်ားသို႔ ပထမဆံုးအႀကိမ္သြား ေရာက္ခဲ့သည္။

အဆိုပါခရီးစဥ္အတြင္းႏိုင္ငံ တကာ သံတမန္မ်ားကေဒသခံမ်ား ကို လြတ္လပ္ပြင့္လင္းစြာ ေမးျမန္း ခြင့္ရေၾကာင္း ႏိုင္ငံပိုင္မီဒီယာမ်ား က သတင္းထုတ္ျပန္ေသာ္လည္း  ယခုခရီးစဥ္သည္ စံုစမ္းစစ္ေဆး ေရးခရီးစဥ္ မဟုတ္ဘဲ စံုစမ္းစစ္ ေဆးရန္ အေျခအေန  မေပး ေၾကာင္း ခရီးစဥ္တြင္ပါဝင္ခဲ့သည့္ သံတမန္ ၂၀ ဦး၏ စုေပါင္းေၾကညာခ်က္၌ ေဖာ္ျပသည္။

ခရီးစဥ္ႏွင့္ ပတ္သက္၍ သံ တမန္ ၂၀ ဦးက သေဘာထား ထုတ္ျပန္ရာတြင္ အီးယူသံအမတ္ အပါအဝင္ ဥေရာပႏိုင္ငံအမ်ားစု၊ အေမရိကန္ သံအမတ္ႏွင့္ အင္ဒို နီးရွား သံအမတ္တို႔ပါဝင္သည္။

အဆိုပါ သံအမတ္မ်ားက ကုလသမဂၢ အခ်က္အလက္ရွာ ေဖြေရးအဖြဲ႕အား ရခိုင္သို႔သြား ေရာက္ခြင့္ျပဳရန္ တိုက္တြန္းထား ၿပီး လံုၿခံဳေရးတပ္ဖြဲ႕မ်ားအေနျဖင့္ ရခိုင္ျပည္နယ္တြင္ ေနထိုင္သူ အားလံုးကို ခြဲျခားမႈမရွိဘဲ အကာ အကြယ္ေပးရန္ တာဝန္ရွိေၾကာင္း ဆိုသည္။

ထို႔အျပင္ ရခိုင္ေဒသအတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈႏွင့္ ပတ္သက္ေသာ စြပ္စြဲခ်က္မ်ားကို အျပည့္အဝ စံုစမ္းစစ္ေဆးရန္ႏွင့္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္သူမ်ား ကို အေရးယူေဆာင္ရြက္ရန္ ျမန္ မာအာဏာပုိင္မ်ားကို ေတာင္းဆို ေၾကာင္း သံတမန္ ၂၀ ဦး၏ ထုတ္ ျပန္ခ်က္၌ ေဖာ္ျပထားသည္။

အၾကမ္းဖက္ တိုက္ခိုက္မႈ မ်ားျဖစ္ပြားခဲ့ရာ ေဒသမ်ားတြင္လူ သားခ်င္း စာနာေထာက္ထားေရး ဆိုင္ရာ အကူအညီမ်ား အလြန္အ မင္း လိုအပ္ေနေၾကာင္း ေတြ႕ရွိရ သည္ဟု ႏိုင္ငံတကာ သံတမန္မ်ား က ဆိုသည္။ ထို႔အျပင္ သံတမန္ မ်ားက ၎တို႔ ခရီးစဥ္အတြင္း ေတြ႕ဆံုခဲ့ေသာ ေဒသခံမ်ားကို ကိုယ္ထိလက္ေရာက္ တိုက္ခိုက္မႈ (သို႔မဟုတ္) မတရားဖမ္းဆီးမႈကဲ့ သို႔ေသာ ကလဲ့စားေခ်မႈမ်ား မျဖစ္ ေစေရး အကာအကြယ္ေပးရန္ ျပည္ေထာင္စုအစိုးရ၊ ျပည္နယ္ အစိုးရႏွင့္ သက္ဆိုင္ရာအာဏာ ပုိင္မ်ားကို တိုက္တြန္းခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုသည္။

ခရီးစဥ္အတြင္း ႏိုင္ငံတကာ သံတမန္မ်ားက အၾကမ္းဖက္မႈ ျဖစ္ပြားခဲ့သည့္ အေျခအေနမ်ား၊ ေက်းရြာမ်ား မီးေလာင္ပ်က္စီးခဲ့ သည့္အေျခအေနမ်ား၊ တစ္ဖက္ ႏိုင္ငံသို႔ ထြက္ေျပးသြားသည့္ အ ေျခအေနမ်ား၊ လတ္တေလာစား ဝတ္ေနေရး အေျခအေနမ်ားကို ေမးျမန္းခဲ့ေၾကာင္း ႏုိင္ငံပိုင္ မီဒီ ယာမ်ားက သတင္းထုတ္ျပန္ သည္။

ခရီးစဥ္အတြင္း ေမာင္ေတာ ၿမိဳ႕နယ္ရွိ ၿမိဳ႕ေပၚရပ္ကြက္အခ်ိဳ႕ အျပင္ ေရႊဇား၊ ႏူ႐ူလာ၊ ပန္ေတာ ျပင္၊ ခံုတိုင္၊ ခေမာင္းဆိပ္ၿမိဳ႕ရွိ ရဲေဘာ္က်၊ ငါးခူရေက်းရြာမ်ားႏွင့္ ရေသ့ေတာင္ၿမိဳ႕နယ္ရွိ အေနာက္ ျပင္ေက်းရြာႏွင့္ ေရႊေလာင္းျပင္ ေက်းရြာစသည့္ တိုင္းရင္းသား ေက်းရြာမ်ားႏွင့္ ဘဂၤါလီမ်ား ေနထိုင္ရာ ေက်းရြာမ်ားသို႔ သြား ေရာက္ခဲ့သည္။

ထို႔အျပင္ ႏိုင္ငံတကာ သံတ မန္မ်ားသည္ အၾကမ္းဖက္မႈျဖစ္ စဥ္ကို ကိုယ္တိုင္ႀကံဳခဲ့ရသူမ်ား၊ အၾကမ္းဖက္မႈေၾကာင့္ ေသဆံုးခဲ့သူမ်ား၏ မိသားစုဝင္္မ်ားကို ေတြ႕ဆံုေမးျမန္းခဲ့သည္။ ထို႔အ ျပင္ တစ္ဖက္ႏိုင္ငံသို႔ ထြက္ေျပး ျခင္းမရွိဘဲ ဆက္လက္ ေနထိုင္ ေနသည့္ ဘဂၤါလီမ်ားႏွင့္လည္း ေတြ႕ဆံုခဲ့ေၾကာင္း အစိုးရ ထုတ္ ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

 ‘‘သူတို႔က ထူးထူးျခားျခား မွတ္ခ်က္ေပးခဲ့ၾကတာ မရွိဘူး။ အျဖစ္မွန္ေတြကို မ်က္ဝါးထင္ ထင္ ေတြ႕ျမင္ရတဲ့အခါ သူတို႔ ထင္တာထက္ပိုၿပီးေတာ့ အံ့ၾသၾကတာေပါ့’’ ဟု ရခိုင္ျပည္နယ္အစိုးရ အဖြဲ႕ အတြင္းေရးမွဴး ဦးတင္ေမာင္ေဆြက ႏိုင္ငံတကာသံတမန္မ်ား ၏ ခရီးစဥ္ႏွင့္ပတ္သက္၍ ေျပာ သည္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ေဒသခရီးစဥ္သို႔ ႏိုင္ငံတကာ သံ တမန္အဖြဲ႕ႏွင့္အတူ နယ္စပ္ေရး ရာ ဝန္ႀကီးဌာန ဝန္ႀကီးဗိုလ္ခ်ဳပ္ ႀကီးရဲေအာင္၊ ေဆာက္လုပ္ေရး ဝန္ႀကီးဌာန ဝန္ႀကီး ဦးဝင္းခိုင္၊ က်န္းမာေရးႏွင့္ အားကစားဝန္ ႀကီး ေဒါက္တာျမင့္ေထြး၊ ႏိုင္ငံ ေတာ္အတိုင္ပင္ခံ႐ံုးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးခင္ေမာင္တင္၊ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီး ဌာန ဒုတိယဝန္ႀကီး ဦးစိုးေအာင္ ႏွင့္ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ဝန္ ႀကီးမ်ား လိုက္ပါခဲ့သည္။

ႏိုင္ငံတကာ သံတမန္မ်ား သည္ ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေဒသသို႔ စက္တင္ဘာ ၂၈ ရက္က သြားေရာက္ရန္ စီစဥ္ခဲ့ေသာ္ လည္း ရာသီဥတု အေျခအေန ေၾကာင့္ ခရီးစဥ္ကို ေအာက္တုိဘာ ၂ ရက္သို႔ ေရႊ႕ဆိုင္းခဲ့ရသည္။ ရေသ့ေတာင္ႏွင့္  ေမာင္ေတာၿမိဳ႕ ခရီးစဥ္မ်ားတြင္ UNHCR, UNRC, WFP, UNODC, ဥေရာပ သမဂၢ၊ ကမၻာ့ဘဏ္စသည့္ အဖြဲ႕ အစည္းမ်ားမွ သံတမန္မ်ားအပါ အဝင္ စုစုေပါင္း ၄၉ ဦး လိုက္ပါ ခဲ့သည္။

ထို႔အျပင္ အေမရိကန္၊ ျပင္ သစ္၊ ခ်က္၊ ေဆာ္ဒီ၊ အီဂ်စ္၊ ၾသ စေၾတးလ်၊ ဆြစ္ဇာလန္၊ ဂ်ာမနီ၊ တူရကီႏွင့္ ဂ်ပန္၊ တ႐ုတ္၊ အိႏၵိယ၊ပါကစၥတန္၊ ဘဂၤလားေဒ့ရွ္ စသည့္ႏိုင္ငံမ်ား အပါအဝင္ ဥေရာပ၊ အာ ရွႏွင့္ အေရွ႕ေတာင္အာရွ ႏိုင္ငံ မ်ားမွ သံတမန္မ်ား ပါဝင္သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#

နိုင်ငံတကာ သံတမန်များ မောင်တောဒေသသို့သွားရောက်ရန် စစ်တွေလေဆိပ်တွင် တပ်မတော်ရဟတ်ယာဉ်ပေါ်သို့ တက်ရောက်နေစဉ် (ဓာတ်ပုံ − ညွန့်ဝင်း/အီးပီအေ)

အကြမ်းဖက်တိုက်ခိုက်မှု များ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသသို့ သွားရောက် လေ့လာရန် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ဖိတ်ခေါ်ပြီးနောက် အောက်တိုဘာ ၂ ရက်တွင် နိုင်ငံ တကာသံတမန် ၅၀ ခန့်သည် ရ သေ့တောင်နှင့် မောင်တောမြို့ နယ်များသို့ ပထမဆုံးအကြိမ်သွား ရောက်ခဲ့သည်။

အဆိုပါခရီးစဉ်အတွင်းနိုင်ငံ တကာ သံတမန်များကဒေသခံများ ကို လွတ်လပ်ပွင့်လင်းစွာ မေးမြန်း ခွင့်ရကြောင်း နိုင်ငံပိုင်မီဒီယာများ က သတင်းထုတ်ပြန်သော်လည်း  ယခုခရီးစဉ်သည် စုံစမ်းစစ်ဆေး ရေးခရီးစဉ် မဟုတ်ဘဲ စုံစမ်းစစ် ဆေးရန် အခြေအနေ  မပေး ကြောင်း ခရီးစဉ်တွင်ပါဝင်ခဲ့သည့် သံတမန် ၂၀ ဦး၏ စုပေါင်းကြေညာချက်၌ ဖော်ပြသည်။

ခရီးစဉ်နှင့် ပတ်သက်၍ သံ တမန် ၂၀ ဦးက သဘောထား ထုတ်ပြန်ရာတွင် အီးယူသံအမတ် အပါအဝင် ဥရောပနိုင်ငံအများစု၊ အမေရိကန် သံအမတ်နှင့် အင်ဒို နီးရှား သံအမတ်တို့ပါဝင်သည်။

အဆိုပါ သံအမတ်များက ကုလသမဂ္ဂ အချက်အလက်ရှာ ဖွေရေးအဖွဲ့အား ရခိုင်သို့သွား ရောက်ခွင့်ပြုရန် တိုက်တွန်းထား ပြီး လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ရခိုင်ပြည်နယ်တွင် နေထိုင်သူ အားလုံးကို ခွဲခြားမှုမရှိဘဲ အကာ အကွယ်ပေးရန် တာဝန်ရှိကြောင်း ဆိုသည်။

ထို့အပြင် ရခိုင်ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်သော စွပ်စွဲချက်များကို အပြည့်အဝ စုံစမ်းစစ်ဆေးရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်သူများ ကို အရေးယူဆောင်ရွက်ရန် မြန် မာအာဏာပိုင်များကို တောင်းဆို ကြောင်း သံတမန် ၂၀ ဦး၏ ထုတ် ပြန်ချက်၌ ဖော်ပြထားသည်။

အကြမ်းဖက် တိုက်ခိုက်မှု များဖြစ်ပွားခဲ့ရာ ဒေသများတွင်လူ သားချင်း စာနာထောက်ထားရေး ဆိုင်ရာ အကူအညီများ အလွန်အ မင်း လိုအပ်နေကြောင်း တွေ့ရှိရ သည်ဟု နိုင်ငံတကာ သံတမန်များ က ဆိုသည်။ ထို့အပြင် သံတမန် များက ၎င်းတို့ ခရီးစဉ်အတွင်း တွေ့ဆုံခဲ့သော ဒေသခံများကို ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု (သို့မဟုတ်) မတရားဖမ်းဆီးမှုကဲ့ သို့သော ကလဲ့စားချေမှုများ မဖြစ် စေရေး အကာအကွယ်ပေးရန် ပြည်ထောင်စုအစိုးရ၊ ပြည်နယ် အစိုးရနှင့် သက်ဆိုင်ရာအာဏာ ပိုင်များကို တိုက်တွန်းခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသည်။

ခရီးစဉ်အတွင်း နိုင်ငံတကာ သံတမန်များက အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့် အခြေအနေများ၊ ကျေးရွာများ မီးလောင်ပျက်စီးခဲ့ သည့်အခြေအနေများ၊ တစ်ဖက် နိုင်ငံသို့ ထွက်ပြေးသွားသည့် အ ခြေအနေများ၊ လတ်တလောစား ဝတ်နေရေး အခြေအနေများကို မေးမြန်းခဲ့ကြောင်း နိုင်ငံပိုင် မီဒီ ယာများက သတင်းထုတ်ပြန် သည်။

ခရီးစဉ်အတွင်း မောင်တော မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်အချို့ အပြင် ရွှေဇား၊ နူရူလာ၊ ပန်တော ပြင်၊ ခုံတိုင်၊ ခမောင်းဆိပ်မြို့ရှိ ရဲဘော်ကျ၊ ငါးခူရကျေးရွာများနှင့် ရသေ့တောင်မြို့နယ်ရှိ အနောက် ပြင်ကျေးရွာနှင့် ရွှေလောင်းပြင် ကျေးရွာစသည့် တိုင်းရင်းသား ကျေးရွာများနှင့် ဘင်္ဂါလီများ နေထိုင်ရာ ကျေးရွာများသို့ သွား ရောက်ခဲ့သည်။

ထို့အပြင် နိုင်ငံတကာ သံတ မန်များသည် အကြမ်းဖက်မှုဖြစ် စဉ်ကို ကိုယ်တိုင်ကြုံခဲ့ရသူများ၊ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့သူများ၏ မိသားစုဝင်များကို တွေ့ဆုံမေးမြန်းခဲ့သည်။ ထို့အ ပြင် တစ်ဖက်နိုင်ငံသို့ ထွက်ပြေး ခြင်းမရှိဘဲ ဆက်လက် နေထိုင် နေသည့် ဘင်္ဂါလီများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း အစိုးရ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

 ‘‘သူတို့က ထူးထူးခြားခြား မှတ်ချက်ပေးခဲ့ကြတာ မရှိဘူး။ အဖြစ်မှန်တွေကို မျက်ဝါးထင် ထင် တွေ့မြင်ရတဲ့အခါ သူတို့ ထင်တာထက်ပိုပြီးတော့ အံ့သြကြတာပေါ့’’ ဟု ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက နိုင်ငံတကာသံတမန်များ ၏ ခရီးစဉ်နှင့်ပတ်သက်၍ ပြော သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသခရီးစဉ်သို့ နိုင်ငံတကာ သံ တမန်အဖွဲ့နှင့်အတူ နယ်စပ်ရေး ရာ ဝန်ကြီးဌာန ဝန်ကြီးဗိုလ်ချုပ် ကြီးရဲအောင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းခိုင်၊ ကျန်းမာရေးနှင့် အားကစားဝန် ကြီး ဒေါက်တာမြင့်ထွေး၊ နိုင်ငံ တော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန် ကြီးများ လိုက်ပါခဲ့သည်။

နိုင်ငံတကာ သံတမန်များ သည် ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသသို့ စက်တင်ဘာ ၂၈ ရက်က သွားရောက်ရန် စီစဉ်ခဲ့သော် လည်း ရာသီဥတု အခြေအနေ ကြောင့် ခရီးစဉ်ကို အောက်တိုဘာ ၂ ရက်သို့ ရွှေ့ဆိုင်းခဲ့ရသည်။ ရသေ့တောင်နှင့်  မောင်တောမြို့ ခရီးစဉ်များတွင် UNHCR, UNRC, WFP, UNODC, ဥရောပ သမဂ္ဂ၊ ကမ္ဘာ့ဘဏ်စသည့် အဖွဲ့ အစည်းများမှ သံတမန်များအပါ အဝင် စုစုပေါင်း ၄၉ ဦး လိုက်ပါ ခဲ့သည်။

ထို့အပြင် အမေရိကန်၊ ပြင် သစ်၊ ချက်၊ ဆော်ဒီ၊ အီဂျစ်၊ သြ စတြေးလျ၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ တူရကီနှင့် ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများ အပါအဝင် ဥရောပ၊ အာ ရှနှင့် အရှေ့တောင်အာရှ နိုင်ငံ များမှ သံတမန်များ ပါဝင်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top