ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

(၅၃)ႏွစ္ေျမာက္ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ေန႔အခမ္းနားသို႔ တက္ေရာက္လာေသာ အရာရွိႀကီးမ်ား (ဓာတ္ပံု − ပုိင္စုိးသူ)

မူးယစ္ေဆးဝါး ထုတ္လုပ္ေရာင္းခ်ေသာ ပင္ရင္း ေနရာမ်ားအထိ ၿဖိဳခြင္းေဆာင္ ရြက္ရန္ ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႕ ရဲခ်ဳပ္ေအာင္ဝင္းဦးက တိုက္တြန္း ေျပာၾကားသည္။

မူးယစ္ဆးဝါးတားဆီးႏွိမ္ နင္းေရး အထူးစစ္ဆင္ေရးမ်ားကို စဥ္ဆက္မျပတ္ ေဖာ္ေဆာင္ေနၿပီး မူးယစ္ေဆးဝါး အႏၲရာယ္ရွိေသာ ေဒသမ်ားကို ေရြးခ်ယ္ေဖာ္ထုတ္ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ၎ ကထည့္သြင္းေျပာၾကားသည္။

ေနျပည္ေတာ္ရွိ သဂၤဟဟို တယ္တြင္ (၅၃) ႏွစ္ေျမာက္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ေန႔ အခမ္းအနားကို ေအာက္တိုဘာ ၁ ရက္က က်င္းပ ၿပီး အဆိုပါအခမ္းအနား၌ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ရဲခ်ဳပ္ေအာင္ဝင္း ဦး ပထမဆံုးေျပာၾကားသည့္ မိန္႔ ခြန္းတြင္ အထက္ပါအတိုင္းထည့္ သြင္းေျပာၾကားသည္။

ဘိန္းစိုက္ပ်ိဳးမႈက်ဆင္းလာ ေသာ္လည္း တရားမဝင္ စိတ္ႂကြ ႐ူးသြပ္ေဆးျပား ထုတ္လုပ္သယ္ ေဆာင္ျဖန္႔ျဖဴးမႈ ျမင့္မားလာျခင္း ေၾကာင့္ မူးယစ္ေဆးဝါးထုတ္လုပ္ မႈတြင္ အသံုးျပဳေသာ ဓာတုပစၥည္းမ်ား ရရွိမႈထိန္းခ်ဳပ္ေရး အေလးထားႀကိဳးပမ္းရန္ လိုအပ္သည္ဟု ရဲခ်ဳပ္က ေျပာသည္။

‘‘မူးယစ္ေဆးဝါးဖမ္းဆီးရမိ မႈ အေျခအေနေတြကို ၾကည့္ရင္း စိတ္ႂကြ႐ူးသြပ္ေဆးျပား အပါအ ဝင္ မူးယစ္ေဆးဝါး အေျမာက္အ ျမား စံခ်ိန္တင္ ဖမ္းဆီးရမိမႈေတြ မၾကာခဏ ေတြ႕ျမင္ေနရမႈမ်ား ေၾကာင့္ ထုတ္လုပ္မႈ ျမင့္တက္ေန တာကို လက္ခံရမွာပဲျဖစ္ပါ တယ္’’ ဟု ရဲခ်ဳပ္ေအာင္ဝင္းဦးက ေျပာသည္။

မူးယစ္ေဆးဝါး ျပႆနာကို ကိုင္တြယ္ေျဖရွင္းရာတြင္ တားဆီး ႏွိမ္နင္းေရးႏွင့္ တရားစီရင္ေရး မဟာဗ်ဴဟာ တစ္ခုတည္းကိုသာ အသံုးခ်၍ မရေၾကာင္းႏွင့္ စီးပြား ေရး၊ က်န္းမာေရးႏွင့္ ပညာေရး က႑မ်ားကိုပါ ထည့္သြင္းစဥ္း စားရန္ လိုအပ္ေၾကာင္း ၎ကဆို သည္။

‘‘မူးယစ္ဗဟိုအဖြဲ႕အေနျဖင့္ အစိုးရ၊ လူထုအေျချပဳအဖြဲ႕အ စည္းမ်ား၊ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္း၍ အသိပညာေပး လုပ္ငန္းစဥ္မ်ား ကို က်ယ္က်ယ္ျပန္႔ျပန္႔ အေကာင္ အထည္ေဖာ္ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္’’ ဟု ရဲခ်ဳပ္ေအာင္ဝင္း ဦးကဆက္လက္ေျပာၾကားသည္။

မူးယစ္ေဆးဝါးထုတ္လုပ္ ေရာင္းခ်သူမ်ားကို ဖမ္းဆီးေနမႈ ႏွင့္ ပတ္သက္၍ ‘‘မူူးယစ္ေဆးသံုး တဲ့သူ၊ ေရာင္းတဲ့သူမိရင္ေတာ့ အ မႈကြင္းဆက္ကေတာ့ ေပၚတာပဲ ေပါ့။ သြားဖမ္းရင္သူတို႔မွာ သက္ ေသခံဘာမွ မေတြ႕ဘူး။ အဲဒီ အ ခက္အခဲေတာ့ရွိတယ္’’ ဟု လက္ရွိ ေျမျပင္တြင္ ႀကံဳေတြ႕ ေဆာင္ရြက္ ေနရေသာ အေတြ႕အႀကံဳကို ရဲ အုပ္တစ္ဦးက ေျပာသည္။

ႏိုင္ငံအတြင္း စိတ္ႂကြေဆး ျပားမ်ား ဖမ္းဆီးမႈႏွင့္ပတ္သက္၍ ၂၀၁၄ အတြင္းက ေဒၚလာသန္း ၂၀ ခန္႔တန္ဖိုးရွိ စိတ္ႂကြေဆးျပား မ်ား ေကာ့့ေသာင္းၿမိဳ႕နယ္အ တြင္း ဖမ္းဆီးရမိၿပီး ၂၀၁၆ စက္ တင္ဘာတြင္   ေမာင္ေတာႏွင့္ ရေသ့ေတာင္ေဒသတို႔၌လည္း က်ပ္သန္း ၄,၅၀၀ ေက်ာ္တန္ဖိုးရွိ စိတ္ႂကြေဆးျပားမ်ား ဖမ္းဆီးရ မိခဲ့သည္။

ျမန္မာႏုိင္ငံသည္ မူးယစ္ ေဆးဝါး တားဆီးထိန္းခ်ဳပ္ေရး လုပ္ငန္းမ်ားကို မဟာမဲေခါင္ေဒ သတြင္းႏိုင္ငံမ်ား၊ အာဆီယံ အဖြဲ႕ ဝင္ႏိုင္ငံမ်ားအျပင္ တ႐ုတ္၊ အိႏၵိ ယ၊ ထိုင္း၊ ဘဂၤလားေဒ့ရွ္၊ လာအို၊ဗီယက္နမ္၊ ဖိလစ္ပိုင္၊ အေမရိ ကန္၊ ႐ုရွား၊ ကိုရီးယား ႏိုင္ငံမ်ား ႏွင့္ ႏွစ္ႏိုင္ငံသေဘာတူလက္မွတ္ ေရးထိုးကာ ပူးေပါင္းေဆာင္ရြက္ ေနသည္။

ေရႊႀတိဂံေဒသအပါအဝင္ ရွမ္းျပည္နယ္တစ္ခုလံုး၌ မူးယစ္ ေဆးဝါး တိုက္ဖ်က္ေရး  ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕က ျပဳလုပ္ေနေသာ ရွမ္း႐ိုးမ စစ္ဆင္ေရးကို ၾသဂုတ္ လဆန္းမွ စက္တင္ဘာလကုန္ အထိ ႏွစ္လၾကာ ျပဳလုပ္ခဲ့သည္။ အဆိုပါ စစ္ဆင္ေရးကာလအ တြင္း တာခ်ီလိတ္တြင္ ဖမ္းမိခဲ့ ေသာ စိတ္ႂကြေဆးျပားသန္း ၂၀ သည္ ယခုႏွစ္အတြင္း အမ်ားဆံုး ဖမ္းမိေသာ ပမာဏျဖစ္သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
(၅၃)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းနားသို့ တက်ရောက်လာသော အရာရှိကြီးများ (ဓာတ်ပုံ − ပိုင်စိုးသူ)

မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချသော ပင်ရင်း နေရာများအထိ ဖြိုခွင်းဆောင် ရွက်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်အောင်ဝင်းဦးက တိုက်တွန်း ပြောကြားသည်။

မူးယစ်ဆးဝါးတားဆီးနှိမ် နင်းရေး အထူးစစ်ဆင်ရေးများကို စဉ်ဆက်မပြတ် ဖော်ဆောင်နေပြီး မူးယစ်ဆေးဝါး အန္တရာယ်ရှိသော ဒေသများကို ရွေးချယ်ဖော်ထုတ် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်း ကထည့်သွင်းပြောကြားသည်။

နေပြည်တော်ရှိ သင်္ဂဟဟို တယ်တွင် (၅၃) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက်က ကျင်းပ ပြီး အဆိုပါအခမ်းအနား၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အောင်ဝင်း ဦး ပထမဆုံးပြောကြားသည့် မိန့် ခွန်းတွင် အထက်ပါအတိုင်းထည့် သွင်းပြောကြားသည်။

ဘိန်းစိုက်ပျိုးမှုကျဆင်းလာ သော်လည်း တရားမဝင် စိတ်ကြွ ရူးသွပ်ဆေးပြား ထုတ်လုပ်သယ် ဆောင်ဖြန့်ဖြူးမှု မြင့်မားလာခြင်း ကြောင့် မူးယစ်ဆေးဝါးထုတ်လုပ် မှုတွင် အသုံးပြုသော ဓာတုပစ္စည်းများ ရရှိမှုထိန်းချုပ်ရေး အလေးထားကြိုးပမ်းရန် လိုအပ်သည်ဟု ရဲချုပ်က ပြောသည်။

‘‘မူးယစ်ဆေးဝါးဖမ်းဆီးရမိ မှု အခြေအနေတွေကို ကြည့်ရင်း စိတ်ကြွရူးသွပ်ဆေးပြား အပါအ ဝင် မူးယစ်ဆေးဝါး အမြောက်အ မြား စံချိန်တင် ဖမ်းဆီးရမိမှုတွေ မကြာခဏ တွေ့မြင်နေရမှုများ ကြောင့် ထုတ်လုပ်မှု မြင့်တက်နေ တာကို လက်ခံရမှာပဲဖြစ်ပါ တယ်’’ ဟု ရဲချုပ်အောင်ဝင်းဦးက ပြောသည်။

မူးယစ်ဆေးဝါး ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် တားဆီး နှိမ်နင်းရေးနှင့် တရားစီရင်ရေး မဟာဗျူဟာ တစ်ခုတည်းကိုသာ အသုံးချ၍ မရကြောင်းနှင့် စီးပွား ရေး၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများကိုပါ ထည့်သွင်းစဉ်း စားရန် လိုအပ်ကြောင်း ၎င်းကဆို သည်။

‘‘မူးယစ်ဗဟိုအဖွဲ့အနေဖြင့် အစိုးရ၊ လူထုအခြေပြုအဖွဲ့အ စည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေး လုပ်ငန်းစဉ်များ ကို ကျယ်ကျယ်ပြန့်ပြန့် အကောင် အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု ရဲချုပ်အောင်ဝင်း ဦးကဆက်လက်ပြောကြားသည်။

မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းချသူများကို ဖမ်းဆီးနေမှု နှင့် ပတ်သက်၍ ‘‘မူူးယစ်ဆေးသုံး တဲ့သူ၊ ရောင်းတဲ့သူမိရင်တော့ အ မှုကွင်းဆက်ကတော့ ပေါ်တာပဲ ပေါ့။ သွားဖမ်းရင်သူတို့မှာ သက် သေခံဘာမှ မတွေ့ဘူး။ အဲဒီ အ ခက်အခဲတော့ရှိတယ်’’ ဟု လက်ရှိ မြေပြင်တွင် ကြုံတွေ့ ဆောင်ရွက် နေရသော အတွေ့အကြုံကို ရဲ အုပ်တစ်ဦးက ပြောသည်။

နိုင်ငံအတွင်း စိတ်ကြွဆေး ပြားများ ဖမ်းဆီးမှုနှင့်ပတ်သက်၍ ၂၀၁၄ အတွင်းက ဒေါ်လာသန်း ၂၀ ခန့်တန်ဖိုးရှိ စိတ်ကြွဆေးပြား များ ကော့သောင်းမြို့နယ်အ တွင်း ဖမ်းဆီးရမိပြီး ၂၀၁၆ စက် တင်ဘာတွင်   မောင်တောနှင့် ရသေ့တောင်ဒေသတို့၌လည်း ကျပ်သန်း ၄,၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရ မိခဲ့သည်။

မြန်မာနိုင်ငံသည် မူးယစ် ဆေးဝါး တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို မဟာမဲခေါင်ဒေ သတွင်းနိုင်ငံများ၊ အာဆီယံ အဖွဲ့ ဝင်နိုင်ငံများအပြင် တရုတ်၊ အိန္ဒိ ယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အမေရိ ကန်၊ ရုရှား၊ ကိုရီးယား နိုင်ငံများ နှင့် နှစ်နိုင်ငံသဘောတူလက်မှတ် ရေးထိုးကာ ပူးပေါင်းဆောင်ရွက် နေသည်။

ရွှေတြိဂံဒေသအပါအဝင် ရှမ်းပြည်နယ်တစ်ခုလုံး၌ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး  မြန်မာ နိုင်ငံရဲတပ်ဖွဲ့က ပြုလုပ်နေသော ရှမ်းရိုးမ စစ်ဆင်ရေးကို သြဂုတ် လဆန်းမှ စက်တင်ဘာလကုန် အထိ နှစ်လကြာ ပြုလုပ်ခဲ့သည်။ အဆိုပါ စစ်ဆင်ရေးကာလအ တွင်း တာချီလိတ်တွင် ဖမ်းမိခဲ့ သော စိတ်ကြွဆေးပြားသန်း ၂၀ သည် ယခုနှစ်အတွင်း အများဆုံး ဖမ်းမိသော ပမာဏဖြစ်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top