Golden City Promotion
×





Credit: 7DayDaily
#Unicode Version#
ယခုသီတင်းတစ် ပတ်အတွင်း ရုံတင်ငွေအများဆုံး စာရင်းတွင် Blade Runner 2049 ရုပ်ရှင်ဇာတ်ကားက ထိပ်ဆုံးမှရပ်တည်နေသည်။

အမေရိကန်သိပ္ပံဇာတ်ကား ဖြစ်သော Blade Runner 2049 တွင် နာမည်ကျော် မင်းသားများ ဖြစ်သော ဟယ်ရီဆင်ဖို့ဒ်နှင့် ရိုင် ယန်ဂိုစလင်တို့ အဓိကပါဝင်သ ရုပ်ဆောင်ထားပြီး ရုံတင်ငွေကန် ဒေါ်လာ ၃၁ ဒသမ ၅ သန်းရရှိခဲ့ သည်။

အောက်တိုဘာ ၆ ရက် ထွက် ရှိလာသော ယင်းရုပ်ရှင်ဇာတ် ကားသည် ၁၉၈၂ က ထွက်ရှိခဲ့ သော Blade Runner ရုပ်ရှင်၏ နောက်ဆက်တွဲ ဇာတ်ကားဖြစ် သည်။

Blade Runner ရုပ်ရှင်ဇာတ် ကားတွင်လည်း မင်းသားဟယ် ရီဆင်ဖိုဒ့်က အဓိကပါဝင်သရုပ် ဆောင်ထားပြီး တစ်ကမ္ဘာလုံး၌ ရုံတင်ငွေ စုစုပေါင်းကန်ဒေါ်လာ ၃၃ ဒသမ ၈ သန်းရရှိခဲ့သည်။

မင်းသမီးကိတ်ဝင်းစလက် နှင့် မင်းသားအိုင်ဒီရီ အယ်လ်ဘာ တို့ သရုပ်ဆောင်ထားသည့် ‘The Mountain Between Us’ ဇာတ် ကားသည် ရုံတင်ငွေ ကန်ဒေါ်လာ ၁၀ ဒသမ ၁ သန်းဖြင့် ယခုသီတင်း ပတ်အတွင်း ဒုတိယရုံတင်ငွေအ များဆုံးနေရာတွင် ရပ်တည်နေ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top