Golden City Promotion
×







Credit: Lanthit

# Unicode Version #
ချိုသာတဲ့ အမှားတွေ ပြောမယ် ချောက်ထဲကျသွားတာ မကျတာ စိတ်မဝင်စားဘူး _(Fake)
ခါးသီးတဲ့ အမှန်တရားတွေကို အမုန်းခံပြီးပြောမယ်
လမ်းမှားရောက်မှာ သေမတတ် စိုးရိမ်ပေးတဲ့သူ _(Bff)

အောင်မြင်နေတဲ့အချိန် သာတဲ့အချိန် ပေါင်းမယ် နိမ့်ကျတဲ့အခါ ဒိုင်ရှိုလေး လစ်သွားမယ် _(Fake)
အခက်အခဲဒုက္ခ ကြုံလာတိုင်း အနားကမခွာ ရှိနေပေးမယ် ဘေးကနေ လက်ကလေးဆုပ်ကိုင် အားပေးတတ်တယ် _(Bff)

ကိုယ်ကျတော့ ရည်းစားမထား သူများဆို "ကြပ်" ပေးတယ် စောင်သဲကွဲပြီး ဘဝပျက်ရင် ဟားတိုက်နေရော _(Fake)
နင်လည်းမထားနဲ့ ငါလည်းမထားဘူး နင်ထား ငါလိုက်ထားမှာ သေအတူရှင်မကွာ အသဲကွဲဖေါ်ကွဲဖက် အဖြစ်ရှိပေးတာ _(Bff)

ရှေ့မှာဆို ဟန်ဆောင်ပေါင်းတယ် နောက်ကွယ်ကျ အတင်းတုပ်ပြီ _(Fake)
ပြောစရာရှိ ပေါ်တင်ဘဲ ကျေနပ်လား မကျေနပ်လဲ ဂရုမစိုက်ဘူး ရင့်ချက် 9+ _(Bff)

စကားပြောရင် ယဉ်ကျေး သိမ်မွေ့လွန်းတဲ့ အထာခင်းပြတယ် နောက်ကွယ်မှာ ခွေးမစား ဝက်မစားပြောတယ် _(Fake)
စကားပြောရင် ဒဲ့ဒိုး/ဘုနဲ့ဘောက် ပြောတတ်ပေမယ့် စိတ်ရင်းကောင်းတယ် နောက်ကျောကို ဓါးနဲ့မထိုးဘူး _(Bff)

ကိုယ့်ရည်းစားတောင် အလွတ်မပေး အီစီကလီ လာလုပ်တယ် လုဖို့ နှိုက်မြည်းဖို့ ဝင်ဆွဲဖို့ Ever ချောင်းနေတယ် _(Fake)
ကိုယ့်ရည်းစားဆို ဓါးကြိမ်းကြိမ်းရတာနဲ့ ဖြဲခြောက်ရတာနဲ့ ငါ့သူငယ်ချင်းကို သစ္စာမဲ့ကြည့် သတ်မယ်ဆိုတာချည်း _(Bff)

ဖိုးသူတော် (www.phothutaw.com)
Credit: Lanthit
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top