iMyanmarHouse.com - Best Property Website for Myanmar
×

ေနျပည္ေတာ္စည္ ပင္ဧည့္ရိပ္သာ(၂) အတြင္းရွိ CB ဘဏ္ ATM ေငြထုတ္စက္အတြင္းမွ က်ပ္သိန္း ၇၀ ေက်ာ္ ခုိး ထုတ္မႈျဖစ္ပြားခဲ့ေၾကာင္း ဇမၺဴသီရိၿမိဳ႕နယ္ အမွတ္(၁)ရဲစခန္း စခန္းမွဴး ဒုရဲမွဴးျမင့္ေအာင္က ေျပာၾကားသည္။

စည္ပင္ဧည့္ရိပ္သာ (၂) ဧည့္ႀကိဳေကာင္တာ႐ံုးခန္းအတြင္း ရွိ CB ဘဏ္ ATM စက္အတြင္းမွ အဆုိပါဘဏ္၏ ႀကီးၾကပ္ေရးမွဴး ဆုိသူက က်ပ္ ၇၅ သိန္း ခုိးယူခဲ့ ေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာန က သတင္းထုတ္ျပန္ထားသည္။

ေအာက္တိုဘာ ၁၂ ရက္ ညေန ၄ နာရီက ဥတၱရသီရိရွိ CB ဘဏ္ခဲြတာ၀န္ခံက က်ပ္သိန္း ၃၀၀ ကို ထိုစက္အတြင္းသို႔ ျဖည့္သြင္းထားခဲ့ၿပီး အဆုိပါ ေငြထုတ္စက္မွ ေငြမေလ်ာ့သျဖင့္ မသကၤာ ၍ စစ္ေဆးရာ ယခုက့ဲသို႔ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ျပည္ထဲေရး၀န္ ႀကီးဌာနက ထုတ္ျပန္သည္။

စစ္ေဆးေတြ႕ရွိခ်က္မ်ားအ ရ အဆိုပါ ATM စက္အတြင္းမွ Customer မ်ား ေငြထုတ္ယူသည့္ စာရင္း၌ က်ပ္ ၆,၂၈၀,၀၀၀ ျဖစ္ၿပီး လက္က်န္ေငြသည္ က်ပ္ ၁၆,၂၂၀,၀၀၀ ျဖစ္၍ က်ပ္ ၇,၅၀၀,၀၀၀ ကြာဟေနသည္။

ယင္းေၾကာင့္ CCTV ကင္မရာတြင္ ၾကည့္႐ႈစစ္ေဆးရာ ေအာက္တိုဘာ ၁၀ ရက္ နံနက္ ၁၁ နာရီက ယင္းဘဏ္ ႀကီးၾကပ္ေရးမွဴး ေန၀င္းေအာင္ (၃၃) ႏွစ္ (ရြာေကာက္ရပ္ကြက္၊ ပ်ဥ္းမနားၿမိဳ႕ေနသူ)က စက္ထဲရွိေငြမ်ားကို ထုတ္ယူသြားေၾကာင္း ရဲစစ္ခ်က္တြင္ ေဖာ္ျပထားသည္။

အဆုိပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ အေရးယူေပးပါရန္ CB ဘဏ္အရာရွိကိုယ္တိုင္ ရဲစခန္းသို႔ လာေရာက္တိုင္ၾကား၍ ဆက္လက္ စံုစမ္းစစ္ေဆးေနသည္ဟု ဒုရဲမွဴးျမင့္ေအာင္က ဆုိသည္။

အဆုိပါျဖစ္စဥ္ႏွင့္ ပတ္ သက္၍ ေငြခုိးထုတ္သြားသူ ေန ၀င္းေအာင္ကုိ ေအာက္တိုဘာ ၁၃ ရက္တြင္ အမွတ္(၁) ၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၈၁ (အ ေစခံက ခုိးယူမႈ)ျဖင့္ အမႈဖြင့္ထား သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day News Journal

# Unicode Version #
နေပြည်တော်စည် ပင်ဧည့်ရိပ်သာ(၂) အတွင်းရှိ CB ဘဏ် ATM ငွေထုတ်စက်အတွင်းမှ ကျပ်သိန်း ၇၀ ကျော် ခိုး ထုတ်မှုဖြစ်ပွားခဲ့ကြောင်း ဇမ္ဗူသီရိမြို့နယ် အမှတ်(၁)ရဲစခန်း စခန်းမှူး ဒုရဲမှူးမြင့်အောင်က ပြောကြားသည်။

စည်ပင်ဧည့်ရိပ်သာ (၂) ဧည့်ကြိုကောင်တာရုံးခန်းအတွင်း ရှိ CB ဘဏ် ATM စက်အတွင်းမှ အဆိုပါဘဏ်၏ ကြီးကြပ်ရေးမှူး ဆိုသူက ကျပ် ၇၅ သိန်း ခိုးယူခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာ ၁၂ ရက် ညနေ ၄ နာရီက ဥတ္တရသီရိရှိ CB ဘဏ်ခွဲတာဝန်ခံက ကျပ်သိန်း ၃၀၀ ကို ထိုစက်အတွင်းသို့ ဖြည့်သွင်းထားခဲ့ပြီး အဆိုပါ ငွေထုတ်စက်မှ ငွေမလျော့သဖြင့် မသင်္ကာ ၍ စစ်ဆေးရာ ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန် ကြီးဌာနက ထုတ်ပြန်သည်။

စစ်ဆေးတွေ့ရှိချက်များအ ရ အဆိုပါ ATM စက်အတွင်းမှ Customer များ ငွေထုတ်ယူသည့် စာရင်း၌ ကျပ် ၆,၂၈၀,၀၀၀ ဖြစ်ပြီး လက်ကျန်ငွေသည် ကျပ် ၁၆,၂၂၀,၀၀၀ ဖြစ်၍ ကျပ် ၇,၅၀၀,၀၀၀ ကွာဟနေသည်။

ယင်းကြောင့် CCTV ကင်မရာတွင် ကြည့်ရှုစစ်ဆေးရာ အောက်တိုဘာ ၁၀ ရက် နံနက် ၁၁ နာရီက ယင်းဘဏ် ကြီးကြပ်ရေးမှူး နေဝင်းအောင် (၃၃) နှစ် (ရွာကောက်ရပ်ကွက်၊ ပျဉ်းမနားမြို့နေသူ)က စက်ထဲရှိငွေများကို ထုတ်ယူသွားကြောင်း ရဲစစ်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အရေးယူပေးပါရန် CB ဘဏ်အရာရှိကိုယ်တိုင် ရဲစခန်းသို့ လာရောက်တိုင်ကြား၍ ဆက်လက် စုံစမ်းစစ်ဆေးနေသည်ဟု ဒုရဲမှူးမြင့်အောင်က ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ ငွေခိုးထုတ်သွားသူ နေ ဝင်းအောင်ကို အောက်တိုဘာ ၁၃ ရက်တွင် အမှတ်(၁) မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၁ (အ စေခံက ခိုးယူမှု)ဖြင့် အမှုဖွင့်ထား သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day News Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top