ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေအာက္တိုဘာ ၇-၈ ရက္ေန႔ေတြမွာ အာဆီယံ ႏိုင္ငံေပါင္း ၈ႏိုင္ငံ ပါဝင္ယွဥ္ျပိဳင္တဲ့ Asian Autism အားကစားျပိဳင္ပြဲ Disability-Inclusive Sports For Tomorrow 2017ကို ထိုင္းႏိုင္ငံ ဘန္ေကာက္ျမိဳ႕မွာ က်င္းပ ျပဳလုပ္ခဲ့ပါတယ္။

အဆိုပါျပိဳင္ပြဲ​မွာ ျမန္မာႏိုင္ငံ Autismအသင္းမွ ကေလးငယ္ ၃၇ေယာက္ ပါဝင္ယွဥ္ျပိဳင္ခဲ့ျပီး ေရႊတံဆိပ္ ၃ခု၊ ေငြတံဆိပ္ ၅ခုနဲ႔ ေၾကးတံဆိပ္ ၁၀ခုရရွိခဲ့ပါတယ္။ ကစားနည္းေတြမွာ အေျပး၊ ေရကူးနဲ႔ ထိုင္ခံုလု ကဲ့သို႔ေသာ မိသားစု ဂိမ္းကစားနည္းေတြပါ၀င္ပါတယ္။ ပထမေန႔မွာ အေျပးနဲ႔ ေရကူးကစားနည္းေတြ ယွဥ္ျပိဳင္ၾကျပီး ဒုတိယေန႔မွာေတာ့ မိသားစုပါ ပါဝင္ကစားလို႔ရတဲ့ ကစားနည္းေတြနဲ႔ ယွဥ္ျပိဳင္ရတာ ျဖစ္ပါတယ္။ ဒီျပိဳင္ပြဲနဲ႔ ပတ္သက္ျပီး ျမန္မာႏိုင္ငံ ေအာ္တစ္ဇင္အသင္း(Myanmar Autism Association (MAA)) ရဲ႕ ဦးေဆာင္သူမ်ားထဲမွ EC ေဒၚနီနီေအာင္ (Autism မိဘတစ္ဦးလည္းျဖစ္သူ)​​​ကို ရိုးရာေလးမွ ဆက္သြယ္ေမးျမန္းထားပါတယ္။

ရိုးရာေလး။ ။ မဂၤလာပါ ဆရာမ။ ျပိဳင္ပြဲေလးနဲ႔ ပတ္သက္ျပီး ျပိဳင္ျဖစ္တဲ့ အေၾကာင္းေတြနဲ႔ ျပိဳင္ပြဲအေၾကာင္းေလး သိခ်င္ပါတယ္။

ေဒၚနီနီေအာင္။ ။ အခုက အီးေမးလ္ပို႔ျပီး ဆက္သြယ္ ဖိတ္ေခၚတာေၾကာင့္ ျပိဳင္ျဖစ္ခဲ့တာပါ။ အရမ္းလည္း အခ်ိန ္နီးကပ္ေနတာေၾကာင့္ေကာ ေငြေရးေၾကးေရး အခက္အခဲေၾကာင့္ေကာ ျပင္ဆင္မႈေတြ သိပ္မလုပ္ခဲ့ရပါဘူး။ ဒါေပမယ့္ နဂိုက ေလ့က်င္ ့ထိန္းေက်ာင္းေပးထားတဲ့ အခံေၾကာင့္ ကေလးေတြက အဆင္ေျပေျပ ယွဥ္ျပိဳင္ႏိုင္ခဲ့ပါတယ္။ အခုျပိဳင္တာက ရန္ကုန္ေက်ာင္းေတြက ကေလးငယ္ေတြနဲ႔ ေတာင္ၾကီး က ကေလးငယ္ေတြ စုျပီး သြားျပိဳင္ၾကတာပါ။ ျပိဳင္ပြဲမွာ ပထမဆံုး ေရႊတံဆိပ္ဆုကို ျမန္မာက ရရွိခဲ့ပါတယ္။ ေရႊ ၃ခု၊ ေငြ ၅ခု၊ ေၾကး ၁၀ခုရရွိခဲ့ျပီး ဆုတံဆိပ္ေတြ ရရွိခဲ့တဲ့အထဲမွာလည္း ျမန္မာက အမ်ားဆံုးျဖစ္ပါတယ္။

ရိုးရာေလး။ ။ျပိဳင္ပြဲ သြားေရာက္ယွဥ္ျပိဳင္ရာမွာ ဘယ္လိုအခက္အခဲေတြနဲ႔ ေတြ႕ၾကံဳခဲ့ရပါသလဲ။
ေဒၚနီနီေအာင္။ ။ အခက္အခဲေတြကေတာ့ အမ်ားၾကီးပါ။ အကုန္လံုးက ကိုယ့္စားရိတ္ကိုယ္စိုက္ျပီး သြားျပိဳင္ခဲ့ရတာပါ။ ထိုင္းႏိုင္ငံကို သြားတာလာတာ၊ စားစရိတ္ေသာက္စရိတ္ တည္းခိုစရိတ္ေတြအကုန္ ကိုယ့္ဘာသာ အိတ္စိုက္ျပီး သြားျပိဳင္ခဲ့တာပါ။ အေတြ႔အၾကံဳ ရခ်င္လို႔ကို သြားျပိဳင္ခဲ့တာ ျဖစ္ပါတယ္။ ကိုယ့္စားရိတ္ ကိုယ္စိုက္ျပီး သြားျပိဳင္ရတာ ျဖစ္တဲ့အတြက္ တစ္ခ်ိဳ႕ကေလးငယ္ေတြက တစ္ကယ္ေတာ္ျပီး ခရီးစရိတ္အတြက္ ပိုက္ဆံမတတ္ႏိုင္လို႔ က်န္ေနခဲ့တာေတြ ရွိပါတယ္။ ဝမ္းနည္းစရာ ေကာင္းပါတယ္။ ဟိုမွာကားငွားတာေတြ၊ တီရွပ္ဆင္တူ ရိုက္တာေတြအကုန္ မိဘေတြသက္သာေအာင္ အစ္မတို႔​အသင္းကပဲ အကုန္အက်ခံ လုပ္ေပးခဲ့ပါတယ္။ ေနာင္အခါေတြ သြားျပိဳင္ျဖစ္မယ္ဆိုရင္ ႏိုင္ငံေတာ္က တစ္ဖက္တစ္လမ္းက ကူညီေထာက္ပံ့ေပးရင္ ဒီထက္ပိုျပီးအဆင္ေျပႏုိင္မယ္ ဆုေတြ ပိုယူႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ သင္ေထာက္ကူ ပစၥည္းေတြနဲ႔ ေသခ်ာစနစ္တက် ပိုေလ့က်င့္ေပးႏိုင္မယ္ဆိုရင္ ကေလးငယ္ေတြ ပိုအဆင္ေျပႏိုင္မွာျဖစ္ပါတယ္။ အခုက ကိုယ့္ဘာသာကိုယ္ မိသားစုလိုက္ ေက်ာင္းအလိုက္ တစ္ပိုင္တစ္ႏိုင္ ေလ့က်င့္ေပးထားရတာပါ။ ဒါ့ေၾကာင့္ ႏုိင္ငံေတာ္ရဲ႕အေထာက္အပံ့နဲ႔ ေစတနာရွင္ေတြရဲ႕အကူအညီေတြကို ရမယ္ဆိုရင္ ဒီထက္ပို အဆင္ေျပႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ရိုးရာေလး။ ။ ယွဥ္ျပိဳင္ေနစဥ္ အတြင္းမွာေကာ ဘယ္လိုေတြၾကံဳေတြ႔ခဲ့ရပါသလဲ။
ေဒၚနီနီေအာင္။ ။ ဘာသာစကား အခက္အခဲေလးေတာ့ နည္းနည္းရွိပါတယ္။ သူတို႔က စကားျပန္ မထားေပးထားေတာ့ေလ။ ျပိဳင္ပြဲဝင္ေနစဥ္မွာေတာ့ ေထြေထြထူးထူး အခက္အခဲမရွိခဲ့ပါဘူး။ တစ္ခုေတာ့ ရွိတယ္။ သူတို႔က အစက ပထမ၊ ဒုတိယ၊ တတိယေပးမယ္ဆိုျပီး ျပိဳင္ပြဲေတြျပိဳင္လဲျပီးေတာ့ ပထမဆုတစ္ခုပဲ ေပးေတာ့မယ္ဆိုပါတယ္။ ကေလးငယ္ေလးေတြက သူတို႔ဆုရမယ္ဆိုတာ သိေနေတာ့ မေပးေတာ့ဘူးဆိုလဲလုပ္လိုက္ေကာ ငိုၾကယိုၾကဆိုေတာ့ ကေလးမိဘေတြ စိတ္ထိခိုက္ခဲ့ရပါတယ္။ အစ္မတို႔လဲ သူတို႔ကိုရေအာင္ေျပာေတာ့ ေနာက္ပိုင္းက်ေတာ့ ျပန္ျပီးေပးပါတယ္။ သူတို႔မေပးလည္း အစ္မတို႔အသင္းက ျပိဳင္ပြဲဝင္ခဲ့တဲ့ ကေလးငယ္ေတြအကုန္လံုးကို ဆုေပးဖို႔ ဆြဲျပားေလးေတြစီစဥ္ထားခဲ့ပါတယ္။ ေနာက္ပိုင္းေတာ့ အကုန္အဆင္ေျပခဲ့ပါတယ္။

ရိုးရာေလး။ ။ ကေလးေတြကေကာ ခရီးစဥ္တစ္ေလွ်ာက္ အဆင္ေျပပါသလား ဆရာမ။
ေဒၚနီနီေအာင္။ ။ အစကေတာ့ စိတ္ပူမိပါတယ္။ ကေလးေတြ အဆင္ေျပပါ့မလားေပါ့။ အစ္မသမီးေလးဆိုရင္လည္း တန္းစီ ေစာင့္ဆိုင္းရတာမၾကိဳက္ဘူး။ ဒါ​ေပမယ့္ ​သူၾကိဳက္တာေလး အလိုလိုက္ျပီး ေခ်ာ့ေမာ့ျပီးေခၚလို႔ရခဲ့ပါတယ္။ ျပီးေတာ့ ေလယာဥ္လည္း စီးရမွာဆိုေတာ့ ခါးပတ္ပတ္ရ အဆင္ေျပပါ့မလားစိုးရိမ္ေပမယ့္ ထင္သေလာက္ မဆိုးခဲ့ပါဘူး။ ေလယာဥ္တက္တဲ့အခ်ိန္လည္း သူတို႔အထင္မွာ ရဟတ္စီးသလိုမ်ိဳး ေပ်ာ္ျပီး ေအာ္ၾကတာေတာ့ ရွိပါတယ္။ စာရြက္စာတမ္းေတြလည္း လူ၀င္မႈၾကီးၾကပ္ေရးနဲ႔ ပတ္စပို႔ရံုးကိုေျပာထားျပီး ေလယာဥ္ေပၚ ျဖည့္ရမယ့္စာေတြကအစ ရံုးမွာစုျပီး ၾကိဳျဖည့္ထားခဲ့တဲ့အတြက္ အခက္အခဲသိပ္မရွိပဲ အဆင္ေျပခဲ့ပါတယ္။ ၆ရက္ေန႔မွာ ဘန္ေကာက္ကို ေရာက္ရွိခဲ့ျပီး ၇ရက္ေန႔နဲ႔ ၈ရက္ေန႔ ႏွစ္ရက္မွာ ယွဥ္ျပိဳင္ခဲ့တာျဖစ္ပါတယ္။


အခုလို ေျဖၾကားေပးတဲ့အတြက္ ဆရာမေဒၚနီနီေအာင္ကို ရိုးရာေလးမွ အထူး ေက်းဇူးတင္ရွိပါတယ္။ ေနာက္ထပ္လည္း ဆရာမနဲ႔ ေမးျမန္းထားတဲ့ ျမန္မာႏိုင္ငံ Autismကေလးငယ္မ်ား အေၾကာင္း လႈပ္ရွားမႈမ်ားနဲ႔ Autism အေၾကာင္း သိေကာင္းစရာမ်ားကို ဆက္လက္ ေဖာ္ျပေပးမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Sophia(႐ိုးရာ​ေလး)
(ပံု​ေတြကို ခြင္​့ျပဳခ်က္​နဲ႔ ယူသံုးပါတယ္​)

# Unicode Version #
အောက်တိုဘာ ၇-၈ ရက်နေ့တွေမှာ အာဆီယံ နိုင်ငံပေါင်း ၈နိုင်ငံ ပါဝင်ယှဉ်ပြိုင်တဲ့ Asian Autism အားကစားပြိုင်ပွဲ Disability-Inclusive Sports For Tomorrow 2017ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါပြိုင်ပွဲမှာ မြန်မာနိုင်ငံ Autismအသင်းမှ ကလေးငယ် ၃၇ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၃ခု၊ ငွေတံဆိပ် ၅ခုနဲ့ ကြေးတံဆိပ် ၁၀ခုရရှိခဲ့ပါတယ်။ ကစားနည်းတွေမှာ အပြေး၊ ရေကူးနဲ့ ထိုင်ခုံလု ကဲ့သို့သော မိသားစု ဂိမ်းကစားနည်းတွေပါဝင်ပါတယ်။ ပထမနေ့မှာ အပြေးနဲ့ ရေကူးကစားနည်းတွေ ယှဉ်ပြိုင်ကြပြီး ဒုတိယနေ့မှာတော့ မိသားစုပါ ပါဝင်ကစားလို့ရတဲ့ ကစားနည်းတွေနဲ့ ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အော်တစ်ဇင်အသင်း(Myanmar Autism Association (MAA)) ရဲ့ ဦးဆောင်သူများထဲမှ EC ဒေါ်နီနီအောင် (Autism မိဘတစ်ဦးလည်းဖြစ်သူ)ကို ရိုးရာလေးမှ ဆက်သွယ်မေးမြန်းထားပါတယ်။

ရိုးရာလေး။ ။ မင်္ဂလာပါ ဆရာမ။ ပြိုင်ပွဲလေးနဲ့ ပတ်သက်ပြီး ပြိုင်ဖြစ်တဲ့ အကြောင်းတွေနဲ့ ပြိုင်ပွဲအကြောင်းလေး သိချင်ပါတယ်။

ဒေါ်နီနီအောင်။ ။ အခုက အီးမေးလ်ပို့ပြီး ဆက်သွယ် ဖိတ်ခေါ်တာကြောင့် ပြိုင်ဖြစ်ခဲ့တာပါ။ အရမ်းလည်း အချိန ်နီးကပ်နေတာကြောင့်ကော ငွေရေးကြေးရေး အခက်အခဲကြောင့်ကော ပြင်ဆင်မှုတွေ သိပ်မလုပ်ခဲ့ရပါဘူး။ ဒါပေမယ့် နဂိုက လေ့ကျင့်ထိန်းကျောင်းပေးထားတဲ့ အခံကြောင့် ကလေးတွေက အဆင်ပြေပြေ ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ အခုပြိုင်တာက ရန်ကုန်ကျောင်းတွေက ကလေးငယ်တွေနဲ့ တောင်ကြီး က ကလေးငယ်တွေ စုပြီး သွားပြိုင်ကြတာပါ။ ပြိုင်ပွဲမှာ ပထမဆုံး ရွှေတံဆိပ်ဆုကို မြန်မာက ရရှိခဲ့ပါတယ်။ ရွှေ ၃ခု၊ ငွေ ၅ခု၊ ကြေး ၁၀ခုရရှိခဲ့ပြီး ဆုတံဆိပ်တွေ ရရှိခဲ့တဲ့အထဲမှာလည်း မြန်မာက အများဆုံးဖြစ်ပါတယ်။

ရိုးရာလေး။ ။ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရာမှာ ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ကြုံခဲ့ရပါသလဲ။

ဒေါ်နီနီအောင်။ ။ အခက်အခဲတွေကတော့ အများကြီးပါ။ အကုန်လုံးက ကိုယ့်စားရိတ်ကိုယ်စိုက်ပြီး သွားပြိုင်ခဲ့ရတာပါ။ ထိုင်းနိုင်ငံကို သွားတာလာတာ၊ စားစရိတ်သောက်စရိတ် တည်းခိုစရိတ်တွေအကုန် ကိုယ့်ဘာသာ အိတ်စိုက်ပြီး သွားပြိုင်ခဲ့တာပါ။ အတွေ့အကြုံ ရချင်လို့ကို သွားပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ကိုယ့်စားရိတ် ကိုယ်စိုက်ပြီး သွားပြိုင်ရတာ ဖြစ်တဲ့အတွက် တစ်ချို့ကလေးငယ်တွေက တစ်ကယ်တော်ပြီး ခရီးစရိတ်အတွက် ပိုက်ဆံမတတ်နိုင်လို့ ကျန်နေခဲ့တာတွေ ရှိပါတယ်။ ဝမ်းနည်းစရာ ကောင်းပါတယ်။ ဟိုမှာကားငှားတာတွေ၊ တီရှပ်ဆင်တူ ရိုက်တာတွေအကုန် မိဘတွေသက်သာအောင် အစ်မတို့အသင်းကပဲ အကုန်အကျခံ လုပ်ပေးခဲ့ပါတယ်။ နောင်အခါတွေ သွားပြိုင်ဖြစ်မယ်ဆိုရင် နိုင်ငံတော်က တစ်ဖက်တစ်လမ်းက ကူညီထောက်ပံ့ပေးရင် ဒီထက်ပိုပြီးအဆင်ပြေနိုင်မယ် ဆုတွေ ပိုယူနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ သင်ထောက်ကူ ပစ္စည်းတွေနဲ့ သေချာစနစ်တကျ ပိုလေ့ကျင့်ပေးနိုင်မယ်ဆိုရင် ကလေးငယ်တွေ ပိုအဆင်ပြေနိုင်မှာဖြစ်ပါတယ်။ အခုက ကိုယ့်ဘာသာကိုယ် မိသားစုလိုက် ကျောင်းအလိုက် တစ်ပိုင်တစ်နိုင် လေ့ကျင့်ပေးထားရတာပါ။ ဒါ့ကြောင့် နိုင်ငံတော်ရဲ့အထောက်အပံ့နဲ့ စေတနာရှင်တွေရဲ့အကူအညီတွေကို ရမယ်ဆိုရင် ဒီထက်ပို အဆင်ပြေနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ရိုးရာလေး။ ။ ယှဉ်ပြိုင်နေစဉ် အတွင်းမှာကော ဘယ်လိုတွေကြုံတွေ့ခဲ့ရပါသလဲ။

ဒေါ်နီနီအောင်။ ။ ဘာသာစကား အခက်အခဲလေးတော့ နည်းနည်းရှိပါတယ်။ သူတို့က စကားပြန် မထားပေးထားတော့လေ။ ပြိုင်ပွဲဝင်နေစဉ်မှာတော့ ထွေထွေထူးထူး အခက်အခဲမရှိခဲ့ပါဘူး။ တစ်ခုတော့ ရှိတယ်။ သူတို့က အစက ပထမ၊ ဒုတိယ၊ တတိယပေးမယ်ဆိုပြီး ပြိုင်ပွဲတွေပြိုင်လဲပြီးတော့ ပထမဆုတစ်ခုပဲ ပေးတော့မယ်ဆိုပါတယ်။ ကလေးငယ်လေးတွေက သူတို့ဆုရမယ်ဆိုတာ သိနေတော့ မပေးတော့ဘူးဆိုလဲလုပ်လိုက်ကော ငိုကြယိုကြဆိုတော့ ကလေးမိဘတွေ စိတ်ထိခိုက်ခဲ့ရပါတယ်။ အစ်မတို့လဲ သူတို့ကိုရအောင်ပြောတော့ နောက်ပိုင်းကျတော့ ပြန်ပြီးပေးပါတယ်။ သူတို့မပေးလည်း အစ်မတို့အသင်းက ပြိုင်ပွဲဝင်ခဲ့တဲ့ ကလေးငယ်တွေအကုန်လုံးကို ဆုပေးဖို့ ဆွဲပြားလေးတွေစီစဉ်ထားခဲ့ပါတယ်။ နောက်ပိုင်းတော့ အကုန်အဆင်ပြေခဲ့ပါတယ်။

ရိုးရာလေး။ ။ ကလေးတွေကကော ခရီးစဉ်တစ်လျှောက် အဆင်ပြေပါသလား ဆရာမ။

ဒေါ်နီနီအောင်။ ။ အစကတော့ စိတ်ပူမိပါတယ်။ ကလေးတွေ အဆင်ပြေပါ့မလားပေါ့။ အစ်မသမီးလေးဆိုရင်လည်း တန်းစီ စောင့်ဆိုင်းရတာမကြိုက်ဘူး။ ဒါပေမယ့် သူကြိုက်တာလေး အလိုလိုက်ပြီး ချော့မော့ပြီးခေါ်လို့ရခဲ့ပါတယ်။ ပြီးတော့ လေယာဉ်လည်း စီးရမှာဆိုတော့ ခါးပတ်ပတ်ရ အဆင်ပြေပါ့မလားစိုးရိမ်ပေမယ့် ထင်သလောက် မဆိုးခဲ့ပါဘူး။ လေယာဉ်တက်တဲ့အချိန်လည်း သူတို့အထင်မှာ ရဟတ်စီးသလိုမျိုး ပျော်ပြီး အော်ကြတာတော့ ရှိပါတယ်။ စာရွက်စာတမ်းတွေလည်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်စပို့ရုံးကိုပြောထားပြီး လေယာဉ်ပေါ် ဖြည့်ရမယ့်စာတွေကအစ ရုံးမှာစုပြီး ကြိုဖြည့်ထားခဲ့တဲ့အတွက် အခက်အခဲသိပ်မရှိပဲ အဆင်ပြေခဲ့ပါတယ်။ ၆ရက်နေ့မှာ ဘန်ကောက်ကို ရောက်ရှိခဲ့ပြီး ၇ရက်နေ့နဲ့ ၈ရက်နေ့ နှစ်ရက်မှာ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ဆရာမဒေါ်နီနီအောင်ကို ရိုးရာလေးမှ အထူး ကျေးဇူးတင်ရှိပါတယ်။ နောက်ထပ်လည်း ဆရာမနဲ့ မေးမြန်းထားတဲ့ မြန်မာနိုင်ငံ Autismကလေးငယ်များ အကြောင်း လှုပ်ရှားမှုများနဲ့ Autism အကြောင်း သိကောင်းစရာများကို ဆက်လက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Sophia(ရိုးရာလေး)
(ပုံတွေကို ခွင့်ပြုချက်နဲ့ ယူသုံးပါတယ်)



 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top