Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

 ေရကူးကန္တြင္ ေရဆင္းကူးရာမွ အမ်ိဳးသားတစ္ဦး ေရနစ္ေသဆံုးသည့္ျဖစ္စဥ္တစ္ခု ေနျပည္ေတာ္၊ ဇဗၺဴသီရိၿမိဳ႕နယ္ရွိ ACE Villa အတြင္း ၂၀၁၇ခုႏွစ္၊ ေအာက္တိုဘာ ၂၂ရက္၊ ညပိုုင္းက ျဖစ္ပြားခဲ့သည္။
ေရနစ္ေသဆံုးသူသည္ ရန္ကုန္တိုင္း၊ လိႈင္သာယာၿမိဳ႕နယ္တြင္ ေနထိုင္သည့္ Forever Eight Tourism ကုမၸဏီမွ ဒါ႐ိုက္တာျဖစ္သူ အသက္ (၂၆)ႏွစ္အရြယ္ ကိုစိုင္းဆိုင္မြန္ဆိုသူ ျဖစ္ၿပီး ၎သည္ ေအာက္တိုဘာ ၂၂ရက္၊ ညေန ၄နာရီအခ်ိန္ခန္႔တြင္ ပုဂံမွ ေနျပည္ေတာ္သို႔ အလည္အပတ္ ေရာက္ရွိလာကာ ACE Villa အခန္း- ၄၀၃၊ (၄)လႊာတြင္ တည္းခိုခဲ့သည္ဟု ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။
ထို႔ေနာက္ ကိုစိုင္းဆိုင္မြန္သည္ ည ၉နာရီ၊ ၁၅မိနစ္အခ်ိန္တြင္ ACE Villa အတြင္းရွိ ေရကူးကန္တြင္ ေရဆင္းကူးရာမွ ေရနစ္ေသဆံုးျခင္းျဖစ္သည္ဟု ACE Villa စီမံေရးရာဌာနမွ လက္ေထာက္မန္ေနဂ်ာ၏ ေျပာျပခ်က္အရ သိရွိရေၾကာင္း ရဲမွတ္တမ္းတြင္ ပါရွိသည္။
ေသဆံုးသူ ကိုစိုင္းဆိုင္မြန္တြင္ ျပင္ပဒဏ္ရာ မေတြ႔ရွိရသျဖင့္ ဓမၼတာအတုိင္းမဟုတ္ဘဲ ႐ုတ္တရက္ေသဆံုးရျခင္း အေၾကာင္းအရင္းအား စံုစမ္းစစ္ေဆးႏိုင္ရန္ ေသမႈေသခင္းအမွတ္စဥ္ (၁၂/၂၀၁၇) ျဖင့္ အမႈဖြင့္ ေဆာင္ရြက္လ်က္ ရွိသည္။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzima
#Unicode Version#
  ရေကူးကန်တွင် ရေဆင်းကူးရာမှ အမျိုးသားတစ်ဦး ရေနစ်သေဆုံးသည့်ဖြစ်စဉ်တစ်ခု နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ ACE Villa အတွင်း ၂၀၁၇ခုနှစ်၊ အောက်တိုဘာ ၂၂ရက်၊ ညပိုုင်းက ဖြစ်ပွားခဲ့သည်။

ရေနစ်သေဆုံးသူသည် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် Forever Eight Tourism ကုမ္ပဏီမှ ဒါရိုက်တာဖြစ်သူ အသက် (၂၆)နှစ်အရွယ် ကိုစိုင်းဆိုင်မွန်ဆိုသူ ဖြစ်ပြီး ၎င်းသည် အောက်တိုဘာ ၂၂ရက်၊ ညနေ ၄နာရီအချိန်ခန့်တွင် ပုဂံမှ နေပြည်တော်သို့ အလည်အပတ် ရောက်ရှိလာကာ ACE Villa အခန်း- ၄၀၃၊ (၄)လွှာတွင် တည်းခိုခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် ကိုစိုင်းဆိုင်မွန်သည် ည ၉နာရီ၊ ၁၅မိနစ်အချိန်တွင် ACE Villa အတွင်းရှိ ရေကူးကန်တွင် ရေဆင်းကူးရာမှ ရေနစ်သေဆုံးခြင်းဖြစ်သည်ဟု ACE Villa စီမံရေးရာဌာနမှ လက်ထောက်မန်နေဂျာ၏ ပြောပြချက်အရ သိရှိရကြောင်း ရဲမှတ်တမ်းတွင် ပါရှိသည်။

သေဆုံးသူ ကိုစိုင်းဆိုင်မွန်တွင် ပြင်ပဒဏ်ရာ မတွေ့ရှိရသဖြင့် ဓမ္မတာအတိုင်းမဟုတ်ဘဲ ရုတ်တရက်သေဆုံးရခြင်း အကြောင်းအရင်းအား စုံစမ်းစစ်ဆေးနိုင်ရန် သေမှုသေခင်းအမှတ်စဉ် (၁၂/၂၀၁၇) ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိသည်။

 ဖိုးသူတော် (www.phothutaw.com)
Credit:mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top