မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×




"ပျော်ရွှင်စွာပြီးဆုံးသွားတဲ့အတွက် ချစ်ရတဲ့ပရိသတ်ကြီးနဲ့ ချစ်မိတ်ဆွေမျာ့း ကျေးဇူးတင်ထိုက်သူများအားလုံးကို အထူးကျေးဇူးတင်ပါတယ်။။

Credit: Duwun
#Unicode Version#
တကယ့်ကို အားကျစရာကောင်းတဲ့ အဆိုတော် တစ်ဦးပါ။
အဆိုတော် တင်ဇာမော်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကတော့ အောက်တိုဘာ(၇)ရက်နေ့က အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။ ဖျော်ဖြေပွဲမစတင်မီအချိန်ထိ မိုးရွာသွန်းခဲ့သော်လည်း ပွဲချိန်တစ်လျှောက်လုံး မိုးမရွာတာကြောင့် တင်ဇာမော်တစ်ယောက် မိုးနတ်မင်းကို ကျေးဇူးတင်ခဲ့ရပါတယ်။

တင်ဇာမော်ရဲ့ တစ်ကိုယ်တော်ပွဲကတော့ သုဝဏ္ဏ ဘူမိ Event Park မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
7Album ရဲ့အမှတ်တရအနေနဲ့ ပြုလုပ်တဲ့အတိုင်း အခမ်းအနားအစီအစဉ်တွေနဲ့ တင်ဆက်ပြင်ဆင်မှုတွေကိုလည်း ခုနစ်ဂဏန်းနဲ့ ပတ်သက်တဲ့အရာတွေကို ဖန်တီးခဲ့ပါတယ်။ 7Album ထဲက သီချင်းတွေကိုလည်း ဖျော်ဖြေခဲ့ပါတယ်။

သူမနဲ့အတူ  ဖြိုးပြည့်စုံ၊ ဂျုဝယ်လ်တို့က ပါဝင်သီဆိုခဲ့ပြီး ဒိုးလုံးရဲ့ မချစ်ဘူးမပြောနဲ့သီချင်းကို ချောစုခင်နဲ့အတူ ဖျော်ဖြေပေးခဲ့ တယ်လို့လည်း သိရပါတယ်။
ဖျော်ဖြေပွဲပြီးတဲ့ နောက်ပိုင်းမှာလည်း တင်ဇာမော်ရဲ့ ဖေ့စ်ဘွတ်မှာ ပွဲနဲ့ ပတ်သက်ပြီးခံစားချက်လေး တချို့ကို ရေးသားထားပါသေးတယ်။

"ပျော်ရွှင်စွာပြီးဆုံးသွားတဲ့အတွက် ချစ်ရတဲ့ပရိသတ်ကြီးနဲ့ချစ်မိတ်ဆွေများ့ကျေးဇူးတင်ထိုက်သူများအားလုံးကို အထူးကျေးဇူးတင်ပါတယ်။။

ညီမလေး Han Nwai Nyein jenny ကိုစင်ပေါ ်မခေါ ်လိုက်မိတာရယ် DM4 ကို Myo Min Oo ကို ကိုစန်းထွဋ်ကို ရေးပေးလိုက်တဲ့ စာရွက်ထဲပါသွားပြီးဆိုတော့ သူပြောလိုက်ပြီဆိုတဲ့အမှတ်နဲ့ ကိုယ့်ဟာကိုယ်ထပ်မပြောလိုက်မိတာရယ် We Love များနဲ့ဓာတ်ပုံ ရှေ့ထွက်ပြီးမရိုက်လိုက်နိုင်တာကို စိတ်မကောင်းဘူး ခွင့်လွှတ်ကြပါ။ အရမ်းချစ်တယ်" ဆိုပြီး ပြောထားပါသေးတယ်။
သူမရဲ့ ဖျော်ဖြေပွဲကတော့ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ပြီး သက်လတ်ပိုင်းအမျိုးသမီးအများစု လာရောက်အား ပေးခဲ့ကြတာ ကိုလည်း တွေ့ရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top