သင့္ဆီမွာ အရမ္းကို ခ်စ္စရာေကာင္းၿပီး၊ ဆြဲေဆာင္မႈ ရွိသလို အရည္အခ်င္း ျပည့္၀တဲ့ ခ်စ္သူ တစ္ေယာာက္ ရွိသလား? ဒါဆိုရင္ သင္ဟာ ကံေကာင္းတဲ့ လူတစ္ေယာက္ေပါ့။ ဒါေပမယ့္ လူ႕သဘာ၀အရ သင့္ရဲ ႕ခ်စ္သူကို တစ္ျခားတစ္ေယာက္က သင့္ဆီကေန လုယူသြားမလားဆိုတာ သင္စိုးရိမ္ေကာင္း စိုးရိမ္ပါလိမ့္မယ္။

ဒါေၾကာင့္ သင့္ ခ်စ္သူရဲ႕ ေျခလွမ္းေတြကို အကဲခတ္ဖို႔ လိုသလို စႏိုက္ေၾကာ္ေတြ ရန္က ကင္းေ၀းေစဖို႕ သူတို႕ရဲ႕အျပဳအမူ လကၡဏာ ေတြကို သိဖို႔လိုအပ္ပါတယ္။

၁။ ဆိုရွယ္မီဒီယာ

တစ္စံုတစ္ေယာက္က သင့္ ခ်စ္သူ Facebook ဒါမွမဟုတ္ Instagram မွာတင္သမွ် ပိုစ့္တိုင္းကို like ေပးတာ ဒါမွမဟုတ္ သိသိသာသာ love reaction ေပးေနၿပီဆိုရင္ေတာ့ သူတို႕ကို သင္ ေစာင့္ၾကည့္စာရင္းထဲ ထည့္ထားသင့္ပါတယ္။ ဒါ့အျပင္ သူတို႕နဲ႔ သင့္ ခ်စ္သူ ကိုယ္တိုင္က Single စေတးတပ္ ေတြတင္ေနၿပီး သူတို႕အခ်င္းခ်င္း like ေပးေနရင္ ဒါဟာ သင္ စႏိုက္ အေၾကာ္ခံရႏိုင္တဲ့ လကၡဏာ အျဖစ္ ေသခ်ာသေလာက္ ရွိေနပါၿပီ။

၂။ သင့္အေၾကာင္းကို သူတို႕ အတင္း ေျပာၾကလိမ့္မယ္

လူတိုင္း နီးပါး အတင္း ေျပာရတာကို ႏွစ္သက္ၾကပါတယ္။ ဒါဟာ လူသဘာ၀ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ တစ္စံုတစ္ေယာက္က သင့္ရဲ႕ ခ်စ္သူကို ခိုးယူဖို႕ ဆိုရင္ေတာ့ သင့္ရဲ႕ မေကာင္းေၾကာင္းေတြကို သင့္ေနာက္ကြယ္မွာ ပိုမိုၿပီး အတင္းတုတ္ၾကမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ သင့္ရဲ႕ လက္တြဲေဖာ္ကို သင့္ရဲ႕ အားနည္းခ်က္ မ်ိဳးစံုကို ခဏခဏ ေထာက္ျပျခင္းျဖင့္ သင့္ကို အထင္အျမင္ေသးေအာင္ သူတို႔က ျပဳလုပ္ၾကပါလိမ့္မယ္။

၃။ သူတို႔ေတြ မ်က္စိေနာက္ေလာက္ေအာင္ ခင္မင္ေနၾကရင္ တစ္စံုတစ္ေယာက္က သင္တို႔ ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးကို ဂ႐ုမစိုက္၊ အေလးမထားပဲ သင့္ရဲ႕ ခ်စ္သူကို လိုအပ္တာထက္ ကၽြမ္း၀င္ေအာင္ ေနထိုင္လွ်င္ သင့္အတြက္ စိတ္္အေႏွာက္အယွက္ ျဖစ္စရာ အလြန္ေကာင္းသလို သင့္ရဲ႕ခ်စ္သူကို မၾကာခဏ ထိေတြ႔တာ၊ စသလိုလိုနဲ႕ ဖက္လဲတကင္း ေနတာေတြက စႏိုက္ေၾကာ္ဖို႔အတြက္ ျပင္ဆင္ေနျခင္း ျဖစ္ပါတယ္။

၄။ သင့္ခ်စ္သူ ဘာေျပာေျပာ သူတို႔က ရယ္ေနမယ္

သင္ဟာသင့္ ခ်စ္သူကို ကမၻာေပၚမွာ ဟာသ အေျပာႏိုင္ဆံုးသူ အျဖစ္ အျမဲတမ္း သေဘာက်သလိုပဲ တျခား တစ္ေယာက္ကလည္း သင္ကဲ့သို႔ သူဘာေျပာေျပာ ရယ္ေနရင္ေတာ့ သူတို႔ေတြ မူမမွန္ေတာ့ဘူး ဆိုတာ သိႏိုင္ပါတယ္။

ဒါေၾကာင့္ စာေရးဆရာမ Madison Moore က ” ရယ္ေမာၿပီးေတာ့ ထိေတြျခင္းဟာ ရင္းႏွီးမႈကို ဖန္တီးဖို႔အတြက္ ဆင္ေျခတစ္ခု ျဖစ္တယ္” လို႔ ဆိုခဲ့ပါတယ္။

၅။ အဆက္မျပတ္ စာေတြ ပို႔ေနျခင္း

သင္က သင့္ရဲ႕ ခ်စ္သူကို သူငယ္ခ်င္း ေတြနဲ႔ ခင္မင္ဖို႔ မိတ္ဆက္ေပးျခင္း၊ ဆက္သြယ္ ေျပာဆိုျခင္းေတြကို ျပဳလုပ္ ေပးသင့္သကဲ့သို႔ သင့္ ခ်စ္သူ ကလည္း ပြင့္ပြင့္လင္းလင္းနဲ႕ သူ သူငယ္ခ်င္း ေတြနဲ႕ မိတ္ဆက္ ေပးသင့္ပါတယ္။ ဒါေပမယ့္ တစ္စံုတစ္ေယာက္က သင့္ခ်စ္သူကို ညတိုင္း စာေတြ အဆက္မျပတ္ ပို႔ေနရင္ေတာ့ မိတ္ေဆြ တစ္ဦးထက္ ပိုေနေၾကာင္း သင္ ရိပ္မိႏိုင္ပါတယ္။

၆။ သူတို႔ကို အျပင္မွာ အျမဲေတြ႔ေနရရင္

သင့္ ခ်စ္သူဟာ သင္နဲ႔အျပင္ကို အတူ ထြက္တာထက္ ပိုၿပီး တစ္စံုတစ္ေယာက္နဲ႔ အျပင္ကို အျမဲ ထြက္ေနရင္ေတာ့ သူတို႕ဟာ မိတ္ေဆြ အဆင့္ထက္ ပိုေနၿပီဆိုတာ သိႏိုင္ပါတယ္။

➰ သင့္ခ်စ္သူကို လုယူခံရရင္ ဘယ္လို ရင္ဆိုင္သင့္လဲ

သင့္ရဲ႕ ခ်စ္သူကို ဘာေၾကာင့္မွန္း မသိေအာင္ ဟန္ေဆာင္ၿပီး စိတ္ညစ္ဟန္၊ မနာလို ျဖစ္ဟန္ ေဆာင္ျခင္းျဖင့္ သူ႔ရဲ႕ စိတ္ကို အရမ္း ႐ႈပ္ေထြးေစပါတယ္။ သင့္ရဲ႕ စိတ္ထဲမွာ တစ္စံုတစ္ေယာက္က သင္တို႔ ႏွစ္ေယာက္ၾကားကို ၀င္ဖို႔အတြက္ ႀကိဳးစားေနတယ္လို႕ ခံစားမိပါက သင္တို႔ ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကို ပိုမို ပြင့္လင္းေအာင္ ႀကိဳးစားသင့္ပါတယ္။

ဒါ့အျပင္ အရင္ဆံုး သင္တို႔ ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရး အရည္အေသြးကို အရင္ဆံုးၾကည့္ပါ။ သင့္ခ်စ္သူရဲ႕ ဘ၀ထဲမွာ သင္က တစ္စိတ္တစ္ပိုင္း ပါ၀င္ေနေအာင္ ႀကိဳးစားပါ။ သူလည္း သင့္ဘ၀ထဲမွာ ပါ၀င္ လာပါလိမ့္မယ္။ အခ်စ္ကို ရယူဖို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ ဘယ္သူမွ မတိုက္ခိုက္ခ်င္ၾကပါဘူး။ ဒါေပမယ့္ ျဖစ္လာခဲ့ရင္ေတာ့ သင့္ကိုယ္သင္ ရပ္တည္ႏိုင္ေအာင္ ႀကိဳတင္ျပင္ဆင္ သင့္ပါတယ္။

ဒါေၾကာင့္ သင္ ယံုၾကည္ရတဲ့ တျခားတစ္ေယာက္ကို သင္ျဖစ္ေနတဲ့ အရာေတြကို ရင္ဖြင့္ျခင္းျဖင့္ သူတို႕ဆီက အၾကံဥာဏ္ေတြ ရႏိုင္သလို သင့္အတြက္လည္း စိတ္သက္သာ ေစပါတယ္။

ေနာက္တနည္းက သူေပ်ာ္ရြင္ဖို႔အတြက္ သင့္ဖက္က စိတ္ရွည္ရွည္နဲ႔ အေလ်ာ့ေပးၿပီး သင့္ဖက္ကိုပဲ စိတ္ညႊတ္လာေအာင္ ျပန္လည္ ႀကိဳးစားႏိုင္ပါတယ္။

စိတ္ထားေကာင္းၿပီး  အရည္အခ်င္း ရွိတဲ့ ေယာက်္ားေတြဟာ သူမ်ား လုယူတိုင္း မခံရဘူး ဆိုတာ သင္အရင္ဆံုး သိပါ။ ဒါ့ေၾကာင့္ သူက သင့္ကို ပစ္ၿပီး တစ္ျခားတစ္ေယာက္နဲ႔ ေပ်ာ္ပါးေနပါက သင္တတ္ႏိုင္သေလာက္ သူကို ေျဖာင္းဖ်ၿပီး ျပန္လည္ ႀကိဳးစားခြင့္ ရွိပါတယ္။

လံုး၀ မရေတာ့ဘူး ဆိုရင္ေတာ့ သူတို႕သြားလိုရာ သြားပါေစ။ သင့္ ထက္သာတယ္လို႔ ထင္သူေနာက္ကို လိုက္သြားတဲ့ သူအတြက္ သင့္ရဲ႕အဖိုးတန္ ႏုပ်ိဳမႈ အခ်ိန္ေတြကို အကုန္ခံစရာ မလိုပါဘူး။ ဒါေၾကာင့္ ကိုယ္၀ါသနာပါရာ တစ္ခုကို စူးစိုက္လုပ္ၿပီး ကိုယ့္ဘ၀ကိုယ္ ပိုမို တိုးတက္ေအာင္ ႀကိဳးစားသင့္ပါတယ္။
💓💓💓💓💓💓💓💓

ဖိုးသူေတာ္ (www.phothutaw.com)
Credit: life style myanmar

# Unicode Version #
သင့်ဆီမှာ အရမ်းကို ချစ်စရာကောင်းပြီး၊ ဆွဲဆောင်မှု ရှိသလို အရည်အချင်း ပြည့်ဝတဲ့ ချစ်သူ တစ်ယောာက် ရှိသလား? ဒါဆိုရင် သင်ဟာ ကံကောင်းတဲ့ လူတစ်ယောက်ပေါ့။ ဒါပေမယ့် လူ့သဘာဝအရ သင့်ရဲ့ချစ်သူကို တစ်ခြားတစ်ယောက်က သင့်ဆီကနေ လုယူသွားမလားဆိုတာ သင်စိုးရိမ်ကောင်း စိုးရိမ်ပါလိမ့်မယ်။

ဒါကြောင့် သင့် ချစ်သူရဲ့ ခြေလှမ်းတွေကို အကဲခတ်ဖို့ လိုသလို စနိုက်ကြော်တွေ ရန်က ကင်းဝေးစေဖို့ သူတို့ရဲ့အပြုအမူ လက္ခဏာ တွေကို သိဖို့လိုအပ်ပါတယ်။

၁။ ဆိုရှယ်မီဒီယာ

တစ်စုံတစ်ယောက်က သင့် ချစ်သူ Facebook ဒါမှမဟုတ် Instagram မှာတင်သမျှ ပိုစ့်တိုင်းကို like ပေးတာ ဒါမှမဟုတ် သိသိသာသာ love reaction ပေးနေပြီဆိုရင်တော့ သူတို့ကို သင် စောင့်ကြည့်စာရင်းထဲ ထည့်ထားသင့်ပါတယ်။ ဒါ့အပြင် သူတို့နဲ့ သင့် ချစ်သူ ကိုယ်တိုင်က Single စတေးတပ် တွေတင်နေပြီး သူတို့အချင်းချင်း like ပေးနေရင် ဒါဟာ သင် စနိုက် အကြော်ခံရနိုင်တဲ့ လက္ခဏာ အဖြစ် သေချာသလောက် ရှိနေပါပြီ။

၂။ သင့်အကြောင်းကို သူတို့ အတင်း ပြောကြလိမ့်မယ်

လူတိုင်း နီးပါး အတင်း ပြောရတာကို နှစ်သက်ကြပါတယ်။ ဒါဟာ လူသဘာဝပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က သင့်ရဲ့ ချစ်သူကို ခိုးယူဖို့ ဆိုရင်တော့ သင့်ရဲ့ မကောင်းကြောင်းတွေကို သင့်နောက်ကွယ်မှာ ပိုမိုပြီး အတင်းတုတ်ကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ လက်တွဲဖော်ကို သင့်ရဲ့ အားနည်းချက် မျိုးစုံကို ခဏခဏ ထောက်ပြခြင်းဖြင့် သင့်ကို အထင်အမြင်သေးအောင် သူတို့က ပြုလုပ်ကြပါလိမ့်မယ်။

၃။ သူတို့တွေ မျက်စိနောက်လောက်အောင် ခင်မင်နေကြရင် တစ်စုံတစ်ယောက်က သင်တို့ နှစ်ယောက်ရဲ့ အချစ်ရေးကို ဂရုမစိုက်၊ အလေးမထားပဲ သင့်ရဲ့ ချစ်သူကို လိုအပ်တာထက် ကျွမ်းဝင်အောင် နေထိုင်လျှင် သင့်အတွက် စိတ်အနှောက်အယှက် ဖြစ်စရာ အလွန်ကောင်းသလို သင့်ရဲ့ချစ်သူကို မကြာခဏ ထိတွေ့တာ၊ စသလိုလိုနဲ့ ဖက်လဲတကင်း နေတာတွေက စနိုက်ကြော်ဖို့အတွက် ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။

၄။ သင့်ချစ်သူ ဘာပြောပြော သူတို့က ရယ်နေမယ်

သင်ဟာသင့် ချစ်သူကို ကမ္ဘာပေါ်မှာ ဟာသ အပြောနိုင်ဆုံးသူ အဖြစ် အမြဲတမ်း သဘောကျသလိုပဲ တခြား တစ်ယောက်ကလည်း သင်ကဲ့သို့ သူဘာပြောပြော ရယ်နေရင်တော့ သူတို့တွေ မူမမှန်တော့ဘူး ဆိုတာ သိနိုင်ပါတယ်။

ဒါကြောင့် စာရေးဆရာမ Madison Moore က ” ရယ်မောပြီးတော့ ထိတွေခြင်းဟာ ရင်းနှီးမှုကို ဖန်တီးဖို့အတွက် ဆင်ခြေတစ်ခု ဖြစ်တယ်” လို့ ဆိုခဲ့ပါတယ်။

၅။ အဆက်မပြတ် စာတွေ ပို့နေခြင်း

သင်က သင့်ရဲ့ ချစ်သူကို သူငယ်ချင်း တွေနဲ့ ခင်မင်ဖို့ မိတ်ဆက်ပေးခြင်း၊ ဆက်သွယ် ပြောဆိုခြင်းတွေကို ပြုလုပ် ပေးသင့်သကဲ့သို့ သင့် ချစ်သူ ကလည်း ပွင့်ပွင့်လင်းလင်းနဲ့ သူ သူငယ်ချင်း တွေနဲ့ မိတ်ဆက် ပေးသင့်ပါတယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က သင့်ချစ်သူကို ညတိုင်း စာတွေ အဆက်မပြတ် ပို့နေရင်တော့ မိတ်ဆွေ တစ်ဦးထက် ပိုနေကြောင်း သင် ရိပ်မိနိုင်ပါတယ်။

၆။ သူတို့ကို အပြင်မှာ အမြဲတွေ့နေရရင်

သင့် ချစ်သူဟာ သင်နဲ့အပြင်ကို အတူ ထွက်တာထက် ပိုပြီး တစ်စုံတစ်ယောက်နဲ့ အပြင်ကို အမြဲ ထွက်နေရင်တော့ သူတို့ဟာ မိတ်ဆွေ အဆင့်ထက် ပိုနေပြီဆိုတာ သိနိုင်ပါတယ်။

➰ သင့်ချစ်သူကို လုယူခံရရင် ဘယ်လို ရင်ဆိုင်သင့်လဲ

သင့်ရဲ့ ချစ်သူကို ဘာကြောင့်မှန်း မသိအောင် ဟန်ဆောင်ပြီး စိတ်ညစ်ဟန်၊ မနာလို ဖြစ်ဟန် ဆောင်ခြင်းဖြင့် သူ့ရဲ့ စိတ်ကို အရမ်း ရှုပ်ထွေးစေပါတယ်။ သင့်ရဲ့ စိတ်ထဲမှာ တစ်စုံတစ်ယောက်က သင်တို့ နှစ်ယောက်ကြားကို ဝင်ဖို့အတွက် ကြိုးစားနေတယ်လို့ ခံစားမိပါက သင်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပိုမို ပွင့်လင်းအောင် ကြိုးစားသင့်ပါတယ်။

ဒါ့အပြင် အရင်ဆုံး သင်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေး အရည်အသွေးကို အရင်ဆုံးကြည့်ပါ။ သင့်ချစ်သူရဲ့ ဘဝထဲမှာ သင်က တစ်စိတ်တစ်ပိုင်း ပါဝင်နေအောင် ကြိုးစားပါ။ သူလည်း သင့်ဘဝထဲမှာ ပါဝင် လာပါလိမ့်မယ်။ အချစ်ကို ရယူဖို့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်သူမှ မတိုက်ခိုက်ချင်ကြပါဘူး။ ဒါပေမယ့် ဖြစ်လာခဲ့ရင်တော့ သင့်ကိုယ်သင် ရပ်တည်နိုင်အောင် ကြိုတင်ပြင်ဆင် သင့်ပါတယ်။

ဒါကြောင့် သင် ယုံကြည်ရတဲ့ တခြားတစ်ယောက်ကို သင်ဖြစ်နေတဲ့ အရာတွေကို ရင်ဖွင့်ခြင်းဖြင့် သူတို့ဆီက အကြံဉာဏ်တွေ ရနိုင်သလို သင့်အတွက်လည်း စိတ်သက်သာ စေပါတယ်။

နောက်တနည်းက သူပျော်ရွင်ဖို့အတွက် သင့်ဖက်က စိတ်ရှည်ရှည်နဲ့ အလျော့ပေးပြီး သင့်ဖက်ကိုပဲ စိတ်ညွှတ်လာအောင် ပြန်လည် ကြိုးစားနိုင်ပါတယ်။

စိတ်ထားကောင်းပြီး  အရည်အချင်း ရှိတဲ့ ယောကျ်ားတွေဟာ သူများ လုယူတိုင်း မခံရဘူး ဆိုတာ သင်အရင်ဆုံး သိပါ။ ဒါ့ကြောင့် သူက သင့်ကို ပစ်ပြီး တစ်ခြားတစ်ယောက်နဲ့ ပျော်ပါးနေပါက သင်တတ်နိုင်သလောက် သူကို ဖြောင်းဖျပြီး ပြန်လည် ကြိုးစားခွင့် ရှိပါတယ်။

လုံး၀ မရတော့ဘူး ဆိုရင်တော့ သူတို့သွားလိုရာ သွားပါစေ။ သင့် ထက်သာတယ်လို့ ထင်သူနောက်ကို လိုက်သွားတဲ့ သူအတွက် သင့်ရဲ့အဖိုးတန် နုပျိုမှု အချိန်တွေကို အကုန်ခံစရာ မလိုပါဘူး။ ဒါကြောင့် ကိုယ်ဝါသနာပါရာ တစ်ခုကို စူးစိုက်လုပ်ပြီး ကိုယ့်ဘဝကိုယ် ပိုမို တိုးတက်အောင် ကြိုးစားသင့်ပါတယ်။
💓💓💓💓💓💓💓💓

ဖိုးသူတော် (www.phothutaw.com)
Credit: life style myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top