ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

Huawei ကေတာ့ သူတို႔ရဲ႕ Flagship စီးရီးဖုန္းတစ္လံုးျဖစ္တဲ့ Huawei Mate 10 ဖုန္းမွာေတာ့ ပိုမိုၾကီးမားလာမယ့္ ဘက္ထရီပမာဏျဖစ္တဲ့ 4,000 mAh ဘက္ထရီ ကို ထည့္သြင္းအသံုးျပဳသြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။

Huawei’s Super Charge နည္းပညာနဲ႔ အတူ ဒီဖုန္းရဲ႕ ဘက္ထရီပိုင္းက ပိုၿပီး အစြမ္းထက္လာဖြယ္ရွိေနတာပါ။ Huawei ကေတာ့ အခုလို ဘက္ထရီပါဝင္လာႏုိင္ဖြယ္ရွိေနတဲ့ ဗီဒီယုိကို သူတို႔ရဲ႕ တြစ္တာ စာမ်က္ႏွာမွာ Teaser အေနနဲ႔ တင္ထားခဲ့ၿပီး
Mate 10 ေရာ Mate 10 Pro ေမာ္ဒယ္လ္ႏွစ္မ်ိးလံုးမွာ အခုလို ထည့္သြင္းအသံုးျပဳသြားဖြယ္ရွိေနတာျဖစ္ပါတယ္။

တစ္ေန႔လံုးအသံုးျပဳမယ္ဆိုရင္ေတာင္ မရပ္မနားအသံုးျပဳႏိုင္ေခ်ရွိတဲ့ ဒီဘက္ထရီကေတာ့ ဖုန္းကို အၾကာၾကီး အသံုးျပဳခ်င္သူေတြအတြက္ အဆင္ေျပေစမွာပါ။

Huawei ကေတာ့ Mate 10 ေရာ Mate 10 Pro ေမာ္ဒယ္လ္ႏွစ္မ်ိးလံုးကို လာမယ့္ ေအာက္တိုဘာ ၁၆ ရက္ေန႔ တနလၤာေန႔မွာ စတင္မိတ္ဆက္သြားေတာ့မွာျဖစ္ၿပီး တရုတ္ႏုိင္ငံတြင္းမွာေတာ့  Huawei Maimang 6 ဆိုတဲ့ နာမည္နဲ႔ ျဖန္႔ခ်ိသြားဖြယ္ရွိေနတယ္လုိ႔လည္း သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
Huawei ကတော့ သူတို့ရဲ့ Flagship စီးရီးဖုန်းတစ်လုံးဖြစ်တဲ့ Huawei Mate 10 ဖုန်းမှာတော့ ပိုမိုကြီးမားလာမယ့် ဘက်ထရီပမာဏဖြစ်တဲ့ 4,000 mAh ဘက်ထရီ ကို ထည့်သွင်းအသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Huawei’s Super Charge နည်းပညာနဲ့ အတူ ဒီဖုန်းရဲ့ ဘက်ထရီပိုင်းက ပိုပြီး အစွမ်းထက်လာဖွယ်ရှိနေတာပါ။ Huawei ကတော့ အခုလို ဘက်ထရီပါဝင်လာနိုင်ဖွယ်ရှိနေတဲ့ ဗီဒီယိုကို သူတို့ရဲ့ တွစ်တာ စာမျက်နှာမှာ Teaser အနေနဲ့ တင်ထားခဲ့ပြီး
Mate 10 ရော Mate 10 Pro မော်ဒယ်လ်နှစ်မျိးလုံးမှာ အခုလို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

တစ်နေ့လုံးအသုံးပြုမယ်ဆိုရင်တောင် မရပ်မနားအသုံးပြုနိုင်ချေရှိတဲ့ ဒီဘက်ထရီကတော့ ဖုန်းကို အကြာကြီး အသုံးပြုချင်သူတွေအတွက် အဆင်ပြေစေမှာပါ။

Huawei ကတော့ Mate 10 ရော Mate 10 Pro မော်ဒယ်လ်နှစ်မျိးလုံးကို လာမယ့် အောက်တိုဘာ ၁၆ ရက်နေ့ တနင်္လာနေ့မှာ စတင်မိတ်ဆက်သွားတော့မှာဖြစ်ပြီး တရုတ်နိုင်ငံတွင်းမှာတော့  Huawei Maimang 6 ဆိုတဲ့ နာမည်နဲ့ ဖြန့်ချိသွားဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top