Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

2018 မွာ မဂၤလာေဆာင္အေရာင္မ်ားအျဖစ္ ဘယ္အေရာင္ကေရပန္းစားဆံုး ဆုိတာကို ေဖာ္ျပေပးသြားပါ့မယ္

2018 မွာမဂၤလာေဆာင္ဖို႕အတြက္ စီစဥ္ေနျပီလား ? သတို႔သမီးအသစ္ေလးေတြ သိဖို႔လိုအပ္တဲ့ မဂၤလာေဆာင္ေရစီးေၾကာင္းအတက္အက်ေတြကို Marry ကကူညီေျပာျပေပးခ်င္ပါတယ္။ မဂၤလာေဆာင္ေန႕အတြက္ ကိုယ္ေရြးခ်ယ္လိုက္တဲ့အေရာင္က မဂၤလာပဲြတစ္ပဲြလံုးအတြက္ အေရးၾကီးဆံုးအပိုင္းျဖစ္ပါတယ္။ ဒါေၾကာင့္ 2018 မွာ မဂၤလာေဆာင္အေရာင္မ်ားအျဖစ္ ဘယ္အေရာင္ကေရပန္းစားဆံုး ဆုိတာကို ေဖာ္ျပေပးသြားပါ့မယ္။ ဒီထဲကမွ ကိုယ္အႏွစ္သက္ဆံုးအေရာင္ 2018 မွာက်င္းပမယ့္ ကိုယ့္မဂၤလာေဆာင္အတြက္ ေရြးခ်ယ္အသံုးျပဳလို႕ရႏိုင္ပါတယ္။

1 . ဖုန္ထူႏွင္းဆီ နဲ႔ အစိမ္းေရာင္

ဒီကာလာေတြကေတာ့ ပန္းေရာင္ကို အဆင္ေျပေျပေပါင္းစပ္ထားတဲ့အတြက္ ဘယ္ဝတ္စံုမ်ိဳးနဲ႔မဆိုအဆင္ေျပေစႏိုင္ပါတယ္။ မိန္းမသားၾကီးလည္းအရမ္းမဆန္ပါဘူး။ ဒီကာလာအေရာင္က ပဲြအတြက္ အျခားဖန္တီးျပင္ဆင္မွု လုပ္တဲ့အခါမွာလည္း သိပ္ကိုအဆင္ေျပလွပေစႏိုင္ပါတယ္။

2018 အတြက္ ဖုန္ထူႏွင္းဆီနဲ႔အစိမ္းေရာင္ ေပါင္းစပ္ထားတဲ့ မဂၤလာေဆာင္အခမ္းအနားအသြင္အျပင္ ျဖစ္ပါတယ္

2 . လာဗင္ဒါ နဲ႔ ခရမ္းေဖ်ာ့

ဒီအေရာင္ကိုစဥ္းစားတဲ့အခါ ခရမ္းေရာင္လို႕ထင္ႏိုင္ပါတယ္။ ဒါေပမယ့္ ဒီအေရာင္က ခရမ္းေရာင္ထပ္ပိုလွပါတယ္။ လာဗင္ဒါအေရာင္က အလင္းနဲ႔ဖုန္ထူတဲ့အေရာင္ကို ပိုျပီးေတာ့ေပးစြမး္သလို ခရမ္းေဖ်ာ့အေရာင္ကေတာ့ ပိုမိုလန္းဆန္းတဲ့အေရာင္ကို အသားေပးထားပါတယ္။ ဒီအေရာင္ႏွစ္မ်ိဳးကို ေပါင္းစပ္လိုက္တဲ့အခါ ပိုမိုစိတ္ဝင္စားဖို႔ေကာင္းတဲ့ အေရာင္အျဖစ္ ေျပာင္းလဲသြားေစပါတယ္။

2018 အတြက္ လာဗင္ဒါနဲ႔ခရမ္းေဖ်ာ့ ေရာင္ေပါင္းစပ္ထားတဲ့ မဂၤလာအေရာင္ျဖစ္ပါတယ္

3 . သိပ္သည္းတဲ့ အျပာေရာင္နဲ႔ အနီရင့္

ဒီႏွစ္ေရာင္ကိုေတာ့ မ်ားေသာအားျဖင့္ ေဆာင္းရာသီမွာ သံုးၾကတယ္လို႕ထင္ရေပမယ့္ ရာသီတိုင္းအတြက္ အသံုးျပဳလို႕ရတဲ့အေရာင္ပါ။ ဒီႏွစ္ေရာင္ကိုေပါင္းစပ္အသံုးျပဳလိုက္တဲ့အခါ အရမ္းကိုလွပျပီးအထက္တန္းက်တဲ့အျပင္အဆင္လည္း ျဖစ္ေစပါတယ္။

2018 အတြက္ သိပ္သည္းတဲ့ အျပာေရာင္နဲ႔ အနီရင့္ ေပါင္းစပ္ထားတဲ့ မဂၤလာအေရာင္ျဖစ္ပါတယ္

4 . အနက္ေရာင္, အျဖဴေရာင္, ေရႊေရာင္

ဒီသံုးေရာင္ေပါင္းစပ္ထားတာကေတာ့ အမွန္တကယ္ကို အထက္တန္္းက်တဲ့ေပါင္းစပ္မွု ျဖစ္ပါတယ္။ ေရႊေရာင္ကိုမွ တကယ့္ကို ေတာက္ပျပီးလင္းလက္ေနတဲ့ အေရာင္ကိုသံုးပါ။ ဒီအေရာင္ေတြအသံုးျပဳထားတဲ့ မဂၤလာပဲြအခမ္းအနားက တကယ့္ကိုၾကီးက်ယ္ခမ္းနားေနေစမွာပါ။

အနက္ေရာင္, အျဖဴေရာင္နဲ႔ ေရႊေရာင္တို႕ေပါင္းစပ္ထားတဲ့ 2018 အတြက္ မဂၤလာအေရာင္မ်ားျဖစ္ပါတယ္

5 . အျပာေရာင္အရိပ္မ်ား

ဒီအေရာင္ေပါင္းစပ္မွုကေတာ့ တကယ့္ကိုအံ့ၾသစရာေကာင္းပါတယ္။ ဒီအေရာင္က ဝတ္္စံုဝတ္ဆင္ဖို႔ပဲျဖစ္ျဖစ္၊ မဂၤလာပဲြအခမ္းအနားအျပင္အဆင္တြက္ပဲျဖစ္ျဖစ္ ရာသီတိုင္းအတြက္ လိုက္ဖက္သင့္ေတာ္တဲ့ အေရာင္လည္းျဖစ္ပါတယ္။

အျပာေရာင္အရိပ္မ်ားနဲ႔ ေပါင္းစပ္ထားတဲ့ 2018 အတြက္ မဂၤလာေဆာင္အေရာင္ျဖစ္ပါတယ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Marry

# Unicode Version ျဖင့္ ဖတ္ရန္ #
2018 မှာ မင်္ဂလာဆောင်အရောင်များအဖြစ် ဘယ်အရောင်ကရေပန်းစားဆုံး ဆိုတာကို ဖော်ပြပေးသွားပါ့မယ်

2018 မှာမင်္ဂလာဆောင်ဖို့အတွက် စီစဉ်နေပြီလား ? သတို့သမီးအသစ်လေးတွေ သိဖို့လိုအပ်တဲ့ မင်္ဂလာဆောင်ရေစီးကြောင်းအတက်အကျတွေကို Marry ကကူညီပြောပြပေးချင်ပါတယ်။ မင်္ဂလာဆောင်နေ့အတွက် ကိုယ်ရွေးချယ်လိုက်တဲ့အရောင်က မင်္ဂလာပွဲတစ်ပွဲလုံးအတွက် အရေးကြီးဆုံးအပိုင်းဖြစ်ပါတယ်။ ဒါကြောင့် 2018 မှာ မင်္ဂလာဆောင်အရောင်များအဖြစ် ဘယ်အရောင်ကရေပန်းစားဆုံး ဆိုတာကို ဖော်ပြပေးသွားပါ့မယ်။ ဒီထဲကမှ ကိုယ်အနှစ်သက်ဆုံးအရောင် 2018 မှာကျင်းပမယ့် ကိုယ့်မင်္ဂလာဆောင်အတွက် ရွေးချယ်အသုံးပြုလို့ရနိုင်ပါတယ်။

1 . ဖုန်ထူနှင်းဆီ နဲ့ အစိမ်းရောင်

ဒီကာလာတွေကတော့ ပန်းရောင်ကို အဆင်ပြေပြေပေါင်းစပ်ထားတဲ့အတွက် ဘယ်ဝတ်စုံမျိုးနဲ့မဆိုအဆင်ပြေစေနိုင်ပါတယ်။ မိန်းမသားကြီးလည်းအရမ်းမဆန်ပါဘူး။ ဒီကာလာအရောင်က ပွဲအတွက် အခြားဖန်တီးပြင်ဆင်မှု လုပ်တဲ့အခါမှာလည်း သိပ်ကိုအဆင်ပြေလှပစေနိုင်ပါတယ်။

2018 အတွက် ဖုန်ထူနှင်းဆီနဲ့အစိမ်းရောင် ပေါင်းစပ်ထားတဲ့ မင်္ဂလာဆောင်အခမ်းအနားအသွင်အပြင် ဖြစ်ပါတယ်

2 . လာဗင်ဒါ နဲ့ ခရမ်းဖျော့

ဒီအရောင်ကိုစဉ်းစားတဲ့အခါ ခရမ်းရောင်လို့ထင်နိုင်ပါတယ်။ ဒါပေမယ့် ဒီအရောင်က ခရမ်းရောင်ထပ်ပိုလှပါတယ်။ လာဗင်ဒါအရောင်က အလင်းနဲ့ဖုန်ထူတဲ့အရောင်ကို ပိုပြီးတော့ပေးစွမ်းသလို ခရမ်းဖျော့အရောင်ကတော့ ပိုမိုလန်းဆန်းတဲ့အရောင်ကို အသားပေးထားပါတယ်။ ဒီအရောင်နှစ်မျိုးကို ပေါင်းစပ်လိုက်တဲ့အခါ ပိုမိုစိတ်ဝင်စားဖို့ကောင်းတဲ့ အရောင်အဖြစ် ပြောင်းလဲသွားစေပါတယ်။

2018 အတွက် လာဗင်ဒါနဲ့ခရမ်းဖျော့ ရောင်ပေါင်းစပ်ထားတဲ့ မင်္ဂလာအရောင်ဖြစ်ပါတယ်

3 . သိပ်သည်းတဲ့ အပြာရောင်နဲ့ အနီရင့်

ဒီနှစ်ရောင်ကိုတော့ များသောအားဖြင့် ဆောင်းရာသီမှာ သုံးကြတယ်လို့ထင်ရပေမယ့် ရာသီတိုင်းအတွက် အသုံးပြုလို့ရတဲ့အရောင်ပါ။ ဒီနှစ်ရောင်ကိုပေါင်းစပ်အသုံးပြုလိုက်တဲ့အခါ အရမ်းကိုလှပပြီးအထက်တန်းကျတဲ့အပြင်အဆင်လည်း ဖြစ်စေပါတယ်။

2018 အတွက် သိပ်သည်းတဲ့ အပြာရောင်နဲ့ အနီရင့် ပေါင်းစပ်ထားတဲ့ မင်္ဂလာအရောင်ဖြစ်ပါတယ်

4 . အနက်ရောင်, အဖြူရောင်, ရွှေရောင်

ဒီသုံးရောင်ပေါင်းစပ်ထားတာကတော့ အမှန်တကယ်ကို အထက်တန်းကျတဲ့ပေါင်းစပ်မှု ဖြစ်ပါတယ်။ ရွှေရောင်ကိုမှ တကယ့်ကို တောက်ပပြီးလင်းလက်နေတဲ့ အရောင်ကိုသုံးပါ။ ဒီအရောင်တွေအသုံးပြုထားတဲ့ မင်္ဂလာပွဲအခမ်းအနားက တကယ့်ကိုကြီးကျယ်ခမ်းနားနေစေမှာပါ။

အနက်ရောင်, အဖြူရောင်နဲ့ ရွှေရောင်တို့ပေါင်းစပ်ထားတဲ့ 2018 အတွက် မင်္ဂလာအရောင်များဖြစ်ပါတယ်

5 . အပြာရောင်အရိပ်များ

ဒီအရောင်ပေါင်းစပ်မှုကတော့ တကယ့်ကိုအံ့သြစရာကောင်းပါတယ်။ ဒီအရောင်က ဝတ်စုံဝတ်ဆင်ဖို့ပဲဖြစ်ဖြစ်၊ မင်္ဂလာပွဲအခမ်းအနားအပြင်အဆင်တွက်ပဲဖြစ်ဖြစ် ရာသီတိုင်းအတွက် လိုက်ဖက်သင့်တော်တဲ့ အရောင်လည်းဖြစ်ပါတယ်။

အပြာရောင်အရိပ်များနဲ့ ပေါင်းစပ်ထားတဲ့ 2018 အတွက် မင်္ဂလာဆောင်အရောင်ဖြစ်ပါတယ်

ဖိုးသူတော် (www.phothutaw.com)
Credit: Marry
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top