Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

2017 ဟာ တရုတ္ ေဗဒင္ ပညာ အရ ၾကက္ႏွစ္ ျဖစ္ပါတယ္။ ယခုႏွစ္ အတြင္း ေမြးဖြား ခဲ့သူ ေတြကို ၾကက္ႏွစ္ဖြားလုိ႔ သတ္မွတ္ ပါတယ္။ ၾကက္ႏွစ္ဖြား ရာသီဟာ အျခားႏွစ္ ေတြနဲ႔ မတူ အခ်ိဳ႕ေတြဟာ အရမ္း ေကာင္းက်ိဳး ရၿပီး၊ တစ္ခ်ိဳ႕ေတြ အတြက္ေတာ့ ကံမေကာင္းတဲ့ သက္ေရာက္ မႈေတြကို ေပးမယ့္ႏွစ္ ျဖစ္ပါတယ္။

ဒါေၾကာင့္ ယခုႏွစ္မွာ အျခား ရာသီဖြားေတြ လုိက္နာဖုိ႔ ေဆာင္ရန္ ေရွာင္ရန္ ေလးေတြကုိ ေဖာ္ျပေပး လုိက္ပါတယ္။

(၁) ၾကြက္ႏွစ္ဖြားမ်ား

(1912, 1924, 1936, 1948, 1960, 1972, 1984, 1996, 2008) ခုႏွစ္မွာ ေမြးဖြား ခဲ့သူေတြဟာ ၾကြက္ႏွစ္ဖြားေတြ ျဖစ္ပါတယ္။

ယခုႏွစ္ ေဆာင္ရန္ေတြ ကေတာ့ မိမိ ကၽြမ္းက်င္မႈ မရွိတဲ့ ရင္းနီးျမႇုပ္ႏွံမႈေတြ ေရွာင္ၾကဥ္ပါ၊ ရက္ရွည္ ခရီသြားျခင္း မျပဳပါနဲ႔၊ အေလာင္း အစား မလုပ္ပါနဲ႔၊ အခ်စ္ေရး သာယာ ေျဖာင့္ျဖဴးမည္၊ အလုပ္ ပင္ပန္း မႈေၾကာင့္ စိတ္ဖိအား မ်ားနဲ႔ ရင္ဆုိင္ရမည္၊ စိတ္ပုိင္း ဆုိင္ရာ ထိခုိက္ေစႏုိ္င္တဲ့ ဖိအားမ်ား ၀င္လာႏုိ္င္တယ္၊ ရာထူး တုိးႏုိင္ ပါတယ္။

(၂) ႏြားထီးႏွစ္ဖြားမ်ား

(1913, 1925, 1937, 1949, 1961, 1973, 1985, 1997, 2009) ခုႏွစ္ေတြမွာ ေမြးဖြား ခဲ့သူေတြဟာ ႏြားထီးႏွစ္ဖြားေတြ ျဖစ္ၾက ပါတယ္။

ဒီႏွစ္မွာေတာ့ ဇာတာ ဆန္းလာဘ္ အလြန္ေကာင္း ပါမယ္၊ အလုပ္ခြင္ေရာ၊ ရင္းနီးျမႇဳပ္ႏွံမႈ လုပ္ငန္းေတြ ပါ အဆင္ေျပ ပါမယ္၊ အခ်စ္ေရး ကံေကာင္းမယ္၊ အတိုက္ အခုိက္ ေတြလည္း မ်ားမယ္၊ က်န္းမာေရးနဲ႔ ပတ္သက္ၿပီး အညံ အခုိက္ ႀကဳံနုိင္ ပါတယ္၊ ေဆးလိပ္၊ အရက္ေၾကာင့္ ေရာဂါ ခံစားရႏုိင္ ပါတယ္။

(၃) က်ားႏွစ္ဖြားမ်ား

(1914, 1926, 1938, 1950, 1962, 1974, 1986, 1998, 2010) ခုႏွစ္ေတြမွာ ေမြးဖြားခဲ့တဲ့ သူေတြ ကေတာ့ က်ားႏွစ္ဖြားေတြ ျဖစ္ပါတယ္။

2017 မွာ အလုပ္ေတြ အအားမရေလာက္ေအာင္ ႐ႈပ္ေနတတ္ပါတယ္၊ ရာထူးနဲ႔ လစာေငြ ထင္မွတ္မထားတဲ့ပုံစံနဲ႔ တုိးပါလိမ့္မယ္၊ စီးပြားေရးလုပ္ဖုိ႔ ကမ္းလွမ္းသူ ရွိလာပါက ပူေပါင္းေဆာင္ရြက္လုိက္ပါ၊ အ႐ႈံးမရွိပါဘူး၊ က်န္းမာေရးနဲ႔ စီးပြားေရး အလြန္ေကာင္းမယ့္ႏွစ္ျဖစ္ၿပီး၊ ေလာဘကို အလုိက္မလုိက္ပဲ ခ်င့္ခ်ိန္ရင္းနီးျမဳပ္ႏွံပါ၊ အိမ္ေထာင္မရွိေသးသူေတြ ခ်စ္သူနဲ႔ ေရႊလက္တြဲႏုိင္မယ့္ ႏွစ္ျဖစ္ပါတယ္။

(၄) ယုန္ႏွစ္ဖြားမ်ား

(1915, 1927, 1939, 1951, 1963, 1975, 1987, 1999, 2011)ခုႏွစ္ေတြမွာ ေမြးဖြား ခဲ့သူေတြဟာ ယုန္ႏွစ္ဖြားေတြ ျဖစ္ပါတယ္။

ဒီႏွစ္ဟာ ယုန္ႏွစ္ဖြားေတြ အတြက္ အလုပ္အကုိင္ အသစ္တစ္ခု ေျပာင္းေရႊ႕ရဖုိ႔ ရွိပါတယ္။ အိမ္ေထာင္ေရး ကိစၥမွာ တစ္ျခား တစ္ေယာက္ေၾကာင့္ စိတ္စႏုိး စေနာင့္ ျဖစ္ရ ပါလိ့မ္မယ္။ က်န္မာေရးလည္း ဂ႐ုစုိက္ပါ၊ ႏွစ္ကုန္ဆုံး ခါနီးမွာေတာ့ ေမွ်ာ္လင့္ မထားတဲ့ ပုိက္ဆံပမာဏ ေလာက္ေလာက္ လားလား ၀င္ႏုိင္ပါတယ္။

(၅) နဂါးႏွစ္ဖြားမ်ား

(1916, 1928, 1940, 1952, 1964, 1976, 1988, 2000, 2012) ခုႏွစ္မွာ ေမြးဖြားခဲ့သူေတြကေတာ့ နဂါးႏွစ္ဖြားေတြ ျဖစ္ပါတယ္။ အလုပ္ခြင္ မတည္ၿငိမ္ မႈေတြ ျဖစ္ တတ္ၿပီး၊ ေပ်ာ္တစ္လွည့္ ပ်င္းတစ္လွည့္ ျဖစ္ပါ လိမ့္မယ္၊ ဒါေပမယ့္ လူခ်စ္ လူခင္ ေပါမ်ားၿပီး၊ စီပြားေရး လုပ္ငန္း တစ္ခုကို ဦးေဆာင္ခြင့္ ရႏုိင္ပါတယ္၊ နဂါးႏွစ္ဖြား အမ်ိဳးသမီးေတြဟာ ဒီႏွစ္မွာ အမ်ိဳးသားထက္ ပုိၿပီး ေကာင္းက်ိဳးေတြ ခံစားရႏုိင္ပါတယ္၊ မိသားစုနဲ႔ ကြဲကြာသူေတြ ျပန္ဆုံ ရနုိင္ၿပီး၊ မိသားစုနဲ႔ နားလည္မႈ လြဲေနသူေတြ အဆင္ျပန္ ေျပႏုိင္ပါတယ္၊ က်န္းမာေရး ကေတာ့ နည္းနည္း ခ်ဴခ်ာႏုိင္ပါတယ္။

(၆) ေျမြႏွစ္ဖြားမ်ား

(1917, 1929, 1941, 1953, 1965, 1977, 1989, 2001, 2013) ႏွစ္ေတြမွာ ေမြးဖြားခဲ့သူေတြဟာ ေျမြႏွစ္ဖြားေတြ ျဖစ္ပါတယ္။

ယခုႏွစ္မွာ ေျမြႏွစ္ဖြားေတြ ေဆာင္ရန္ ေရွာင္ရန္ကေတာ့ ယခုႏွစ္မွာ ၀င္ေငြေတြ သိသိသာသာ တုိးပါမယ္။ စားရင္း ဇယားပုိင္း လုပ္ရတဲ့ လုပ္ငန္း သမားေတြ အထူး ဂ႐ုစိုက္ဖုိ႔ လုိအပ္ၿပီး၊ ယခုႏွစ္မွာ ခ်စ္သူနဲ႔ အိမ္ေထာင္ က်ရင္ ခ်မ္းသာကိန္း ရွိပါတယ္၊ ဒါေပမယ္ ေငြကုန္ေၾကးက် မ်ားႏုိင္မယ့္ က်န္းမာေရး ျပႆနာ ကိုလည္း ဂ႐ုတစုိက္နဲ႔ ေရွာင္ရွားဖုိ႔ လုိပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
#Unicode Version#
2017 ဟာ တရုတ် ဗေဒင် ပညာ အရ ကြက်နှစ် ဖြစ်ပါတယ်။ ယခုနှစ် အတွင်း မွေးဖွား ခဲ့သူ တွေကို ကြက်နှစ်ဖွားလို့ သတ်မှတ် ပါတယ်။ ကြက်နှစ်ဖွား ရာသီဟာ အခြားနှစ် တွေနဲ့ မတူ အချို့တွေဟာ အရမ်း ကောင်းကျိုး ရပြီး၊ တစ်ချို့တွေ အတွက်တော့ ကံမကောင်းတဲ့ သက်ရောက် မှုတွေကို ပေးမယ့်နှစ် ဖြစ်ပါတယ်။

ဒါကြောင့် ယခုနှစ်မှာ အခြား ရာသီဖွားတွေ လိုက်နာဖို့ ဆောင်ရန် ရှောင်ရန် လေးတွေကို ဖော်ပြပေး လိုက်ပါတယ်။

(၁) ကြွက်နှစ်ဖွားများ

(1912, 1924, 1936, 1948, 1960, 1972, 1984, 1996, 2008) ခုနှစ်မှာ မွေးဖွား ခဲ့သူတွေဟာ ကြွက်နှစ်ဖွားတွေ ဖြစ်ပါတယ်။

ယခုနှစ် ဆောင်ရန်တွေ ကတော့ မိမိ ကျွမ်းကျင်မှု မရှိတဲ့ ရင်းနီးမြှုပ်နှံမှုတွေ ရှောင်ကြဉ်ပါ၊ ရက်ရှည် ခရီသွားခြင်း မပြုပါနဲ့၊ အလောင်း အစား မလုပ်ပါနဲ့၊ အချစ်ရေး သာယာ ဖြောင့်ဖြူးမည်၊ အလုပ် ပင်ပန်း မှုကြောင့် စိတ်ဖိအား များနဲ့ ရင်ဆိုင်ရမည်၊ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်စေနိုင်တဲ့ ဖိအားများ ဝင်လာနိုင်တယ်၊ ရာထူး တိုးနိုင် ပါတယ်။

(၂) နွားထီးနှစ်ဖွားများ

(1913, 1925, 1937, 1949, 1961, 1973, 1985, 1997, 2009) ခုနှစ်တွေမှာ မွေးဖွား ခဲ့သူတွေဟာ နွားထီးနှစ်ဖွားတွေ ဖြစ်ကြ ပါတယ်။

ဒီနှစ်မှာတော့ ဇာတာ ဆန်းလာဘ် အလွန်ကောင်း ပါမယ်၊ အလုပ်ခွင်ရော၊ ရင်းနီးမြှုပ်နှံမှု လုပ်ငန်းတွေ ပါ အဆင်ပြေ ပါမယ်၊ အချစ်ရေး ကံကောင်းမယ်၊ အတိုက် အခိုက် တွေလည်း များမယ်၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အညံ အခိုက် ကြုံနိုင် ပါတယ်၊ ဆေးလိပ်၊ အရက်ကြောင့် ရောဂါ ခံစားရနိုင် ပါတယ်။

(၃) ကျားနှစ်ဖွားများ

(1914, 1926, 1938, 1950, 1962, 1974, 1986, 1998, 2010) ခုနှစ်တွေမှာ မွေးဖွားခဲ့တဲ့ သူတွေ ကတော့ ကျားနှစ်ဖွားတွေ ဖြစ်ပါတယ်။

2017 မှာ အလုပ်တွေ အအားမရလောက်အောင် ရှုပ်နေတတ်ပါတယ်၊ ရာထူးနဲ့ လစာငွေ ထင်မှတ်မထားတဲ့ပုံစံနဲ့ တိုးပါလိမ့်မယ်၊ စီးပွားရေးလုပ်ဖို့ ကမ်းလှမ်းသူ ရှိလာပါက ပူပေါင်းဆောင်ရွက်လိုက်ပါ၊ အရှုံးမရှိပါဘူး၊ ကျန်းမာရေးနဲ့ စီးပွားရေး အလွန်ကောင်းမယ့်နှစ်ဖြစ်ပြီး၊ လောဘကို အလိုက်မလိုက်ပဲ ချင့်ချိန်ရင်းနီးမြုပ်နှံပါ၊ အိမ်ထောင်မရှိသေးသူတွေ ချစ်သူနဲ့ ရွှေလက်တွဲနိုင်မယ့် နှစ်ဖြစ်ပါတယ်။

(၄) ယုန်နှစ်ဖွားများ

(1915, 1927, 1939, 1951, 1963, 1975, 1987, 1999, 2011)ခုနှစ်တွေမှာ မွေးဖွား ခဲ့သူတွေဟာ ယုန်နှစ်ဖွားတွေ ဖြစ်ပါတယ်။

ဒီနှစ်ဟာ ယုန်နှစ်ဖွားတွေ အတွက် အလုပ်အကိုင် အသစ်တစ်ခု ပြောင်းရွှေ့ရဖို့ ရှိပါတယ်။ အိမ်ထောင်ရေး ကိစ္စမှာ တစ်ခြား တစ်ယောက်ကြောင့် စိတ်စနိုး စနောင့် ဖြစ်ရ ပါလိ့မ်မယ်။ ကျန်မာရေးလည်း ဂရုစိုက်ပါ၊ နှစ်ကုန်ဆုံး ခါနီးမှာတော့ မျှော်လင့် မထားတဲ့ ပိုက်ဆံပမာဏ လောက်လောက် လားလား ဝင်နိုင်ပါတယ်။

(၅) နဂါးနှစ်ဖွားများ

(1916, 1928, 1940, 1952, 1964, 1976, 1988, 2000, 2012) ခုနှစ်မှာ မွေးဖွားခဲ့သူတွေကတော့ နဂါးနှစ်ဖွားတွေ ဖြစ်ပါတယ်။ အလုပ်ခွင် မတည်ငြိမ် မှုတွေ ဖြစ် တတ်ပြီး၊ ပျော်တစ်လှည့် ပျင်းတစ်လှည့် ဖြစ်ပါ လိမ့်မယ်၊ ဒါပေမယ့် လူချစ် လူခင် ပေါများပြီး၊ စီပွားရေး လုပ်ငန်း တစ်ခုကို ဦးဆောင်ခွင့် ရနိုင်ပါတယ်၊ နဂါးနှစ်ဖွား အမျိုးသမီးတွေဟာ ဒီနှစ်မှာ အမျိုးသားထက် ပိုပြီး ကောင်းကျိုးတွေ ခံစားရနိုင်ပါတယ်၊ မိသားစုနဲ့ ကွဲကွာသူတွေ ပြန်ဆုံ ရနိုင်ပြီး၊ မိသားစုနဲ့ နားလည်မှု လွဲနေသူတွေ အဆင်ပြန် ပြေနိုင်ပါတယ်၊ ကျန်းမာရေး ကတော့ နည်းနည်း ချူချာနိုင်ပါတယ်။

(၆) မြွေနှစ်ဖွားများ

(1917, 1929, 1941, 1953, 1965, 1977, 1989, 2001, 2013) နှစ်တွေမှာ မွေးဖွားခဲ့သူတွေဟာ မြွေနှစ်ဖွားတွေ ဖြစ်ပါတယ်။

ယခုနှစ်မှာ မြွေနှစ်ဖွားတွေ ဆောင်ရန် ရှောင်ရန်ကတော့ ယခုနှစ်မှာ ဝင်ငွေတွေ သိသိသာသာ တိုးပါမယ်။ စားရင်း ဇယားပိုင်း လုပ်ရတဲ့ လုပ်ငန်း သမားတွေ အထူး ဂရုစိုက်ဖို့ လိုအပ်ပြီး၊ ယခုနှစ်မှာ ချစ်သူနဲ့ အိမ်ထောင် ကျရင် ချမ်းသာကိန်း ရှိပါတယ်၊ ဒါပေမယ် ငွေကုန်ကြေးကျ များနိုင်မယ့် ကျန်းမာရေး ပြဿနာ ကိုလည်း ဂရုတစိုက်နဲ့ ရှောင်ရှားဖို့ လိုပါတယ်။
ဖိုးသူတော် (www.phothutaw.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top