Golden City Promotion
×

ျပီးခဲ့တဲ့ 19 ႏွစ္ေက်ာ္ကတည္းက ျပန္ေပးဆြဲခံခဲ့ရတဲ့ ႐ုိစလန္မက္ဂင္နစ္လုိ႔ အမည္ရတဲ့ အမ်ိဳးသမီးဟာ ျပန္ေပးဆြဲသူမွာ တစ္ျခားသူမဟုတ္ပဲ သူမရဲ႕ ပေထြးျဖစ္ေနပါတယ္။ ပေထြးရဲ႕ နာမည္ကေတာ့ ဟန္ရီမီခ်ီလီ ျဖစ္ၿပီး၊ ထုိစဥ္က ႐ုိစလန္ဟာ အသက္ 12 ႏွစ္သာ ရွိပါေသးတယ္။ ဟန္ရီက သူမကို အေမရိကန္မွ ျပန္ေပးဆြဲကာ မကၠဆီကိုရွိ လူသူအေရာက္ေပါက္နည္းတဲ့ ေနရာမွာ ရြက္ဖ်င္တဲေလးနဲ႔ ထားခဲ့ပါတယ္။

ယင္းေနာက္ ႐ုိစလန္ဟာ 19 ႏွစ္ ၾကာကာလတြင္း ဟန္ရီရဲ႕ လိင္ကၽြန္အျဖစ္နဲ႔ ဘ၀ငရဲကို ခံခဲ့ရပါတယ္။ ဒါေပမယ့္ 2016 ခုႏွစ္ ႏွစ္ကုန္ပုိင္းမွာ  ႐ုိစလန္ဟာ ဟန္ရီရဲ႕လက္ေအာက္မွ ထြက္ေျပးလြတ္ေျမာက္ခဲ့ပါတယ္။ ၎ေနာက္ သူမရဲ႕ အေၾကာင္းေတြကို တာ၀န္ရွိသူေတြထံ ထုတ္ေဖာ္ဖြင့္ဟခဲ့ပါတယ္။ သူမဟာ ေဘ့စ္ေဘာဘက္တံေတြနဲ႔လည္း ႐ုိက္ႏွက္ခံခဲ့ရသလုိ၊ ဓားနဲ႔ထုိးျခင္း၊ လည္ပင္းညႇစ္ျခင္းေတြလည္း ခံခဲ့ရေၾကာင္း ဆုိပါတယ္။

လူမဆန္တဲ့ ဟန္ရီကို ျပန္ေပးဆြဲမႈ၊ မုဒိမ္းမႈေတြအတြက္ အေမရိကန္ အုိကလာဟိုးမားျပည္နယ္ တရား႐ုံးမွာ အမႈဖြင့္စစ္ေဆးေနပါတယ္။ 1997 ခုႏွစ္ကတည္းက ယခုႏွစ္လယ္ပုိင္းေလာက္အထိ ဟန္ရီရဲ႕ မယားအျဖစ္နဲ႔ ေနထုိင္ခဲ့ရၿပီး ကေလး 9 ေယာက္အထိ ေမြးေပးခဲ့ရပါတယ္။ အခုဆုိရင္ ႐ုိစလန္ဟာ 32 ႏွစ္ ျဖစ္ၿပီး၊ ဟန္ရီကေတာ့ အသက္ 62 ႏွစ္ ရွိပါၿပီ။ အခုေတာ့ သူဟာ စီရင္ခ်က္ ခ်မယ့္အခ်ိန္ကုိ ေစာင့္ဆုိင္းေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဟန္၀င္းေအာင္ ref : metro.co.uk

# Unicode Version #
ပြီးခဲ့တဲ့ 19 နှစ်ကျော်ကတည်းက ပြန်ပေးဆွဲခံခဲ့ရတဲ့ ရိုစလန်မက်ဂင်နစ်လို့ အမည်ရတဲ့ အမျိုးသမီးဟာ ပြန်ပေးဆွဲသူမှာ တစ်ခြားသူမဟုတ်ပဲ သူမရဲ့ ပထွေးဖြစ်နေပါတယ်။ ပထွေးရဲ့ နာမည်ကတော့ ဟန်ရီမီချီလီ ဖြစ်ပြီး၊ ထိုစဉ်က ရိုစလန်ဟာ အသက် 12 နှစ်သာ ရှိပါသေးတယ်။ ဟန်ရီက သူမကို အမေရိကန်မှ ပြန်ပေးဆွဲကာ မက္ကဆီကိုရှိ လူသူအရောက်ပေါက်နည်းတဲ့ နေရာမှာ ရွက်ဖျင်တဲလေးနဲ့ ထားခဲ့ပါတယ်။

ယင်းနောက် ရိုစလန်ဟာ 19 နှစ် ကြာကာလတွင်း ဟန်ရီရဲ့ လိင်ကျွန်အဖြစ်နဲ့ ဘဝငရဲကို ခံခဲ့ရပါတယ်။ ဒါပေမယ့် 2016 ခုနှစ် နှစ်ကုန်ပိုင်းမှာ  ရိုစလန်ဟာ ဟန်ရီရဲ့လက်အောက်မှ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ၎င်းနောက် သူမရဲ့ အကြောင်းတွေကို တာဝန်ရှိသူတွေထံ ထုတ်ဖော်ဖွင့်ဟခဲ့ပါတယ်။ သူမဟာ ဘေ့စ်ဘောဘက်တံတွေနဲ့လည်း ရိုက်နှက်ခံခဲ့ရသလို၊ ဓားနဲ့ထိုးခြင်း၊ လည်ပင်းညှစ်ခြင်းတွေလည်း ခံခဲ့ရကြောင်း ဆိုပါတယ်။

လူမဆန်တဲ့ ဟန်ရီကို ပြန်ပေးဆွဲမှု၊ မုဒိမ်းမှုတွေအတွက် အမေရိကန် အိုကလာဟိုးမားပြည်နယ် တရားရုံးမှာ အမှုဖွင့်စစ်ဆေးနေပါတယ်။ 1997 ခုနှစ်ကတည်းက ယခုနှစ်လယ်ပိုင်းလောက်အထိ ဟန်ရီရဲ့ မယားအဖြစ်နဲ့ နေထိုင်ခဲ့ရပြီး ကလေး 9 ယောက်အထိ မွေးပေးခဲ့ရပါတယ်။ အခုဆိုရင် ရိုစလန်ဟာ 32 နှစ် ဖြစ်ပြီး၊ ဟန်ရီကတော့ အသက် 62 နှစ် ရှိပါပြီ။ အခုတော့ သူဟာ စီရင်ချက် ချမယ့်အချိန်ကို စောင့်ဆိုင်းနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဟန်ဝင်းအောင် ref : metro.co.uk

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top