Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
Ref : Film News
Credit: Zeekwat
# Unicode Version #
အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ Spider-Man: Homecoming မင်းသမီး Zendaya ဟာ သူမရဲ့ချစ်သူဟောင်းနဲ့ပြတ်ပြီးထဲက အသက်ငယ်ရွယ်တဲ့သူတွေဟာ အချစ်ကိုရှာဖွေဖို့အဆင်သင့်မဖြစ်သေးဘူးဆိုတာ နားလည်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ “ အသက်ငယ်တုန်းအချိန်ဟာ လူတိုင်းရဲ့အစပျိုးစအချိန် သင်ယူစအချိန်ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ အချစ်ရေးကိစ္စကိုစဉ်းစားဖို့ဆိုတာကို ကျွန်မကတော့ကန့်ကွက်ပါတယ်။ ဒီလိုငယ်ရွယ်စဉ်အချိန်မှာ အချစ်ရေးကိစ္စနဲ့ပက်သက်ပြီး အမှားအမှန်ဆုံးဖြတ်ရွေးချယ်နိုင်ဦးမှာလဲမဟုတ်ပါဘူး။ ” လို့ သူမကပြောကြားခဲ့ပါတယ်။
ချစ်သူရည်းစားတွေအနေနဲ့ နှစ်ဦးကြားဆက်ဆံရေးကိုသေချာအလေးထားဦးစားပေးကြဖို့နဲ့ မိန်းကလေးတွေအနေနဲ့ ယောကျ်ားလေးတွေရဲ့ပိုးပန်းတဲ့စကားကို ချင့်ချိန်ယုံကြဖို့ကိုလဲ Zendaya က သူမရဲ့ပရိသတ်တွေကို အားေပေးခဲ့ပါတယ်။ “ မိန်းကလေးတွေအနေနဲ့ ကိုယ့်သဘောထားကိုအလေးထားကြပါ။ တစ်ယောက်ယောက်ရဲ့သွေးထိုးလှုံ့ဆော်ပေးတာကိုယုံမိရင် ဒုက္ခတွေတွေ့ရပါလိမ့်မယ်။ သမီးရည်းစားဘဝမှာ ဘယ်လိုအကြောင်းတွေဘဲဖြစ်ဖြစ် သူများပြောတာတွေကို မယုံသင့်ပါဘူး။ ကိုယ့်ဘဝကိုယ်လျှောက်လှမ်းနေရစဲအချိန်မှာ ချစ်သူဘဝကိုခိုင်မာအောင်လုပ်ဖို့ဆိုတာ ခက်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ဟာ တခြားလူရဲ့ပုံစံအတိုင်းပြောင်းလဲမနေထိုင်နိုင်သလို တခြားလူတစ်ယောက်ကိုလဲ ကျွန်မတို့ပုံစံအတိုင်း အတင်းပြောင်းလဲပြစ်လို့မရပါဘူး။ ” လိုပ သူမကထပ်မံပြောကြားခဲ့ပါတယ်။
Zendaya က သူမရဲ့ပရိသတ်တွေထဲက စိတ်ဓာတ်မခိုင်တဲ့သူတွေကို စိတ်ပြတ်စရာကောင်းတဲ့ရည်းစားဘဝကနေ ထွက်ခဲ့ဖို့တိုက်တွန်းခဲ့ပါတယ်။ အရင်က သူမလဲစိတ်ဓာတ်မပြတ်မသားနဲ့ အချစ်ကိုရူးသွပ်ခဲ့ဖူးခဲ့ပါတယ်။ အခုအချိန်မှာတော့ Zendaya ဟာ သူမဘဝအတွက်အကောင်းဆုံးပြင်ဆင်ကြိုးစားနေပြီး အသက် ၂၀အရွယ်မှာ အဆင့်သင့်မဖြစ်သေးတဲ့အချစ်ကို ရှောင်ပြေးနေတုန်းဖြစ်ပါတယ်။
Ref : Film News
ဖိုးသူတော် (www.phothutaw.com)
Credit: Zeekwat
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top