Golden City Promotion
×

 YBS ဘတ္စ္ကားတခ်ဳိ႕ ကားအတြင္း ခရီးသည္ အျပည့္မရွိေသာ္လည္း မွတ္တုိင္မ်ားတြင္ ရပ္တန္႔ကာ လုိက္ပါလုိသည့္ ခရီးသြား ျပည္သူမ်ားအား ရပ္တန္႔ေပးျခင္းမရွိဘဲ ၄င္းတုိ႔ တစ္ေန႔တာ အေခါက္ေရ ျပည့္ေရးသာ အေလးထားၿပီး ေမာင္းႏွင္ထြက္ခြာမႈမ်ား ရွိေနေၾကာင္း သိရသည္။ အခ်ဳိ႕ေသာ YBS ဘတ္စ္ကားမ်ားတြင္ မတ္တတ္ခရီးသည္ ေလးငါး ေယာက္သာ ပါရွိေသာ္လည္း မွတ္တုိင္မ်ားတြင္ ရပ္တန္႔ေပးျခင္း မရွိေၾကာင္း ခရီးသြားျပည္သူမ်ားက ေျပာသည္။

`YBS တခ်ဳိ႕က လူအျပည့္မပါတာေတာင္ မရပ္ေပးဘူးဗ်။ တခ်ဳိ႕ ယာဥ္ လုိင္းေတြဆုိ ယာဥ္အစီးေရ ၁၈ စီး၊ ၁၉ စီးေလာက္ပဲ ရွိေတာ့ သူတုိ႔က ေခါက္ေရျပည့္ရင္ မထြက္ေတာ့ဘူး။ အဲဒါမ်ဳိးေတြမွာ ညေနပုိင္း ႐ုံးဆင္း ခ်ိန္ဆုိ အဆင္မေျပဘူး။ေနာက္ၿပီး ယာဥ္ေမာင္းတခ်ဳိ႕က လူအျပည့္ မပါတာေတာင္ လုိက္မယ့္ခရီးသည္က မွတ္တုိင္ကေန လက္ျပၿပီး တားေပမယ့္ ရပ္မေပးဘူး။ ေမာင္းထြက္သြားတယ္။ တခ်ဳိ႕မွတ္တုိင္ေတြဆုိ ဘတ္စ္ကားေတြက ေတာ္႐ံုမရပ္ေတာ့ဘူး။ လမ္းေၾကာ ပိတ္မွာစုိးရိမ္ၿပီး လမ္းအေပၚေၾကာကပဲ ေမာင္းေျပးၾကတာဗ်။ တခ်ဳိ႕က်ေတာ့လည္း အေခါက္ေရျပည့္ရင္ ၿပီးေရာဆုိၿပီး လူတင္ဖုိ႔မစဥ္းစားပဲ သူတုိ႔အတြက္ အေခါက္ေရျပည့္ဖုိ႔သာ အေလးထား ေမာင္းေနၾကေတာ့ ခရီးသည္ေတြ အတြက္ အဆင္မေျပဘူးျဖစ္ေနတယ္´ ဟု ဘတ္စ္ကားစီး ခရီးသြား ျပည္သူတစ္ဦးက ေျပာသည္။

ခရီးသြားျပည္သူမ်ား အဆင္ေျပေစေရးအတြက္ ရန္ုကုန္တုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးၿဖဳိးမင္းသိန္းက ယခင္ မထသမွ YBS စနစ္သုိ႔ ေျပာင္း လဲေပးခဲ့ၿပီး တ႐ုတ္ႏုိင္ငံထုတ္ ကားအသစ္မ်ား ျဖည့္တင္းေျပးဆြဲေပးလ်က္ ရွိေသာ္လည္း ယာဥ္ေမာင္းတခ်ဳိ႕ႏွင့္ ယာဥ္ေနာက္လုိက္တခ်ဳိ႕၏ စည္း ကမ္းလုိက္နာျခင္း မရွိသည္မ်ားေၾကာင့္ ခရီးသြားျပည္သူမ်ား အတြက္ အဆင္မေျပမႈတခ်ဳိ႕ ႀကဳံေတြ႕ေနရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  The Ladies News

#Unicode Version#
 YBS ဘတ်စ်ကားတချို့ ကားအတွင်း ခရီးသည် အပြည့်မရှိသော်လည်း မှတ်တိုင်များတွင် ရပ်တန့်ကာ လိုက်ပါလိုသည့် ခရီးသွား ပြည်သူများအား ရပ်တန့်ပေးခြင်းမရှိဘဲ ၎င်းတို့ တစ်နေ့တာ အခေါက်ရေ ပြည့်ရေးသာ အလေးထားပြီး မောင်းနှင်ထွက်ခွာမှုများ ရှိနေကြောင်း သိရသည်။ အချို့သော YBS ဘတ်စ်ကားများတွင် မတ်တတ်ခရီးသည် လေးငါး ယောက်သာ ပါရှိသော်လည်း မှတ်တိုင်များတွင် ရပ်တန့်ပေးခြင်း မရှိကြောင်း ခရီးသွားပြည်သူများက ပြောသည်။

`YBS တချို့က လူအပြည့်မပါတာတောင် မရပ်ပေးဘူးဗျ။ တချို့ ယာဉ် လိုင်းတွေဆို ယာဉ်အစီးရေ ၁၈ စီး၊ ၁၉ စီးလောက်ပဲ ရှိတော့ သူတို့က ခေါက်ရေပြည့်ရင် မထွက်တော့ဘူး။ အဲဒါမျိုးတွေမှာ ညနေပိုင်း ရုံးဆင်း ချိန်ဆို အဆင်မပြေဘူး။နောက်ပြီး ယာဉ်မောင်းတချို့က လူအပြည့် မပါတာတောင် လိုက်မယ့်ခရီးသည်က မှတ်တိုင်ကနေ လက်ပြပြီး တားပေမယ့် ရပ်မပေးဘူး။ မောင်းထွက်သွားတယ်။ တချို့မှတ်တိုင်တွေဆို ဘတ်စ်ကားတွေက တော်ရုံမရပ်တော့ဘူး။ လမ်းကြော ပိတ်မှာစိုးရိမ်ပြီး လမ်းအပေါ်ကြောကပဲ မောင်းပြေးကြတာဗျ။ တချို့ကျတော့လည်း အခေါက်ရေပြည့်ရင် ပြီးရောဆိုပြီး လူတင်ဖို့မစဉ်းစားပဲ သူတို့အတွက် အခေါက်ရေပြည့်ဖို့သာ အလေးထား မောင်းနေကြတော့ ခရီးသည်တွေ အတွက် အဆင်မပြေဘူးဖြစ်နေတယ်´ ဟု ဘတ်စ်ကားစီး ခရီးသွား ပြည်သူတစ်ဦးက ပြောသည်။

ခရီးသွားပြည်သူများ အဆင်ပြေစေရေးအတွက် ရန်ုကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယခင် မထသမှ YBS စနစ်သို့ ပြောင်း လဲပေးခဲ့ပြီး တရုတ်နိုင်ငံထုတ် ကားအသစ်များ ဖြည့်တင်းပြေးဆွဲပေးလျက် ရှိသော်လည်း ယာဉ်မောင်းတချို့နှင့် ယာဉ်နောက်လိုက်တချို့၏ စည်း ကမ်းလိုက်နာခြင်း မရှိသည်များကြောင့် ခရီးသွားပြည်သူများ အတွက် အဆင်မပြေမှုတချို့ ကြုံတွေ့နေရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:  The Ladies News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top