ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ေငြက်ပ္ ၁ ေထာင္တန္ ၿဖဲၿပီး YBS စီးသူကို စီစီတီဗီြမွတ္တမ္းေတြကေန ေဖာ္ထုတ္ၿပီး ႏိုင္ငံေတာ္ေငြေၾကး ဖ်က္ဆီးမႈနဲ႔ တရားစြဲဆိုသြားမယ္လို႔ YUPT ကုမၸဏီရဲ႕ ဒုဥကၠ႒ ဦးကိုကိုႏိုင္က ေျပာပါတယ္။ ရန္ကုန္ၿမိဳ႕က YBS ယာဥ္ေတြမွာ ေငြပံုးစနစ္နဲ႔ ယာဥ္စီးခ ေကာက္ခံလိုက္တာေၾကာင့္ တခ်ဳိ႕ခရီးသည္ေတြဟာ ယာဥ္စီးခ ပံုမွန္မထည့္တာေတြနဲ႔ ေငြစကၠဴေတြ ထက္ပိုင္းၿဖဲၿပီး ေပးတာေတြ ရွိလာပါတယ္။

 အဲဒီလို လုပ္ေဆာင္ေနတဲ့အေပၚ ယာဥ္ပိုင္ရွင္ေတြရဲ႕ ဝင္ေငြ သိသိသာသာ ေလ်ာ႔က်လာၿပီး အခက္အခဲေတြ ျဖစ္ေပၚေနတာေၾကာင့္ YUPT ကုမၸဏီအေနနဲ႔ ေငြက်ပ္ ၁ ေထာင္တန္ ၿဖဲၿပီး ေန႔စဥ္လိုလို ယာဥ္စီးခေပးတဲ့သူကို ေဖာ္ထုတ္အေရးယူသြားမယ္လို႔ ဆိုပါတယ္။ ယာဥ္စီးခ မထည့္ခ်င္တဲ့ ခရီးသြားျပည္သူေတြေၾကာင့္ ကုမၸဏီေတြ အ႐ႈံးေပၚေပါက္လာရင္ ကားသစ္ေတြကို လက္ရွိ ဝယ္ယူထားသေလာက္ပဲ စီးရမွာျဖစ္ၿပီး၊ ေနာက္ပို္င္းမွာ ယာဥ္အိုယာဥ္ေဟာင္းေတြနဲ႔သာ ေျပးဆြဲတာေတြ ျဖစ္လာႏိုင္တယ္လို႔ ရန္ကုန္ၿမိဳ႕ျပ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး အမ်ားႏွင့္သက္ဆိုင္ေသာကုမၸဏီ (YUPT) ဒုဥကၠ႒ ဦးကိုကိုႏိုင္က ေျပာပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  burmese.dvb.no

#Unicode Version#
ငွေကျပ် ၁ ထောင်တန် ဖြဲပြီး YBS စီးသူကို စီစီတီဗွီမှတ်တမ်းတွေကနေ ဖော်ထုတ်ပြီး နိုင်ငံတော်ငွေကြေး ဖျက်ဆီးမှုနဲ့ တရားစွဲဆိုသွားမယ်လို့ YUPT ကုမ္ပဏီရဲ့ ဒုဥက္ကဋ္ဌ ဦးကိုကိုနိုင်က ပြောပါတယ်။ ရန်ကုန်မြို့က YBS ယာဉ်တွေမှာ ငွေပုံးစနစ်နဲ့ ယာဉ်စီးခ ကောက်ခံလိုက်တာကြောင့် တချို့ခရီးသည်တွေဟာ ယာဉ်စီးခ ပုံမှန်မထည့်တာတွေနဲ့ ငွေစက္ကူတွေ ထက်ပိုင်းဖြဲပြီး ပေးတာတွေ ရှိလာပါတယ်။

 အဲဒီလို လုပ်ဆောင်နေတဲ့အပေါ် ယာဉ်ပိုင်ရှင်တွေရဲ့ ဝင်ငွေ သိသိသာသာ လျော့ကျလာပြီး အခက်အခဲတွေ ဖြစ်ပေါ်နေတာကြောင့် YUPT ကုမ္ပဏီအနေနဲ့ ငွေကျပ် ၁ ထောင်တန် ဖြဲပြီး နေ့စဉ်လိုလို ယာဉ်စီးခပေးတဲ့သူကို ဖော်ထုတ်အရေးယူသွားမယ်လို့ ဆိုပါတယ်။ ယာဉ်စီးခ မထည့်ချင်တဲ့ ခရီးသွားပြည်သူတွေကြောင့် ကုမ္ပဏီတွေ အရှုံးပေါ်ပေါက်လာရင် ကားသစ်တွေကို လက်ရှိ ဝယ်ယူထားသလောက်ပဲ စီးရမှာဖြစ်ပြီး၊ နောက်ပိုင်းမှာ ယာဉ်အိုယာဉ်ဟောင်းတွေနဲ့သာ ပြေးဆွဲတာတွေ ဖြစ်လာနိုင်တယ်လို့ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီ (YUPT) ဒုဥက္ကဋ္ဌ ဦးကိုကိုနိုင်က ပြောပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:  burmese.dvb.no
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top