ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကာတြန္းဆိုတာနဲ႔ ေၾကာင္နဲ႔ ၾကြက္ (Tom & Jerry ) ကို အရင္ဆံုးေျပးျမင္တဲ႔သူ ရိုးရာေလး ပရိတ္သတ္ေတြထဲ ဘယ္ႏွစ္ေယာက္ေလာက္ရွိမလဲ။ ဟုတ္ပါတယ္။ Tom & Jerry လို႔ေခၚတဲ႔ ေၾကာင္နဲ႔ ၾကြက္ ကာတြန္းကားေလး ေတြက အလြန္ေအာင္ျမင္ခဲ႔ျပီး ကေလးဘဝရဲ႕ အမွတ္တရေတြထဲ တစ္ခု ျဖစ္ခဲ႔တယ္လို႔ ဆိုရမွာပါပဲ။ Tom & Jerry ကာတြန္းကားေလးေတြနဲ႔ ပတ္သက္ျပီး စိတ္ဝင္စားစရာ အေၾကာင္းအရာ ေလးေတြကို ေဖာ္ျပေပးပါရေစ။

Tom & Jerry ကာတြန္းေလးေတြကို ဖန္တီးခဲ႔တဲ႔ ဖန္တီးရွင္ေတြကေတာ႔ Hanna-Barbera ထုတ္လုပ္ေရးရဲ႕ ပိုင္ရွင္ ဝီလီယမ္ ဟန္နာ (William Hanna) နဲ႔ ဂ်ိဳးဇက္ ဘာဘဲရာ (Joseph Barbera) တို႔ႏွစ္ဦးပဲ ျဖစ္ပါတယ္။ ဒီ႔ ေၾကာင္နဲ႔ ၾကြက္ ကာတြန္းကို စတင္ျဖစ္ဖို႔ ရခဲ႔တဲ႔ စိတ္ကူးေလးကေတာ႔ အဆန္းပါပဲ။ တစ္ေန႔မွာ ဝီလီယမ္ ဟန္နာဟာ မီးဖိုေခ်ာင္ထဲမွာ ၾကြက္ကို လိုက္ေနတဲ႔ ေၾကာင္ကို ျမင္လိုက္ပါတယ္။ ဒါက ဘာမွ မဟုတ္ဘူးလို႔ ထင္လိုက္မိ မွာပါပဲ။ ဒါေပမယ္႔ ဒီျဖစ္ရပ္ကေလးကေန စိတ္ကူးရခဲ႔ျပီး ေၾကာင္နဲ႔ ၾကြက္ကာတြန္း စီးရီးကို ၁၉၃၂ မွာ စတင္ အေကာင္အထည္ ေဖာ္ျဖစ္ ခဲ႔ပါသတဲ႔။ အဲ႔ဒီ အခ်ိန္ကာလမွာ ကတည္းက႔ ေၾကာင္နဲ႔ ၾကြက္ ကို ဇာတ္ေကာင္ ထားျပီး ေရးဆြဲထားတဲ႔ ကာတြန္းေတြ ေအာင္ျမင္ ေနတာေတြ လည္း ရွိခဲ႔ေတာ႔ သူတို႔ ရဲ႕ Tom & Jerry က စ တင္ခဲ႔တဲ႔ အခ်ိန္မွာပဲ ေဝဖန္သူေတြ မ်က္စိက်စရာျဖစ္ခဲ႔ပါေသးတယ္။

ဒါေပမယ္႔ သူတို႔ႏွစ္ဦးကေတာ႔ လက္မေလွ်ာ႔ဘဲ Tom & Jerry ကို ဆက္လက္ ဖန္တီး ျဖစ္ခဲ႔ ၾကျပီး ၁၉၄၀ ခုႏွစ္မွာေတာ႔ သူတို႔ရဲ႕ ပထမဆံုး႔ ေၾကာင္နဲ႔ ၾကြက္ ကာတြန္း “ Pussy gets the Boot” ကို ဖန္တီးျဖစ္ခဲ႔ပါတယ္။ အဲ႔ဒီမွာ ပါဝင္တဲ႔႔ ေၾကာင္နဲ႔ ၾကြက္ ရဲ႕ နာမည္ေတြက Tom နဲ႔ Jerry မဟုတ္ခဲ႔ေသးဘဲ Jasper (ေၾကာင္) နဲ႔ Jinx (ၾကြက္) လို႔ပဲ ျဖစ္ပါတယ္။ ဒီကာတြန္းကပဲ Tom & Jerry ဆိုတာကို ျဖစ္လာေစခဲ႔တာပါ။ အဲ႔ဒီ ကာတြန္းကို အေျခခံျပီး သူတို႔ႏွစ္ဦးဟာ ၁၉၄၀ ခုႏွစ္ကေန စတင္ျပီးေတာ႔ Tom & Jerry ကို ဆက္လက္ ဖန္တီး ျဖစ္ခဲ႔ေတာ႔တာပါပဲ။ သူတို႔ ႏွစ္ဦးအေနနဲ႔ Tom & Jerry ကာတြန္း ၁၁၄ ပိုင္းကို ၁၉၄၀ ခုႏွစ္ကေန ၁၉၅၇ ခုႏွစ္အထိ ဖန္တီးခဲ႔ၾကတာျဖစ္ျပီး အဲ႔ဒီ ကာလ အတြင္းမွာပဲ ေအာ္စကာဆု ခုႏွစ္ဆုကိုလည္း ရရွိခဲ႔ပါေသးတယ္။

ဝီလီယမ္ ဟန္နာ နဲ႔ ဂ်ိဳးဇက္ ဘာဘဲရာ တို႔ ႔ ေၾကာင္နဲ႔ ၾကြက္ ကာတြန္းေတြကို ဖန္တီးခဲ႔စဥ္က နည္းပညာေတြလည္း အခုထိ မတိုးတက္ေသးတဲ႔အတြက္ သူတို႔ ႏွစ္ဦးဟာ ငါးမိနစ္စာ Tom & Jerry ကာတြန္း အတြက္ လိုအပ္တဲ႔ ကာတြန္းပံုေပါင္း ၇၂၀၀ ကို လက္နဲ႔ ကိုယ္တိုင္ ေရးဆြဲခဲ႔ရတာပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: yoyarlay

# Unicode Version #
ကာတွန်းဆိုတာနဲ့ ကြောင်နဲ့ ကြွက် (Tom & Jerry ) ကို အရင်ဆုံးပြေးမြင်တဲ့သူ ရိုးရာလေး ပရိတ်သတ်တွေထဲ ဘယ်နှစ်ယောက်လောက်ရှိမလဲ။ ဟုတ်ပါတယ်။ Tom & Jerry လို့ခေါ်တဲ့ ကြောင်နဲ့ ကြွက် ကာတွန်းကားလေး တွေက အလွန်အောင်မြင်ခဲ့ပြီး ကလေးဘဝရဲ့ အမှတ်တရတွေထဲ တစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။ Tom & Jerry ကာတွန်းကားလေးတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အကြောင်းအရာ လေးတွေကို ဖော်ပြပေးပါရစေ။

Tom & Jerry ကာတွန်းလေးတွေကို ဖန်တီးခဲ့တဲ့ ဖန်တီးရှင်တွေကတော့ Hanna-Barbera ထုတ်လုပ်ရေးရဲ့ ပိုင်ရှင် ဝီလီယမ် ဟန်နာ (William Hanna) နဲ့ ဂျိုးဇက် ဘာဘဲရာ (Joseph Barbera) တို့နှစ်ဦးပဲ ဖြစ်ပါတယ်။ ဒီ့ ကြောင်နဲ့ ကြွက် ကာတွန်းကို စတင်ဖြစ်ဖို့ ရခဲ့တဲ့ စိတ်ကူးလေးကတော့ အဆန်းပါပဲ။ တစ်နေ့မှာ ဝီလီယမ် ဟန်နာဟာ မီးဖိုချောင်ထဲမှာ ကြွက်ကို လိုက်နေတဲ့ ကြောင်ကို မြင်လိုက်ပါတယ်။ ဒါက ဘာမှ မဟုတ်ဘူးလို့ ထင်လိုက်မိ မှာပါပဲ။ ဒါပေမယ့် ဒီဖြစ်ရပ်ကလေးကနေ စိတ်ကူးရခဲ့ပြီး ကြောင်နဲ့ ကြွက်ကာတွန်း စီးရီးကို ၁၉၃၂ မှာ စတင် အကောင်အထည် ဖော်ဖြစ် ခဲ့ပါသတဲ့။ အဲ့ဒီ အချိန်ကာလမှာ ကတည်းက့ ကြောင်နဲ့ ကြွက် ကို ဇာတ်ကောင် ထားပြီး ရေးဆွဲထားတဲ့ ကာတွန်းတွေ အောင်မြင် နေတာတွေ လည်း ရှိခဲ့တော့ သူတို့ ရဲ့ Tom & Jerry က စ တင်ခဲ့တဲ့ အချိန်မှာပဲ ဝေဖန်သူတွေ မျက်စိကျစရာဖြစ်ခဲ့ပါသေးတယ်။

ဒါပေမယ့် သူတို့နှစ်ဦးကတော့ လက်မလျှော့ဘဲ Tom & Jerry ကို ဆက်လက် ဖန်တီး ဖြစ်ခဲ့ ကြပြီး ၁၉၄၀ ခုနှစ်မှာတော့ သူတို့ရဲ့ ပထမဆုံး့ ကြောင်နဲ့ ကြွက် ကာတွန်း “ Pussy gets the Boot” ကို ဖန်တီးဖြစ်ခဲ့ပါတယ်။ အဲ့ဒီမှာ ပါဝင်တဲ့ ကြောင်နဲ့ ကြွက် ရဲ့ နာမည်တွေက Tom နဲ့ Jerry မဟုတ်ခဲ့သေးဘဲ Jasper (ကြောင်) နဲ့ Jinx (ကြွက်) လို့ပဲ ဖြစ်ပါတယ်။ ဒီကာတွန်းကပဲ Tom & Jerry ဆိုတာကို ဖြစ်လာစေခဲ့တာပါ။ အဲ့ဒီ ကာတွန်းကို အခြေခံပြီး သူတို့နှစ်ဦးဟာ ၁၉၄၀ ခုနှစ်ကနေ စတင်ပြီးတော့ Tom & Jerry ကို ဆက်လက် ဖန်တီး ဖြစ်ခဲ့တော့တာပါပဲ။ သူတို့ နှစ်ဦးအနေနဲ့ Tom & Jerry ကာတွန်း ၁၁၄ ပိုင်းကို ၁၉၄၀ ခုနှစ်ကနေ ၁၉၅၇ ခုနှစ်အထိ ဖန်တီးခဲ့ကြတာဖြစ်ပြီး အဲ့ဒီ ကာလ အတွင်းမှာပဲ အော်စကာဆု ခုနှစ်ဆုကိုလည်း ရရှိခဲ့ပါသေးတယ်။

ဝီလီယမ် ဟန်နာ နဲ့ ဂျိုးဇက် ဘာဘဲရာ တို့ ကြောင်နဲ့ ကြွက် ကာတွန်းတွေကို ဖန်တီးခဲ့စဉ်က နည်းပညာတွေလည်း အခုထိ မတိုးတက်သေးတဲ့အတွက် သူတို့ နှစ်ဦးဟာ ငါးမိနစ်စာ Tom & Jerry ကာတွန်း အတွက် လိုအပ်တဲ့ ကာတွန်းပုံပေါင်း ၇၂၀၀ ကို လက်နဲ့ ကိုယ်တိုင် ရေးဆွဲခဲ့ရတာပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: yoyarlay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top