လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ေကာ္ဖီနဲ႔scrubျပဳလုပ္တဲ့အခါမွာ အလာ့ဂ်စ္ျဖစ္ျခင္းနဲ႔ ေဘးထြက္ဆိုးက်ိဳးလံုးဝမရွိျခင္း စတဲ့အားသာခ်က္ေတြ မ်ားစြာရွိေနပါတယ္ေနာ္။ အသားအေရလွပဖို႔အတြက္ အသားအေရထိန္းသိမ္းျခင္း နည္းလမ္းမ်ားစြာ ရွိတဲ့အထဲကမွ ေကာ္ဖီနဲ႔scrubျပဳလုပ္တဲ့နည္းလမ္းက လက္ရွိအသံုးမ်ားေနတာကို ေတြ႔ရပါတယ္။ ဒ့ါေၾကာင့္ ေကာ္ဖီscurb ျပဳလုပ္ခ်င္တဲ့ ကိုကို၊ မမမ်ားအတြက္ အိမ္မွာအလြယ္တကူျပဳလုပ္ႏိုင္တဲ့ နည္းလမ္းေကာင္းေလးကို ေဝမွ်ေပးလိုက္ပါတယ္ရွင့္။

ပထမဦးဆံုုးအေနနဲ႔ ႏူးညံ႔တဲ့မ်က္ႏွာေလးရရွိဖုိ႔ ေကာ္ဖီscrub ျပဳလုပ္နည္းေလးကို ေဖာ္ျပေပးခ်င္ပါတယ္ရွင့္။ ေကာ္ဖီနဲ႔မ်က္ႏွာကို ေပါင္းတင္ျခင္းေၾကာင့္ ရရွိတဲ့အက်ိဳးေက်းဇူးေတြကေတာ့ အမ်ားႀကီးပါပဲ။ မ်က္ႏွာေပၚကအညစ္အေၾကးမ်ားနဲ႔ ဝက္ၿခံမ်ားကို ဖယ္ရွားေပးႏိုင္တဲ့အျပင္ အရြယ္မတုိင္ခင္အုိမင္းရင့္ေရာ္ေစႏိုင္တဲ့ ပါးေရတြန္႔ျခင္းစတာေတြကို သက္သာေစႏိုင္တာကို ေတြ႔ရမွာပါေနာ္။

လိုအပ္တဲ့ပစၥည္းေတြကေတာ့ ေကာ္ဖီနဲ႔ ဒိန္ခ်ဥ္ႏွစ္မ်ိဳးတည္းပါ။ ေကာ္ဖီန႔ဲ ဒိန္ခ်ဥ္ကို ဆတူေရာစပ္ၿပီး မ်က္ႏွာအႏွံ႔သုတ္လိမ္းေပးပါ။ ေသြးလည္ပတ္မႈေကာင္းမြန္ေစဖို႔အတြက္ စက္ဝိုင္းျခမ္းသ႑ာန္ပြတ္လိမ္းေပးပါေနာ္။ ၿပီးရင္ေတာ့ နာရီဝက္၊ တစ္နာရီေလာက္အၾကာမွ ေရနဲ႔ေဆးေၾကာသန္႔စင္ေပးပါ။ ထူးျခားမႈကို ခ်က္ခ်င္းေတြ႔ျမင္ခံစားရမွာပါေနာ္။
Image result for Scrub coffee for body
မ်က္ႏွာကိုscrub ျပဳလုပ္ၿပီးၿပီဆိုရင္ေတာ့ တစ္ကုိယ္လံုးကို ေကာ္ဖီနဲ႔ scrub ျပဳလုပ္ေပးဖို႔လည္း မေမ့ပါနဲ႔ေနာ္။ အသားအေရၾကည္လင္ဝင္းပေစတဲ့အျပင္ ေကာ္ဖီရဲ႕ ရနံ႔ေၾကာင့္ ခႏၶာကိုယ္က အနံ႔အသက္မ်ားနဲ႔ ေခၽြးန႔ံနံျခင္းကိုေပ်ာက္ကင္းေစပါတယ္။ ေရေမႊးကိုအထူးတလည္အသံုးျပဳစရာမလိုေတာ့ဘဲ ေကာ္ဖီနံ႔ေလးသင္းပ်ံ႕ေနေစမွာပါ။ ေကာ္ဖီခ်စ္သူမ်ားအေနနဲ႔ အႀကိဳက္ေတြ႔ေစမွာအမွန္ပါပဲ။

တစ္ကုိယ္လံုးကို Scrub ျပဳလုပ္ဖို႔အတြက္ ပါဝင္ပစၥည္းသံုးမ်ိဳးျဖစ္တဲ့ ေကာ္ဖီမႈန္႔စစ္စစ္၊ သၾကား၊ သံလြင္ဆီတို႔ကို ဆတူေရာစပ္လိုက္ပါ။ မိမိျပဳလုပ္လိုတဲ့ လက္ေမာင္း၊ ေျခေထာက္စတဲ့ေနရာေတြအႏွံ႕ကို ပြတ္လိမ္းေပးပါ။ ၅မိနစ္ခန္႔ထားၿပီး ေရနဲ႔ေဆးခ်လိုက္ရံုပါပဲ။ လြယ္ကူတဲ့နည္းလမ္းေလးျဖစ္ၿပီး အသားအေရပ်က္စီးေစတဲ့ ဆဲလ္ေသမ်ားကို ဖယ္ရွားေပးၿပီး ၾကည့္လင္ဝင္းပတဲ့အသားအေရကို ခဏအတြင္းပိုင္ဆိုင္ရယူလို္က္ပါေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နန္း(ေရႊအင္းေလး)

#Unicode Version#
ကော်ဖီနဲ့scrubပြုလုပ်တဲ့အခါမှာ အလာ့ဂျစ်ဖြစ်ခြင်းနဲ့ ဘေးထွက်ဆိုးကျိုးလုံးဝမရှိခြင်း စတဲ့အားသာချက်တွေ များစွာရှိနေပါတယ်နော်။ အသားအရေလှပဖို့အတွက် အသားအရေထိန်းသိမ်းခြင်း နည်းလမ်းများစွာ ရှိတဲ့အထဲကမှ ကော်ဖီနဲ့scrubပြုလုပ်တဲ့နည်းလမ်းက လက်ရှိအသုံးများနေတာကို တွေ့ရပါတယ်။ ဒ့ါကြောင့် ကော်ဖီscurb ပြုလုပ်ချင်တဲ့ ကိုကို၊ မမများအတွက် အိမ်မှာအလွယ်တကူပြုလုပ်နိုင်တဲ့ နည်းလမ်းကောင်းလေးကို ဝေမျှပေးလိုက်ပါတယ်ရှင့်။

ပထမဦးဆုံုးအနေနဲ့ နူးညံ့တဲ့မျက်နှာလေးရရှိဖို့ ကော်ဖီscrub ပြုလုပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်ရှင့်။ ကော်ဖီနဲ့မျက်နှာကို ပေါင်းတင်ခြင်းကြောင့် ရရှိတဲ့အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ။ မျက်နှာပေါ်ကအညစ်အကြေးများနဲ့ ဝက်ခြံများကို ဖယ်ရှားပေးနိုင်တဲ့အပြင် အရွယ်မတိုင်ခင်အိုမင်းရင့်ရော်စေနိုင်တဲ့ ပါးရေတွန့်ခြင်းစတာတွေကို သက်သာစေနိုင်တာကို တွေ့ရမှာပါနော်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ ကော်ဖီနဲ့ ဒိန်ချဉ်နှစ်မျိုးတည်းပါ။ ကော်ဖီနဲ့ ဒိန်ချဉ်ကို ဆတူရောစပ်ပြီး မျက်နှာအနှံ့သုတ်လိမ်းပေးပါ။ သွေးလည်ပတ်မှုကောင်းမွန်စေဖို့အတွက် စက်ဝိုင်းခြမ်းသဏ္ဍာန်ပွတ်လိမ်းပေးပါနော်။ ပြီးရင်တော့ နာရီဝက်၊ တစ်နာရီလောက်အကြာမှ ရေနဲ့ဆေးကြောသန့်စင်ပေးပါ။ ထူးခြားမှုကို ချက်ချင်းတွေ့မြင်ခံစားရမှာပါနော်။

မျက်နှာကိုscrub ပြုလုပ်ပြီးပြီဆိုရင်တော့ တစ်ကိုယ်လုံးကို ကော်ဖီနဲ့ scrub ပြုလုပ်ပေးဖို့လည်း မမေ့ပါနဲ့နော်။ အသားအရေကြည်လင်ဝင်းပစေတဲ့အပြင် ကော်ဖီရဲ့ ရနံ့ကြောင့် ခန္ဓာကိုယ်က အနံ့အသက်များနဲ့ ချွေးနံ့နံခြင်းကိုပျောက်ကင်းစေပါတယ်။ ရေမွှေးကိုအထူးတလည်အသုံးပြုစရာမလိုတော့ဘဲ ကော်ဖီနံ့လေးသင်းပျံ့နေစေမှာပါ။ ကော်ဖီချစ်သူများအနေနဲ့ အကြိုက်တွေ့စေမှာအမှန်ပါပဲ။

တစ်ကိုယ်လုံးကို Scrub ပြုလုပ်ဖို့အတွက် ပါဝင်ပစ္စည်းသုံးမျိုးဖြစ်တဲ့ ကော်ဖီမှုန့်စစ်စစ်၊ သကြား၊ သံလွင်ဆီတို့ကို ဆတူရောစပ်လိုက်ပါ။ မိမိပြုလုပ်လိုတဲ့ လက်မောင်း၊ ခြေထောက်စတဲ့နေရာတွေအနှံ့ကို ပွတ်လိမ်းပေးပါ။ ၅မိနစ်ခန့်ထားပြီး ရေနဲ့ဆေးချလိုက်ရုံပါပဲ။ လွယ်ကူတဲ့နည်းလမ်းလေးဖြစ်ပြီး အသားအရေပျက်စီးစေတဲ့ ဆဲလ်သေများကို ဖယ်ရှားပေးပြီး ကြည့်လင်ဝင်းပတဲ့အသားအရေကို ခဏအတွင်းပိုင်ဆိုင်ရယူလိုက်ပါနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: နန်း(ရွှေအင်းလေး)


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top