လစဉ် (၄.၇၅) သိန်းကျော် သွင်းရုံဖြင့် သိန်း (၉၀၀) တန် ကွန်ဒို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
×



Credit: zeekwat

# Unicode Version #
စက်တင်ဘာလ ၇ရက်နေ့က တောင်ကိုရီးယားနိုင်ငံ Yeouido ကျွန်းမှာရှိတဲ့ KBS ခန်းမမှာ ၂၀၁၇ခုနှစ်အတွက် နိုင်ငံတကာ တောင်ကိုရီးယားရုပ်ရှင်ထုတ်လုပ်ရေးအတွက် ထူးချွန်ဆုပေးပွဲကျင်းပခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ‘Strong Woman Do Bong Soon’ ဇာတ်လမ်းတွဲရဲ့မင်းသမီး Park Bo Young ဟာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုရရှိခဲ့ပါတယ်။ Park Bo Young ဟာ ‘Strong Woman Do Bong Soon’ ဇာတ်လမ်းတွဲမှာ သူမရဲ့ဇာတ်ကောင်နေရာကို အပီပြင်ဆုံးသရုပ်ဆောင်သွားတာဖြစ်ပြီး ပရိသတ်တွေရဲ့ ချီးမွမ်းတာကိုခံရတဲ့အပြင် ပရိသတ်တွေရဲ့အချစ်တော်လေးဖြစ်ပါတယ်။ Seoul International Drama Awards 2017 ပွဲမှာ Park Bo Young ဟာ အရမ်းလှတဲ့ဝတ်စုံလေးနဲ့ သူမရဲ့ချစ်စရာကောင်းတဲ့အပြုံးလေးနဲ့အတူရောက်ရှိလာခဲ့ပြီး ပွဲမှာရှိတဲ့သူတွေအကုန်လုံးရဲ့စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။

Park Bo Young ဟာ ၂၀၁၇ခုနှစ်မှာရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ Strong Woman Do Bong Soon အပြင် ၂၀၀၈ခုနှစ်က Scandal Makers ၊ ၂၀၁၂ခုနှစ်က A Werewolf Boy နဲ့ ၂၀၁၅ခုနှစ်က Oh My Ghostess ဇာတ်လမ်းတွဲတွေမှာလဲ ပရိသတ်တွေရဲ့အားပေးမှုကိုရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: zeekwat
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top