ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ရန္ကုန္ Oppo ႐ုံးခ်ဳပ္မွ တာဝန္ရွိသူ မ်ား ေမာ္လၿမိဳင္သို႔ လာေရာက္ ရွင္းလင္းခဲ့စဥ္ / ဟသၤာနီ / ဧရာဝတီ

Oppo ဖုန္းကုမၸဏီအေနျဖင့္ သတ္မွတ္ေရာင္းအား မျပည့္၍ ေယာက္်ားေလး ဝန္ထမ္းမ်ားအား ကတုံးတုံး အျပစ္ေပးခဲ့သည္ ဆိုျခင္းမွာ မဟုတ္ေၾကာင္း ရန္ကုန္႐ုံးမွ တာဝန္ရွိသူမ်ားက ယမန္ေန႔က ေမာ္လၿမိဳင္ၿမိဳ႕သို႔ လာေရာက္ ရွင္းလင္း ေျပာဆိုသည္။

“က်ေနာ္ကေန တိုက္႐ိုက္ၫႊန္ၾကားၿပီး မင္းတို႔ ဒါလုပ္ရမယ္ ၊ မင္းတို႔ ကတုံးတုံး ရမယ္ဆိုတဲ့ဟာမ်ိဳး လည္း မရွိဘူး၊ ကတုံး တုံးတယ္ဆိုတဲ့ အျဖစ္ကေတာ့ ရွိတယ္၊ Oppo ႐ုံးခ်ဳပ္ကေန မင္းတို႔ ဒါလုပ္ရ မယ္လို႔ ေပးတာ မဟုတ္သလို သူ႔တို႔ကိုလည္း သူတို႔ အႀကီးအကဲက ဒါလုပ္ပါလို႔ ခိုင္းေစတာလည္း မဟုတ္ဘူး” ဟု Oppo ျမန္မာ႐ုံးခ်ဳပ္မွ ျပင္ပဆက္ဆံေရး တာဝန္ခံ (PR Specialist ) ကိုေဝၿဖိဳးေအာင္ က ေမာ္လၿမိဳင္ ျမန္မာျပည္ေတာင္ပိုင္း ဂ်ာနယ္လစ္ကြန္ရက္႐ုံး၌ လာေရာက္၍ ရွင္းလင္းေျပာဆိုသည္။

ၿပီးခဲ့သည့္ စက္တင္ဘာ ၂၇ရက္ေန႔က Oppo ျမန္မာ ေမာ္လၿမိဳင္႐ုံး အေရာင္းျမႇင့္တင္ေရး ဝန္ထမ္း မခင္ထက္ထက္လြင္ မွ အလုပ္သမားအခြင့္အေရး ခ်ိဳးေဖာက္ခံရမႈမ်ားႏွင့္ ပတ္သက္၍ ျမန္မာျပည္ ေတာင္ပိုင္း ဂ်ာနယ္လစ္ ကြန္ရက္႐ုံးသို႔ လာ ေရာက္ ေျပာဆိုခဲ့သည့္အေပၚ ကုမၸဏီတာဝန္ရွိသူမ်ားက ယခုကဲ့သို႔ ျပန္လည္၍ ရွင္းလင္းခဲ့ျခင္းျဖစ္သည္။

မခင္ထက္ထက္လြင္က “အေၾကာင္းျပခ်က္ မရွိဘဲ အလုပ္ထုတ္တယ္၊ အလုပ္ထုတ္ခံရတဲ့အထဲမွာ ညီမအပါအဝင္ ၁၄ ဦး ပါတယ္၊ သူတို႔ အေၾကာင္းျပခ်က္ေပးတာက ေရာင္းအားက်လို႔ တခုပဲ ေျပာတယ္ တျခား ဘာတခုမွ မေျပာဘူး၊ လႊတ္ေတာ္ တိုင္ထားတာကေတာ့ အေၾကာင္းျပခ်က္ မရွိဘဲ အလုပ္ထုတ္တာ ၊ သတ္မွတ္ခ်က္ မျပည့္ရင္ ကတုံးတုံးတာ စတဲ့ အခ်က္ ၄ ခ်က္နဲ႔ တိုင္ထားတယ္” ဟု ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ မြန္ျပည္နယ္ လႊတ္ေတာ္တိုင္စာ အသနားခံစာႏွင့္ အေထြေထြကိစၥရပ္မ်ား စုံစမ္းေရး ေကာ္မီတီဆီသို႔လည္း ေမာ္လၿမိဳင္ Oppo ႐ုံးမွ တာဝန္ရွိသူမ်ား အေနျဖင့္ အေၾကာင္းျပခ်က္ မရွိဘဲ အလုပ္ထုတ္ျခင္း၊ အလုပ္ခ်ိန္ အကန႔္အသစ္ မရွိဘဲ ခိုင္းေစေနျခင္း၊ ဝန္ထမ္းမ်ားအား အလုပ္သမား စာခ်ဳပ္ခ်ဳပ္ ဆိုထားျခင္း မရွိျခင္း၊ အေရာင္းအား မျပည့္၍ ကတုံးတုံး ေစျခင္း စသည့္အခ်က္မ်ားကို ျပဳလုပ္ခဲ့ေၾကာင္း ၿပီးခဲ့သည့္ စက္တင္ဘာ ၂၆ ရက္ေန႔၌ တိုင္ၾကား ထားခဲ့ၿပီး ျဖစ္သည္ဟု သိရသည္။

ရန္ကုန္ Oppo ႐ုံးခ်ဳပ္မွ တာဝန္ရွိသူ မ်ား ေမာ္လၿမိဳင္သို႔ လာေရာက္ ရွင္းလင္းခဲ့စဥ္ဟသၤာနီ/ဧရာဝတီ
Oppo ကုမၸဏီ၏ မြန္ေဒသ အေရာင္းတာဝန္ခံ ကိုၿဖိဳးေအာင္ႏွင့္ ရန္ကုန္႐ုံး ဝန္ထမ္းေရးရာ တာဝန္ခံ ကိုေက်ာ္မင္းကိုတို႔ ကမူ အလုပ္ရွင္ အလုပ္သမား သေဘာတူစာခ်ဳပ္ မခ်ဳပ္ဆိုႏိုင္ ေသးျခင္းမွာ ၃လ အစမ္းခန႔္ ကာလ၌ ထြက္သြားၾကသည့္ ဝန္ထမ္းဦးေရမ်ားသျဖင့္ စာခ်ဳပ္ ခ်ဳပ္ဆိုထားႏိုင္ျခင္း မရွိေသးျခင္းေၾကာင္း ျပန္လည္၍ ရွင္းလင္းခဲ့သည္။

ကတုံးတုံးခဲ့သည္ဆိုျခင္းမွာလည္း သက္ဆိုင္ရာနယ္ေျမ အေရာင္းတာဝန္ခံ ေခါင္းေဆာင္မ်ားမွ မိမိတို႔ သေဘာဆႏၵ အေလ်ာက္ ေရာင္းအား မျပည့္ျခင္းအေပၚ တာဝန္ခံလို၍ တုံးခဲ့ျခင္းသာျဖစ္ၿပီး အခ်ိဳ႕နယ္ မ်ား၌မူ ေရာင္းအား မျပည့္သည့္ အေပၚ ပိုက္ဆံျပန္ေလ်ာ္ခဲ့ၾကေၾကာင္း ကိုယ္တိုင္ ကတုံးတုံးခဲ့သူ ေမာ္လၿမိဳင္ Oppo ႐ုံးမွ ေခါင္းေဆာင္ကိုေအးမင္းက ေျပာသည္။

“က်ေနာ္တို႔ ေခါင္းေဆာင္ပိုင္းက ညႇိႏႈိင္းၿပီးေတာ့ ေမာ္လၿမိဳင္ကို ေရာင္းအားတက္ေအာင္ ဘယ္လိုလုပ္ မလဲ၊ က်ေနာ္တို႔ ဘာသာ လုပ္ခ်င္လို႔ လုပ္တယ္၊ ဒိုက္ထိုးမယ္ဆိုရင္ ထိုးမယ္၊ ဖားခုန္မယ္ဆိုရင္ ခုန္မယ္၊ ကတုံးတုံးမယ္ဆိုရင္ တုံးမယ္ ၊ ဒါဟာ က်ေနာ္တို႔ ဘာသာ က်ေနာ္တို႔ လုပ္တာပါ” ဟု ကိုေအးမင္းက ျပန္၍ ရွင္းျပသည္။

သို႔ေသာ္လည္း ဝန္ထမ္းမွ စြပ္စြဲေျပာဆိုထားသည့္အတိုင္း အလုပ္သမားမ်ားအား အလုပ္မွ ထုတ္ပယ္ ထားျခင္း မရွိ ေၾကာင္းႏွင့္ ၎တို႔ဆႏၵအေလ်ာက္သာ အလုပ္မဆင္းျခင္းသာ ျဖစ္ေၾကာင္း ေမာ္လၿမိဳင္ Oppo ႐ုံးမွ မြန္ေဒသ အေရာင္း တာဝန္ခံႏွင့္ ရန္ကုန္ ႐ုံးခ်ဳပ္မွ ဝန္ထမ္းေရးရာ မန္ေနဂ်ာတို႔က ျပန္၍ ရွင္းလင္း ေျပာၾကားခဲ့သည္။

ေမာ္လၿမိဳင္ Oppo ႐ုံးမွ မြန္ေဒသ အေရာင္းတာဝန္ခံ ကိုၿဖိဳးေအာင္က “ဒီလမကုန္ခင္ သူတို႔ဘာသာ သူတို႔ နားသြားတယ္၊ ဝန္ထမ္းအက်ႌဝတ္ၿပီးေတာ့ ေလွ်ာက္သြားေနတယ္၊ ဒါေပမယ့္ အလုပ္မဆင္း ၾကဘူး၊ ေနာက္အစည္းအေဝး ေခၚေတာ့ လည္း မလာၾကဘူး၊ ထုတ္လိုက္တာ မဟုတ္ဘူး ၊ သူတို႔ ဘာသာ သူတို႔ မလာေတာ့တာ” ဟု ကိုၿဖိဳးေအာင္က ေျပာသည္။

Oppo ျမန္မာ ရန္ကုန္႐ုံးခ်ဳပ္မွ ဝန္ထမ္းေရးရာ မန္ေနဂ်ာ ကိုေက်ာ္မင္းကိုက “သတ္မွတ္ထားတဲ့ ဝန္ထမ္းအက်ႌဝတ္တယ္ ၊ ႐ုံးမလာဘူး၊ အျပင္မွာ ပန္းၿခံေတြ သြားတယ္၊ ေလွ်ာက္လည္တယ္၊ အလုပ္ မလာဘူးလား ဆိုေတာ့ ထြက္သြားၿပီတဲ့၊ ဒီ အတိုင္းပဲ စုၿပီး ေျပာသြားတယ္၊ စာလည္း မတင္ထားဘူး” ဟု ကိုေက်ာ္မင္းကိုက ေျပာသည္။

ထိုကဲ့သို႔ အလုပ္သမားအခြင့္အေရး ခ်ိဳးေဖာက္မႈခံထားရသည္ႏွင့္ ပတ္သက္၍ မြန္ျပည္နယ္ လႊတ္ေတာ္သို႔ တိုင္ၾကား ထားသည့္ တိုင္ၾကားစာအား လက္ခံ ရရွိထားၿပီး ျဖစ္ေၾကာင္း တိုင္ၾကားစာ ေကာ္မီတီ ဥကၠ႒ ဦးေအာင္ေက်ာ္သူက ဆိုပါသည္။

၎ကိစၥအား လႊတ္ေတာ္ ဥကၠ႒က မြန္ျပည္နယ္လႊတ္ေတာ္၏ အစည္းအေဝး ဆုံးျဖတ္ခ်က္ျဖင့္ ထိုအမႈတြင္ တိုင္ၾကား ခံထားရသူမ်ားအား ဆင့္ေခၚႏိုင္ရန္ ၫႊန္ၾကားထားၿပီး ဌာနဆိုင္ရာမ်ားႏွင့္ ပူးတြဲ၍ ဆင့္ေခၚရမည္ ျဖစ္သျဖင့္ လာ မည့္ ေအာက္တိုဘာ ပထမအပတ္ခန႔္၌ ထိုတိုင္စာအား စစ္ေဆးသြားရန္ ရွိေၾကာင္း ၎က ဆိုပါသည္။

Oppo ျမန္မာမွ ေမာ္လၿမိဳင္ ၿမိဳ႕တြင္း၌ အေရာင္းဝန္ထမ္း ၂၈ ေယာက္ခန႔္ ရွိၿပီး မြန္ျပည္နယ္ တခုလုံး၌ အေရာင္းဝန္ထမ္း ၇၃ဦး ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Burma Irrawaddy

#Unicode Version#
ရန်ကုန် Oppo ရုံးချုပ်မှ တာဝန်ရှိသူ များ မော်လမြိုင်သို့ လာရောက် ရှင်းလင်းခဲ့စဉ် / ဟင်္သာနီ / ဧရာဝတီ

Oppo ဖုန်းကုမ္ပဏီအနေဖြင့် သတ်မှတ်ရောင်းအား မပြည့်၍ ယောက်ျားလေး ဝန်ထမ်းများအား ကတုံးတုံး အပြစ်ပေးခဲ့သည် ဆိုခြင်းမှာ မဟုတ်ကြောင်း ရန်ကုန်ရုံးမှ တာဝန်ရှိသူများက ယမန်နေ့က မော်လမြိုင်မြို့သို့ လာရောက် ရှင်းလင်း ပြောဆိုသည်။

“ကျနော်ကနေ တိုက်ရိုက်ညွှန်ကြားပြီး မင်းတို့ ဒါလုပ်ရမယ် ၊ မင်းတို့ ကတုံးတုံး ရမယ်ဆိုတဲ့ဟာမျိုး လည်း မရှိဘူး၊ ကတုံး တုံးတယ်ဆိုတဲ့ အဖြစ်ကတော့ ရှိတယ်၊ Oppo ရုံးချုပ်ကနေ မင်းတို့ ဒါလုပ်ရ မယ်လို့ ပေးတာ မဟုတ်သလို သူ့တို့ကိုလည်း သူတို့ အကြီးအကဲက ဒါလုပ်ပါလို့ ခိုင်းစေတာလည်း မဟုတ်ဘူး” ဟု Oppo မြန်မာရုံးချုပ်မှ ပြင်ပဆက်ဆံရေး တာဝန်ခံ (PR Specialist ) ကိုဝေဖြိုးအောင် က မော်လမြိုင် မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်ရုံး၌ လာရောက်၍ ရှင်းလင်းပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၇ရက်နေ့က Oppo မြန်မာ မော်လမြိုင်ရုံး အရောင်းမြှင့်တင်ရေး ဝန်ထမ်း မခင်ထက်ထက်လွင် မှ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ မြန်မာပြည် တောင်ပိုင်း ဂျာနယ်လစ် ကွန်ရက်ရုံးသို့ လာ ရောက် ပြောဆိုခဲ့သည့်အပေါ် ကုမ္ပဏီတာဝန်ရှိသူများက ယခုကဲ့သို့ ပြန်လည်၍ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

မခင်ထက်ထက်လွင်က “အကြောင်းပြချက် မရှိဘဲ အလုပ်ထုတ်တယ်၊ အလုပ်ထုတ်ခံရတဲ့အထဲမှာ ညီမအပါအဝင် ၁၄ ဦး ပါတယ်၊ သူတို့ အကြောင်းပြချက်ပေးတာက ရောင်းအားကျလို့ တခုပဲ ပြောတယ် တခြား ဘာတခုမှ မပြောဘူး၊ လွှတ်တော် တိုင်ထားတာကတော့ အကြောင်းပြချက် မရှိဘဲ အလုပ်ထုတ်တာ ၊ သတ်မှတ်ချက် မပြည့်ရင် ကတုံးတုံးတာ စတဲ့ အချက် ၄ ချက်နဲ့ တိုင်ထားတယ်” ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မွန်ပြည်နယ် လွှတ်တော်တိုင်စာ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များ စုံစမ်းရေး ကော်မီတီဆီသို့လည်း မော်လမြိုင် Oppo ရုံးမှ တာဝန်ရှိသူများ အနေဖြင့် အကြောင်းပြချက် မရှိဘဲ အလုပ်ထုတ်ခြင်း၊ အလုပ်ချိန် အကန့်အသစ် မရှိဘဲ ခိုင်းစေနေခြင်း၊ ဝန်ထမ်းများအား အလုပ်သမား စာချုပ်ချုပ် ဆိုထားခြင်း မရှိခြင်း၊ အရောင်းအား မပြည့်၍ ကတုံးတုံး စေခြင်း စသည့်အချက်များကို ပြုလုပ်ခဲ့ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်နေ့၌ တိုင်ကြား ထားခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

ရန်ကုန် Oppo ရုံးချုပ်မှ တာဝန်ရှိသူ များ မော်လမြိုင်သို့ လာရောက် ရှင်းလင်းခဲ့စဉ်ဟင်္သာနီ/ဧရာဝတီ
Oppo ကုမ္ပဏီ၏ မွန်ဒေသ အရောင်းတာဝန်ခံ ကိုဖြိုးအောင်နှင့် ရန်ကုန်ရုံး ဝန်ထမ်းရေးရာ တာဝန်ခံ ကိုကျော်မင်းကိုတို့ ကမူ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် မချုပ်ဆိုနိုင် သေးခြင်းမှာ ၃လ အစမ်းခန့် ကာလ၌ ထွက်သွားကြသည့် ဝန်ထမ်းဦးရေများသဖြင့် စာချုပ် ချုပ်ဆိုထားနိုင်ခြင်း မရှိသေးခြင်းကြောင်း ပြန်လည်၍ ရှင်းလင်းခဲ့သည်။

ကတုံးတုံးခဲ့သည်ဆိုခြင်းမှာလည်း သက်ဆိုင်ရာနယ်မြေ အရောင်းတာဝန်ခံ ခေါင်းဆောင်များမှ မိမိတို့ သဘောဆန္ဒ အလျောက် ရောင်းအား မပြည့်ခြင်းအပေါ် တာဝန်ခံလို၍ တုံးခဲ့ခြင်းသာဖြစ်ပြီး အချို့နယ် များ၌မူ ရောင်းအား မပြည့်သည့် အပေါ် ပိုက်ဆံပြန်လျော်ခဲ့ကြကြောင်း ကိုယ်တိုင် ကတုံးတုံးခဲ့သူ မော်လမြိုင် Oppo ရုံးမှ ခေါင်းဆောင်ကိုအေးမင်းက ပြောသည်။

“ကျနော်တို့ ခေါင်းဆောင်ပိုင်းက ညှိနှိုင်းပြီးတော့ မော်လမြိုင်ကို ရောင်းအားတက်အောင် ဘယ်လိုလုပ် မလဲ၊ ကျနော်တို့ ဘာသာ လုပ်ချင်လို့ လုပ်တယ်၊ ဒိုက်ထိုးမယ်ဆိုရင် ထိုးမယ်၊ ဖားခုန်မယ်ဆိုရင် ခုန်မယ်၊ ကတုံးတုံးမယ်ဆိုရင် တုံးမယ် ၊ ဒါဟာ ကျနော်တို့ ဘာသာ ကျနော်တို့ လုပ်တာပါ” ဟု ကိုအေးမင်းက ပြန်၍ ရှင်းပြသည်။

သို့သော်လည်း ဝန်ထမ်းမှ စွပ်စွဲပြောဆိုထားသည့်အတိုင်း အလုပ်သမားများအား အလုပ်မှ ထုတ်ပယ် ထားခြင်း မရှိ ကြောင်းနှင့် ၎င်းတို့ဆန္ဒအလျောက်သာ အလုပ်မဆင်းခြင်းသာ ဖြစ်ကြောင်း မော်လမြိုင် Oppo ရုံးမှ မွန်ဒေသ အရောင်း တာဝန်ခံနှင့် ရန်ကုန် ရုံးချုပ်မှ ဝန်ထမ်းရေးရာ မန်နေဂျာတို့က ပြန်၍ ရှင်းလင်း ပြောကြားခဲ့သည်။

မော်လမြိုင် Oppo ရုံးမှ မွန်ဒေသ အရောင်းတာဝန်ခံ ကိုဖြိုးအောင်က “ဒီလမကုန်ခင် သူတို့ဘာသာ သူတို့ နားသွားတယ်၊ ဝန်ထမ်းအကျႌဝတ်ပြီးတော့ လျှောက်သွားနေတယ်၊ ဒါပေမယ့် အလုပ်မဆင်း ကြဘူး၊ နောက်အစည်းအဝေး ခေါ်တော့ လည်း မလာကြဘူး၊ ထုတ်လိုက်တာ မဟုတ်ဘူး ၊ သူတို့ ဘာသာ သူတို့ မလာတော့တာ” ဟု ကိုဖြိုးအောင်က ပြောသည်။

Oppo မြန်မာ ရန်ကုန်ရုံးချုပ်မှ ဝန်ထမ်းရေးရာ မန်နေဂျာ ကိုကျော်မင်းကိုက “သတ်မှတ်ထားတဲ့ ဝန်ထမ်းအကျႌဝတ်တယ် ၊ ရုံးမလာဘူး၊ အပြင်မှာ ပန်းခြံတွေ သွားတယ်၊ လျှောက်လည်တယ်၊ အလုပ် မလာဘူးလား ဆိုတော့ ထွက်သွားပြီတဲ့၊ ဒီ အတိုင်းပဲ စုပြီး ပြောသွားတယ်၊ စာလည်း မတင်ထားဘူး” ဟု ကိုကျော်မင်းကိုက ပြောသည်။

ထိုကဲ့သို့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုခံထားရသည်နှင့် ပတ်သက်၍ မွန်ပြည်နယ် လွှတ်တော်သို့ တိုင်ကြား ထားသည့် တိုင်ကြားစာအား လက်ခံ ရရှိထားပြီး ဖြစ်ကြောင်း တိုင်ကြားစာ ကော်မီတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ဆိုပါသည်။

၎င်းကိစ္စအား လွှတ်တော် ဥက္ကဋ္ဌက မွန်ပြည်နယ်လွှတ်တော်၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ထိုအမှုတွင် တိုင်ကြား ခံထားရသူများအား ဆင့်ခေါ်နိုင်ရန် ညွှန်ကြားထားပြီး ဌာနဆိုင်ရာများနှင့် ပူးတွဲ၍ ဆင့်ခေါ်ရမည် ဖြစ်သဖြင့် လာ မည့် အောက်တိုဘာ ပထမအပတ်ခန့်၌ ထိုတိုင်စာအား စစ်ဆေးသွားရန် ရှိကြောင်း ၎င်းက ဆိုပါသည်။

Oppo မြန်မာမှ မော်လမြိုင် မြို့တွင်း၌ အရောင်းဝန်ထမ်း ၂၈ ယောက်ခန့် ရှိပြီး မွန်ပြည်နယ် တခုလုံး၌ အရောင်းဝန်ထမ်း ၇၃ဦး ရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:  Burma Irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top