မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး (ဆဋ္ဌမအကြိမ်မြောက်)
×




Credit: Zeekwat

# Unicode Version #
သြဂုတ်လ ၁၈ရက်နေ့က တောင်ကိုရီးယားနိုင်ငံ ရုပ်ရှင်အေဂျင်စီတစ်ခုဖြစ်တဲ့ YG Entertainment က Nam Joo Hyuk နဲ့ Lee Sung Kyung တို့နှစ်ဦး ချစ်သူအဖြစ်မှ လမ်းခွဲပြတ်စဲကြပြီဖြစ်ကြောင်း အတိအလင်းကြော်ငြာခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့ပရိတ်သတ်တွေကတော့ ဒီအကြောင်းနဲ့ပက်သက်ပြီး အမှန်တကယ်ယုံကြည်ကြခြင်းမရှိကြပါဘူး။ ဒီလိုသတင်းမျိုးကို အေဂျင်စီကကြော်ငြာရခြင်းက Nam Joo Hyuk ပါဝင်ရိုက်ကူးထားတဲ့ ‘Bride of the Water God’ ဇာတ်လမ်းတွဲဟာ ကြည့်ရှုသူအရမ်းနည်းနေလို့ ပရိတ်သတ်ကိုအာရုံလွှဲတာလို့ဘဲ ထင်ကြပါတယ်။

ဒီလိုထင်ရတဲ့အကြောင်းရင်းကတော့ စက်တင်ဘာလ ၄ရက်နေ့က Nam Joo Hyuk က သူရဲ့ Instagram မှာ ဗွီဒီယိုတစ်ခုတင်ခဲ့ပါတယ်။ အဲ့ဒီဗွီဒီယိုမှာ Nam Joo Hyuk က Weightlifting Fairy Kim Bok Joo ဇာတ်လမ်းတွဲတုန်းက Lee Sung Kyung ဝတ်ခဲ့တဲ့အင်္ကျီနဲ့ တစ်ပုံစံထဲတူတဲ့အင်္ကျီကို ဝတ်ဆင်ထားတာကြောင့်ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Zeekwat
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top