ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

2017နွစ္အစပိုင္းကေနစျပီးေတာ့ တရုတ္နိုင္ငံမွာ အရမ္းေဟာ့လာတဲ႔ အင္တာနက္ဆယ္လီေလး ရွိပါတယ္။ သူ႔နာမည္ကေတာ့ ေရွာင္ရဲ 小野 ပါ။ ေရွာင္ရဲအသံထြက္နဲ႔ နီးစပ္တဲ႔ Yeah ကို အဂၤလိပ္နာမည္အျဖစ္ ယူသံုးထားပါတယ္။ ေရွာင္ရဲဟာ အမ်ားနဲ႔မတူ ထူးထူးဆန္းဆန္းေတြ အိုင္ဒီယာအသစ္ေတြနဲ႔ ဗီဒီီယိုေလးေတြ ရုိက္ကူးတင္ဆက္တာေၾကာင့္ ပရိသတ္ ေတာ္ေတာ္မ်ားမ်ားကို ဖမ္းစားတရုတ္အမ်ိဳးသားထုျကီးက လက္ထပ္ခ်င္ေနျကတဲ႔ အင္တာနက္ေပၚက ဆယ္လီမမေလး MsYeah 办公室小野နိုင္ပါတယ္။ ေရွာင္ရဲဟာ ရံုးခန္းထဲမွာပဲ ထိုင္ၿပီးေတာ့ အရသာရွိတဲ႔ဟင္းလွ်ာ အမ်ားျပားကို ဖန္တီးျပေနသူပါ။ ရံုးခန္းထဲမွာပဲ ေဟာ့ေပါ့ခ်က္စားျပတယ္ အကင္ဟင္းလွ်ာေတြ ခ်က္ျပတယ္ ပီဇာဖုတ္တယ္ ေရခဲမုန္႔ေျကာ္တယ္ စသည္ျဖင့္အမ်ိဳးစံုပါပဲ။မီးဖိုးေတြ အကင္စက္ေတြmicrowaveေတြ ovenေတြ ဘာဆိုဘာမွမသံုးဘဲနဲ႕ ကြန္ပ်ဴ တာက ဖ်ဴ စ့္ေတြ ကြိဳင္ေတြ ဝါယာျကိဳး မီခလုတ္ မီးသီး မီေခ်ာင္း စသည္ျဖင့္ ပစၥည္းမ်ိဳးစံုကို မီးဖိုေလးအျဖစ္ ယာယီသြယ္ဆက္ျပီး ခ်က္ျပဳတ္ျပသူပါ။

ငယ္ငယ္ထဲက ပစၥည္းကိရိယာမ်ိဳးစံုကို ျဖဳတ္လိုက္တပ္လိုက္ လုပ္ေနတဲ႔သူမိုလို႔ ပစၥည္းေတြကိုျဖဳတ္ျပီး သြယ္ဆက္ ျပီးရင္ ျပန္ျပီးေနရာမွန္ဆက္သြယ္ေပးရတာက သူမအတြက္မခက္ခဲပါဘူးတဲ႔။ ဒါ့အျပင္မီးဖိုေခ်ာင္ကပစၥည္းေတြနဲ႕ပဲ အလွျပင္ျပတာေတြ ထူးထူးဆန္းဆန္းပစၥည္းေလးေတြလုပ္ျပတာေတြက ေရပန္းအလြန္စားလွပါတယ္။ သူမပထမဆံုးလုပ္ျပတာကေတာ့ လ်ွပ္စစ္မီးပူနဲ႕ အသားကင္လုပ္ျပတာပါပဲ။ သူမလုပ္တဲ႔နည္းလမ္းေလးေတြဟာ အခုေခတ္ ေခတ္စားေနတဲ႔ DIY methodေလးေတြပါပဲ။ DIYဆိုတာကေတာ့ Do it yourselfလို႔ အဓိပၸာယ္ရျပီးေတာ့ ကိုယ့္ပတ္ဝန္းက်င္က အသံုးမလိုတဲ႔ပစၥည္းေလးေတြ သာမန္လူေတြျကားထဲမွာ ရွိေနတဲ႔သာမန္ပစၥည္းေလးေတြနဲ႔ပဲ လွလွပပ ထူးထူးဆန္းဆန္းေလးျဖစ္ေအာင္ အသံုးလည္းဝင္ေအာင္ လုပ္တဲ႔ လက္မႈပညာေလးပါ။ ဒီပညာက တီထြင္သူရဲ႕ စိတ္ကူးစိတ္သန္းေပၚမူတည္ျပီး အမ်ိဳးစံုေပါက္ဖြား ပြားမ်ားနိုင္စြမ္းပါတယ္။

သူမကုမၸဏီရဲ႕သူေဌးကိုယ္တိုင္က ဒီလိုဗီဒီယိုေလးေတြကို အားေပးေထာက္ခံပါတယ္တဲ႔။အလုပ္ကသူငယ္ခ်င္းေတြကလည္း အားလံုးဝိုင္းကူျပီး ေရွာင္ရဲဗီဒီယိုေလးေတြထဲမွာ ဝင္ပါရတာကို သိပ္သေဘာက်ပါတယ္တဲ႔။ေရွာင္ရဲဟာ ရံုးခန္းထဲမွာ ေခြးကေလး ေျကာင္ကေလး ဝက္ကေလးနဲ႕ ျကက္ကေလးတစ္ေကာင္ကိုလည္း ေမြးထားပါေသးတယ္။ ေရွာင္ရဲကို သေဘာမက်တဲ႔သူေတြလည္းရွိပါတယ္။ ေနခ်င္သလိုေနျပီး ရံုးခန္းထဲဟင္းခ်က္ျပေနေတာ့ ေရွာင္ရဲဟာ အမွန္တကယ္ရံုးဝန္ထမ္းေရာ ဟုတ္ပါရဲ႕လား အရမ္းခ်မ္းသာတဲ႔ေက်ာေထာက္ေနာက္ခံ မ်ား ရွိမေနနိုင္ဘူးလား အစရွိသျဖင့္ ေဝဖန္ျကပါေသးတယ္။ ဗီဒီယိုထဲမွာဆိုရင္ ဝန္ထမ္းေတြအားလံုးဟာ အျမဲတမ္းရုပ္ရွင္ျကည့္လိုက္ ဂိမ္းေဆာ့လိုက္ အစားေတြစားလိုက္ဆိုေတာ့ ပိုျပီးေတာ့ မယံုသကၤာေတြျဖစ္ကုန္ျကပါတယ္။ ေရွာင္ရဲကိုယ္တိုင္ေျပာျပတာကေတာ့ သူမဟာ သာမန္ရံုးဝန္ထမ္း မိန္းကေလးတစ္ဦးသာျဖစ္ျပီးေတာ့ ခ်မ္းသာျကြယ္ဝလြန္းသူ မဟုတ္ပါေျကာင္း သူအလုပ္လုပ္ေနတဲ႔ရံုးခန္းေလးကို ပ်င္းရိေျခာက္ကပ္မျဖစ္ေစခ်င္လို႔ ဒီလိုတစ္မူထူးျခားေအာင္ ဖန္တီးေပးတာျဖစ္ေျကာင္း ေျပာျကားထားပါတယ္။

သူမဖန္တီးမႈတခ်ိဳ႕ဟာ မီးေဘးအႏၲရာယ္အတြက္စိုးရိမ္ရလို႔ မီးသတ္ဌာနက အျမဲသတိေပးစာေတြပို႔ခဲ႔ပါတယ္။ ရံုးပိုင္ပစၥည္းေတြ ပ်က္စီးရင္လည္း သူမ အေလ်ာ္ေပးရပါတယ္တဲ႔။ ဒါေပမဲ႔ ရံုးကဝန္ထမ္းေတြကိုလည္း ေပ်ာ္ေစခ်င္တယ္ သူကိုယ္တိုင္လည္း ဒီလိုတီထြင္ဖန္တီးရတာကို ဝါသနာပါတယ္ ပရိသတ္ေတြကိုလည္း မ်ိဳးစံုလုပ္ျပခ်င္လို႔ ဆက္လက္ျပီးေတာ့ ဗီဒီယိုေတြ ရိုက္ကူးေနဆဲၿဖစ္ပါတယ္တဲ႔။ ေရွာင္ရဲကို လက္ရွိအလုပ္ကေနထြက္ျပီး အင္တာနက္ဆယ္လီတစ္ေယာက္အေနနဲ႔ ပိုမ်ားတဲ့ဟင္းလ်ွာေတြဖန္တီးဖို႕ သူတိူ႔ကို ခ်က္ျပဳတ္ေကြ်းေမြးဖို႔ ဖိတ္ေခၚတဲ႔သူေတြအမ်ားျကီးရွိေပမဲ႔ ေလာေလာဆယ္ေတာ့လက္မခံထားပါဘူးတဲ႔။

ဗီဒီယိုရိုက္ကူးဖို႔ဇာတ္လမ္းဇာတ္ညႊန္းေတြ ဗီဒီယိုရိုက္ကူးတာ ဗီဒီယိုတည္းျဖတ္တာကအစ ေရွာင္ရဲကိုယ္တိုင္ပဲ လုပ္ပါတယ္တဲ႔ ။ ဒီလိုပဲ တစ္ပတ္ကို ဗီဒီယိုတစ္ပုဒ္ေလာက္ အေပ်ာ္တမ္းရိုက္ကူးျပီးေတာ့ ေနေနရတာကိုပဲ သေဘာက်ပါတယ္တဲ႔။ ေလာေလာဆယ္မွာေတာ့ျဖင့္ သူမရဲ႕ you tubeမွာ ဗီဒီယိုအပုဒ္ ၃၀ တင္ထားပါတယ္။

လက္ရွိမွာ တရုတ္နိုင္ငံျပည္မျကီး စစ္ခြ်မ္းစီရင္စုက ခ်န္တူးျမိဳ႕ရဲ႕ နည္းပညာကုမၸဏီတစ္ခုမွာ အခ်ိန္ပိုင္းဝန္ထမ္းအျဖစ္ ေဆာင္ရြက္ေနပါတယ္။ အသက္ကေတာ့ ၂၂နွစ္ရွိျပီလို႔သိရပါတယ္။ ခ်စ္သူမရွိေသးသလို ခ်စ္သူရည္းစားလည္းမထားခ်င္ပါဘူးတဲ႔ ။ အခ်ိန္ျပည့္ဝန္ထမ္းျဖစ္သြားေအာင္ ျကိုးစားခ်င္ပါေသးတယ္တဲ႔။ ေရွာင္ရဲကို အားေပးဝန္းရံခ်င္သူေတြအတြက္ေတာ့ ေရွာင္ရဲကိုယ္ပိုင္ Weibo,Facebookနဲ႔ You tube စာမ်က္နွာေတြရွိပါတယ္။ အဲ႔မွာဝင္ေရာက္ အားေပးဝန္းရံလို႔ရပါတယ္။စာမ်က္နွာေတြရဲ႕နာမည္ကေတာ့ #MsYeah办公室小野 ပါ။ ခ်စ္စရာလည္းေကာင္း အိုင္ဒီယာေတြလည္းအျမဲဆန္းသစ္ေနတဲ႔ မမေရွာင္ရဲ ဒီထက္မက ေအာင္ျမင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MsYeah办公室小野 翠琳 CL(天下第一)

# Unicode Version #
2017နှစ်အစပိုင်းကနေစပြီးတော့ တရုတ်နိုင်ငံမှာ အရမ်းဟော့လာတဲ့ အင်တာနက်ဆယ်လီလေး ရှိပါတယ်။ သူ့နာမည်ကတော့ ရှောင်ရဲ 小野 ပါ။ ရှောင်ရဲအသံထွက်နဲ့ နီးစပ်တဲ့ Yeah ကို အင်္ဂလိပ်နာမည်အဖြစ် ယူသုံးထားပါတယ်။ ရှောင်ရဲဟာ အများနဲ့မတူ ထူးထူးဆန်းဆန်းတွေ အိုင်ဒီယာအသစ်တွေနဲ့ ဗီဒီယိုလေးတွေ ရိုက်ကူးတင်ဆက်တာကြောင့် ပရိသတ် တော်တော်များများကို ဖမ်းစားတရုတ်အမျိုးသားထုကြီးက လက်ထပ်ချင်နေကြတဲ့ အင်တာနက်ပေါ်က ဆယ်လီမမလေး MsYeah 办公室小野နိုင်ပါတယ်။ ရှောင်ရဲဟာ ရုံးခန်းထဲမှာပဲ ထိုင်ပြီးတော့ အရသာရှိတဲ့ဟင်းလျှာ အများပြားကို ဖန်တီးပြနေသူပါ။ ရုံးခန်းထဲမှာပဲ ဟော့ပေါ့ချက်စားပြတယ် အကင်ဟင်းလျှာတွေ ချက်ပြတယ် ပီဇာဖုတ်တယ် ရေခဲမုန့်ကြော်တယ် စသည်ဖြင့်အမျိုးစုံပါပဲ။မီးဖိုးတွေ အကင်စက်တွေmicrowaveတွေ ovenတွေ ဘာဆိုဘာမှမသုံးဘဲနဲ့ ကွန်ပျူ တာက ဖျူ စ့်တွေ ကွိုင်တွေ ဝါယာကြိုး မီခလုတ် မီးသီး မီချောင်း စသည်ဖြင့် ပစ္စည်းမျိုးစုံကို မီးဖိုလေးအဖြစ် ယာယီသွယ်ဆက်ပြီး ချက်ပြုတ်ပြသူပါ။

ငယ်ငယ်ထဲက ပစ္စည်းကိရိယာမျိုးစုံကို ဖြုတ်လိုက်တပ်လိုက် လုပ်နေတဲ့သူမိုလို့ ပစ္စည်းတွေကိုဖြုတ်ပြီး သွယ်ဆက် ပြီးရင် ပြန်ပြီးနေရာမှန်ဆက်သွယ်ပေးရတာက သူမအတွက်မခက်ခဲပါဘူးတဲ့။ ဒါ့အပြင်မီးဖိုချောင်ကပစ္စည်းတွေနဲ့ပဲ အလှပြင်ပြတာတွေ ထူးထူးဆန်းဆန်းပစ္စည်းလေးတွေလုပ်ပြတာတွေက ရေပန်းအလွန်စားလှပါတယ်။ သူမပထမဆုံးလုပ်ပြတာကတော့ လျှပ်စစ်မီးပူနဲ့ အသားကင်လုပ်ပြတာပါပဲ။ သူမလုပ်တဲ့နည်းလမ်းလေးတွေဟာ အခုခေတ် ခေတ်စားနေတဲ့ DIY methodလေးတွေပါပဲ။ DIYဆိုတာကတော့ Do it yourselfလို့ အဓိပ္ပာယ်ရပြီးတော့ ကိုယ့်ပတ်ဝန်းကျင်က အသုံးမလိုတဲ့ပစ္စည်းလေးတွေ သာမန်လူတွေကြားထဲမှာ ရှိနေတဲ့သာမန်ပစ္စည်းလေးတွေနဲ့ပဲ လှလှပပ ထူးထူးဆန်းဆန်းလေးဖြစ်အောင် အသုံးလည်းဝင်အောင် လုပ်တဲ့ လက်မှုပညာလေးပါ။ ဒီပညာက တီထွင်သူရဲ့ စိတ်ကူးစိတ်သန်းပေါ်မူတည်ပြီး အမျိုးစုံပေါက်ဖွား ပွားများနိုင်စွမ်းပါတယ်။

သူမကုမ္ပဏီရဲ့သူဌေးကိုယ်တိုင်က ဒီလိုဗီဒီယိုလေးတွေကို အားပေးထောက်ခံပါတယ်တဲ့။အလုပ်ကသူငယ်ချင်းတွေကလည်း အားလုံးဝိုင်းကူပြီး ရှောင်ရဲဗီဒီယိုလေးတွေထဲမှာ ဝင်ပါရတာကို သိပ်သဘောကျပါတယ်တဲ့။ရှောင်ရဲဟာ ရုံးခန်းထဲမှာ ခွေးကလေး ကြောင်ကလေး ဝက်ကလေးနဲ့ ကြက်ကလေးတစ်ကောင်ကိုလည်း မွေးထားပါသေးတယ်။ ရှောင်ရဲကို သဘောမကျတဲ့သူတွေလည်းရှိပါတယ်။ နေချင်သလိုနေပြီး ရုံးခန်းထဲဟင်းချက်ပြနေတော့ ရှောင်ရဲဟာ အမှန်တကယ်ရုံးဝန်ထမ်းရော ဟုတ်ပါရဲ့လား အရမ်းချမ်းသာတဲ့ကျောထောက်နောက်ခံ များ ရှိမနေနိုင်ဘူးလား အစရှိသဖြင့် ဝေဖန်ကြပါသေးတယ်။ ဗီဒီယိုထဲမှာဆိုရင် ဝန်ထမ်းတွေအားလုံးဟာ အမြဲတမ်းရုပ်ရှင်ကြည့်လိုက် ဂိမ်းဆော့လိုက် အစားတွေစားလိုက်ဆိုတော့ ပိုပြီးတော့ မယုံသင်္ကာတွေဖြစ်ကုန်ကြပါတယ်။ ရှောင်ရဲကိုယ်တိုင်ပြောပြတာကတော့ သူမဟာ သာမန်ရုံးဝန်ထမ်း မိန်းကလေးတစ်ဦးသာဖြစ်ပြီးတော့ ချမ်းသာကြွယ်ဝလွန်းသူ မဟုတ်ပါကြောင်း သူအလုပ်လုပ်နေတဲ့ရုံးခန်းလေးကို ပျင်းရိခြောက်ကပ်မဖြစ်စေချင်လို့ ဒီလိုတစ်မူထူးခြားအောင် ဖန်တီးပေးတာဖြစ်ကြောင်း ပြောကြားထားပါတယ်။

သူမဖန်တီးမှုတချို့ဟာ မီးဘေးအန္တရာယ်အတွက်စိုးရိမ်ရလို့ မီးသတ်ဌာနက အမြဲသတိပေးစာတွေပို့ခဲ့ပါတယ်။ ရုံးပိုင်ပစ္စည်းတွေ ပျက်စီးရင်လည်း သူမ အလျော်ပေးရပါတယ်တဲ့။ ဒါပေမဲ့ ရုံးကဝန်ထမ်းတွေကိုလည်း ပျော်စေချင်တယ် သူကိုယ်တိုင်လည်း ဒီလိုတီထွင်ဖန်တီးရတာကို ဝါသနာပါတယ် ပရိသတ်တွေကိုလည်း မျိုးစုံလုပ်ပြချင်လို့ ဆက်လက်ပြီးတော့ ဗီဒီယိုတွေ ရိုက်ကူးနေဆဲဖြစ်ပါတယ်တဲ့။ ရှောင်ရဲကို လက်ရှိအလုပ်ကနေထွက်ပြီး အင်တာနက်ဆယ်လီတစ်ယောက်အနေနဲ့ ပိုများတဲ့ဟင်းလျှာတွေဖန်တီးဖို့ သူတိူ့ကို ချက်ပြုတ်ကျွေးမွေးဖို့ ဖိတ်ခေါ်တဲ့သူတွေအများကြီးရှိပေမဲ့ လောလောဆယ်တော့လက်မခံထားပါဘူးတဲ့။

ဗီဒီယိုရိုက်ကူးဖို့ဇာတ်လမ်းဇာတ်ညွှန်းတွေ ဗီဒီယိုရိုက်ကူးတာ ဗီဒီယိုတည်းဖြတ်တာကအစ ရှောင်ရဲကိုယ်တိုင်ပဲ လုပ်ပါတယ်တဲ့ ။ ဒီလိုပဲ တစ်ပတ်ကို ဗီဒီယိုတစ်ပုဒ်လောက် အပျော်တမ်းရိုက်ကူးပြီးတော့ နေနေရတာကိုပဲ သဘောကျပါတယ်တဲ့။ လောလောဆယ်မှာတော့ဖြင့် သူမရဲ့ you tubeမှာ ဗီဒီယိုအပုဒ် ၃၀ တင်ထားပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံပြည်မကြီး စစ်ချွမ်းစီရင်စုက ချန်တူးမြို့ရဲ့ နည်းပညာကုမ္ပဏီတစ်ခုမှာ အချိန်ပိုင်းဝန်ထမ်းအဖြစ် ဆောင်ရွက်နေပါတယ်။ အသက်ကတော့ ၂၂နှစ်ရှိပြီလို့သိရပါတယ်။ ချစ်သူမရှိသေးသလို ချစ်သူရည်းစားလည်းမထားချင်ပါဘူးတဲ့ ။ အချိန်ပြည့်ဝန်ထမ်းဖြစ်သွားအောင် ကြိုးစားချင်ပါသေးတယ်တဲ့။ ရှောင်ရဲကို အားပေးဝန်းရံချင်သူတွေအတွက်တော့ ရှောင်ရဲကိုယ်ပိုင် Weibo,Facebookနဲ့ You tube စာမျက်နှာတွေရှိပါတယ်။ အဲ့မှာဝင်ရောက် အားပေးဝန်းရံလို့ရပါတယ်။စာမျက်နှာတွေရဲ့နာမည်ကတော့ #MsYeah办公室小野 ပါ။ ချစ်စရာလည်းကောင်း အိုင်ဒီယာတွေလည်းအမြဲဆန်းသစ်နေတဲ့ မမရှောင်ရဲ ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: MsYeah办公室小野 翠琳 CL(天下第一)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top