ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ကမာၻ႔အေမြအႏွစ္စာရင္း၀င္ ဒီဆင္းတုေတာ္ႀကီးကုိ တရုတ္ႏုိင္ငံ တန္မင္းဆက္(ေအဒီ ၆၁၈- ၉၀၇ ) မွာ တည္ေဆာက္ခဲ့ပါတယ္။ မင္ဂ်င္း ၊ ဒါဒူ နဲ႔ ကြင္ဂ်ီျမစ္သုံးခုေပါင္းဆုံရာ ေတာင္နံရံမွာ ထြင္းထုထားတာပါ။ တရုတ္ႏိုင္ငံ ေတာင္ပုိင္း ဇီခြ်မ္ျပည္နယ္ၿမဳိ႕ေတာ္ Leshan ရဲ႕ အေရွ႕ဘက္ Emei ေတာင္ရဲ႕ ျမစ္ကမ္းပါးတစ္ခုေပၚမွာ ခက္ခက္ခဲခဲ အႏုပညာေျမာက္ထြင္းထုထားတာပါ။

ရုပ္ပြားေတာ္ႀကီးကုိ တရုတ္ဘုန္းေတာ္ႀကီး Haithong က ၇၁၃ခုႏွစ္မွာ ဦးစီးတည္ေဆာက္ခဲ့ပါတယ္။ တစ္ခ်ိန္က ဒီေနရာဟာ ေရစီးအလြန္ၾကမ္းလွၿပီး ေလွသေဘၤာမ်ား မၾကာခဏ ေမွာက္ေလ့ရွိတာေၾကာင့္ ဒီအႏၱရာယ္ကုိ ေပ်ာက္ကင္းေစျခင္း အလုိ႔ငွာ ဘုန္းေတာ္ႀကီးက တည္ေဆာက္ခဲ့တာပါ။ ရုပ္ပြားေတာ္ႀကီး ထြင္းထုရာမွာ ထြက္လာတဲ့ ေက်ာက္တုံးေတြဟာ ျမစ္ထဲကို က်ေရာက္ၿပီး ျမစ္ေရစီးမႈကုိ ေႏွးေကြးသြားေစတဲ့အတြက္ ဒီဆင္းတုေတာ္ႀကီးကို တည္ေဆာက္ၿပီး ေနာက္ပုိင္းမွာ ေလွ၊ သေဘၤာ နစ္ျမဳပ္မႈေတြ အလြန္နည္းပါးသြားပါတယ္။ ဘုန္းေတာ္ႀကီးရဲ႕ ဆႏၵျပည့္၀ခဲ့ပါတယ္။

ဘုန္းေတ္ာႀကီးဟာ ရုပ္တုေတာ္ႀကီး မၿပီးဆုံးမီမွာ ကြယ္လြန္ခဲ့ၿပီးတဲ့ေနာက္ ရန္ပုံေငြနည္းပါးမႈေၾကာင့္ ရုပ္တုတည္ေဆာက္ထြင္းထုျခင္းကုိ ရပ္တန္႔ခဲ့ရပါတယ္။ ႏွစ္ ၇၀ ေက်ာ္မွ အလွဴရွင္ေပၚလုိ႔ ျပန္ေဆာက္ႏုိင္ၿပီး ေအဒီ ၈၀၃ခုႏွစ္ မွာ ၿပီးေအာင္တည္ေဆာက္ႏုိင္ခဲ့ပါတယ္။

ရုပ္ပြားေတာ္ႀကီးဟာ ၇၁မီတာ(၂၃၃ေပ) ျမင့္မားၿပီး ဒီလုိအမ်ဳိးအစား ရုပ္ပြားေတာ္ေတြထဲက အႀကီးဆုံးျဖစ္ပါတယ္။ ပုခုံးႏွစ္ဖက္ ၇၉ေပ က်ယ္ၿပီး လက္ေခ်ာင္းေတြကေတာ့ ၂၇ေပ ရွည္ပါတယ္။ ျမစ္ကမ္းေဘးမွာ တည္ေဆာက္ထားတဲ့အတြက္ ကုန္းလမ္း ၊ ေရလမ္း ႏွစ္မ်ဳိးလုံးနဲ႔ ဖူးေမွ်ာ္ႏုိင္ပါတယ္။ ရု္ပပြားေတာ္ႀကီးေဘးမွာ အေပၚကုိ တက္တဲ့လမ္းရွိၿပီး ဦးေခါင္းေတာ္နဲ႔ တစ္တန္းတည္း အျမင့္ကေန ဖူးႏုိင္ပါတယ္။ အတက္အဆင္းလမ္းေတြကုိ ၈ရာစုခန္႔တည္းက တည္ေဆာက္ထားခဲ့တယ္လုိ႔ သိရပါတယ္။

ရုပ္ပြားေတာ္ႀကီး တည္ရွိရာေတာင္ကုိ Emei ေတာင္လုိ႔ေခၚၿပီး ဒီေတာင္ေပၚမွာ ႏွစ္ေထာင္ခ်ီ သက္တမ္းရွိတဲ့ အပင္မ်ားလည္း ရွိေနပါတယ္။ အရင္တုန္းကေတာ့ ရုပ္ပြားေတာ္ႀကီးမွာ ဘုံအျမင့္ ၃၀ထပ္ အမုိးရွိၿပီး မြန္ဂုိက်ဴးေက်ာ္သူေတြဖ်က္စီးပစ္လုိက္တဲ့အတြက္ ယခုအခါ မရွိေတာ့ပါ။

ရုပ္ပြားေတာ္ႀကီးဟာ ေလဒါဏ္မုိးဒါဏ္ ရာသီဥတုဒါဏ္ကုိ ႏွစ္ေပါင္း ၁၃၀၀ေက်ာ္ ခံခဲ့ေပမယ့္ ပ်က္စီးျခင္းမရွိတဲ့ အေၾကာင္းကေတာ့ ထြင္းထုတည္ေဆာက္စဥ္တုန္းက ေရဆင္းေျမာင္းေတြ ၊ ေရဆင္းပုိက္ေတြ ထည့္သြင္းတည္ေဆာက္ခဲ့တဲ့ ပညာရွင္ေတြရဲ႕ အုိင္ဒီယာေၾကာင့္လုိ႔ သိရပါတယ္။

ႏွစ္စဥ္ ေထာင္ေသာင္းခ်ီတဲ့ ကမာၻလွည့္ခရီးသြားမ်ား လာေရာက္ေလ့ရွိတဲ့ ဒီရုပ္ပြားေတာ္ႀကီးကုိ ၁၉၉၆ခုႏွစ္မွာ ယူနက္စကုိက ကမာၻ႔အေမြအႏွစ္အျဖစ္ ထည့္သြင္းသတ္မွတ္ၿပီး ထိမ္းသိမ္းခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Yawthama

# Unicode Version #
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒီဆင်းတုတော်ကြီးကို တရုတ်နိုင်ငံ တန်မင်းဆက်(အေဒီ ၆၁၈- ၉၀၇ ) မှာ တည်ဆောက်ခဲ့ပါတယ်။ မင်ဂျင်း ၊ ဒါဒူ နဲ့ ကွင်ဂျီမြစ်သုံးခုပေါင်းဆုံရာ တောင်နံရံမှာ ထွင်းထုထားတာပါ။ တရုတ်နိုင်ငံ တောင်ပိုင်း ဇီချွမ်ပြည်နယ်မြို့တော် Leshan ရဲ့ အရှေ့ဘက် Emei တောင်ရဲ့ မြစ်ကမ်းပါးတစ်ခုပေါ်မှာ ခက်ခက်ခဲခဲ အနုပညာမြောက်ထွင်းထုထားတာပါ။

ရုပ်ပွားတော်ကြီးကို တရုတ်ဘုန်းတော်ကြီး Haithong က ၇၁၃ခုနှစ်မှာ ဦးစီးတည်ဆောက်ခဲ့ပါတယ်။ တစ်ချိန်က ဒီနေရာဟာ ရေစီးအလွန်ကြမ်းလှပြီး လှေသင်္ဘောများ မကြာခဏ မှောက်လေ့ရှိတာကြောင့် ဒီအန္တရာယ်ကို ပျောက်ကင်းစေခြင်း အလို့ငှာ ဘုန်းတော်ကြီးက တည်ဆောက်ခဲ့တာပါ။ ရုပ်ပွားတော်ကြီး ထွင်းထုရာမှာ ထွက်လာတဲ့ ကျောက်တုံးတွေဟာ မြစ်ထဲကို ကျရောက်ပြီး မြစ်ရေစီးမှုကို နှေးကွေးသွားစေတဲ့အတွက် ဒီဆင်းတုတော်ကြီးကို တည်ဆောက်ပြီး နောက်ပိုင်းမှာ လှေ၊ သင်္ဘော နစ်မြုပ်မှုတွေ အလွန်နည်းပါးသွားပါတယ်။ ဘုန်းတော်ကြီးရဲ့ ဆန္ဒပြည့်ဝခဲ့ပါတယ်။

ဘုန်းတေ်ာကြီးဟာ ရုပ်တုတော်ကြီး မပြီးဆုံးမီမှာ ကွယ်လွန်ခဲ့ပြီးတဲ့နောက် ရန်ပုံငွေနည်းပါးမှုကြောင့် ရုပ်တုတည်ဆောက်ထွင်းထုခြင်းကို ရပ်တန့်ခဲ့ရပါတယ်။ နှစ် ၇၀ ကျော်မှ အလှူရှင်ပေါ်လို့ ပြန်ဆောက်နိုင်ပြီး အေဒီ ၈၀၃ခုနှစ် မှာ ပြီးအောင်တည်ဆောက်နိုင်ခဲ့ပါတယ်။

ရုပ်ပွားတော်ကြီးဟာ ၇၁မီတာ(၂၃၃ပေ) မြင့်မားပြီး ဒီလိုအမျိုးအစား ရုပ်ပွားတော်တွေထဲက အကြီးဆုံးဖြစ်ပါတယ်။ ပုခုံးနှစ်ဖက် ၇၉ပေ ကျယ်ပြီး လက်ချောင်းတွေကတော့ ၂၇ပေ ရှည်ပါတယ်။ မြစ်ကမ်းဘေးမှာ တည်ဆောက်ထားတဲ့အတွက် ကုန်းလမ်း ၊ ရေလမ်း နှစ်မျိုးလုံးနဲ့ ဖူးမျှော်နိုင်ပါတယ်။ ရု်ပပွားတော်ကြီးဘေးမှာ အပေါ်ကို တက်တဲ့လမ်းရှိပြီး ဦးခေါင်းတော်နဲ့ တစ်တန်းတည်း အမြင့်ကနေ ဖူးနိုင်ပါတယ်။ အတက်အဆင်းလမ်းတွေကို ၈ရာစုခန့်တည်းက တည်ဆောက်ထားခဲ့တယ်လို့ သိရပါတယ်။

ရုပ်ပွားတော်ကြီး တည်ရှိရာတောင်ကို Emei တောင်လို့ခေါ်ပြီး ဒီတောင်ပေါ်မှာ နှစ်ထောင်ချီ သက်တမ်းရှိတဲ့ အပင်များလည်း ရှိနေပါတယ်။ အရင်တုန်းကတော့ ရုပ်ပွားတော်ကြီးမှာ ဘုံအမြင့် ၃၀ထပ် အမိုးရှိပြီး မွန်ဂိုကျူးကျော်သူတွေဖျက်စီးပစ်လိုက်တဲ့အတွက် ယခုအခါ မရှိတော့ပါ။

ရုပ်ပွားတော်ကြီးဟာ လေဒါဏ်မိုးဒါဏ် ရာသီဥတုဒါဏ်ကို နှစ်ပေါင်း ၁၃၀၀ကျော် ခံခဲ့ပေမယ့် ပျက်စီးခြင်းမရှိတဲ့ အကြောင်းကတော့ ထွင်းထုတည်ဆောက်စဉ်တုန်းက ရေဆင်းမြောင်းတွေ ၊ ရေဆင်းပိုက်တွေ ထည့်သွင်းတည်ဆောက်ခဲ့တဲ့ ပညာရှင်တွေရဲ့ အိုင်ဒီယာကြောင့်လို့ သိရပါတယ်။

နှစ်စဉ် ထောင်သောင်းချီတဲ့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိတဲ့ ဒီရုပ်ပွားတော်ကြီးကို ၁၉၉၆ခုနှစ်မှာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် ထည့်သွင်းသတ်မှတ်ပြီး ထိမ်းသိမ်းခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Yawthama
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top