ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

Weightlifting Fairy Kim Bok Joo ရုပ္သံဇာတ္လမ္းတြဲမွာ ေခါင္းေဆာင္မင္းသား၊ မင္းသမီးအေနနဲ႔ ပါ၀င္ရိုက္ကူးရင္း ခ်စ္သူေတြျဖစ္ခဲ့ၾကတဲ့ သူတို႔ႏွစ္ေယာက္ဟာ လမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္း ၾသဂုတ္လကုန္ပိုင္းေလာက္က တရား၀င္ေၾကညာခဲ့ပါတယ္။

ခ်စ္သူျဖစ္ၿပီး လပိုင္းေလာက္အၾကာမွာပဲ အခုလို လမ္းခြဲလိုက္တဲ့ သတင္းထြက္လာလုိ႔ ပရိသတ္ေတြ စိတ္မေကာင္းျဖစ္ၾကရပါတယ္။
Related image
သူတို႔ႏွစ္ေယာက္ကုိ ျပန္တြဲေစခ်င္ၾကတဲ့ ပရိသတ္ေတြအမ်ားႀကီးပါပဲ။ သူတို႔ႏွစ္ေယာက္လမ္းခြဲၿပီးေနာက္မွာလည္း ဇာတ္ကားထဲမွာ အတူတူ တြဲရိုက္ခဲ့ၾကတဲ့ပံုေတြကို Instagram မွာ တင္ထားတာမို႔ သူငယ္ခ်င္းေကာင္းအျဖစ္ ဆက္ၿပီးရွိေနၾကတဲ့သေဘာ သက္ေရာက္တယ္လို႔လည္း တခ်ိဳ႕ သတင္းစာမ်က္ႏွာေတြေပၚမွာ ေဖာ္ျပၾကပါတယ္။
Related image
အလုပ္ေတြအရမ္းမ်ားၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ အခ်ိန္မေပးႏိုင္တာေၾကာင့္ လမ္းခြဲခဲ့ၾကတာျဖစ္တယ္လို႔ ေအဂ်င္စီက ေျပာထားေပမယ့္ ဘယ္လိုလူမႈေရး ျပႆနာေတြရွိေနသလဲဆိုတာကိုေတာ့ ထုတ္ေဖာ္ေျပာၾကားထားတာမ်ိဳးမရွိပါဘူး။

ႏွစ္ေယာက္လံုးဟာ အရပ္ျမင့္ျမင့္နဲ႔ လိုက္ဖက္တဲ့ စံုတြဲျဖစ္တယ္လို႔လည္း မွတ္ခ်က္ေပးခံရတဲ့ စံုတြဲပါ။ လမ္းခြဲလိုက္ၾကေတာ့ သူတို႔ကိုခ်စ္တဲ့ပရိသတ္ေတြအတြက္ေတာ့ စိတ္မေကာင္းစရာေပါ့ရွင္။

သူတို႔ႏွစ္ေယာက္ကို ခ်စ္ၾကတဲ့ ပရိသတ္ေတြအတြက္အတြက္ သူတို႔ရဲ႕ ကိုယ္ေရးအက်ဥ္းကို ေဖာ္ျပေပးလိုက္တယ္ေနာ္။

Nam Joo-Hyuk

ေမြးသကၠရာဇ္ – ၂၂ ၊ ေဖေဖာ္ဝါရီ၊ ၁၉၉၄

အရပ္အျမင့္ – ၁.၈၈ မီတာ ( ၆ ေပ ၂ လက္မ)

ေမြးရာ ေဒသ – ေတာင္ကိုးရီးယား၊ ဘူဆန္

အႏုပညာစလုပ္သည့္ခုႏွစ္ – ၂၀၁၃

Lee Sung-Kyung

ေမြးသကၠရာဇ္ – ၁၀၊ ၾသဂုတ္၊ ၁၉၉၀

အရပ္အျမင့္ – ၁.၇၅ မီတာ ( ၅ ေပ ၈ လက္မ)

ေမြးရာ ေဒသ – ေတာင္ကိုးရီးယား၊ Goyang

အႏုပညာစလုပ္သည့္ခုႏွစ္ – ၂၀၀၈

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mystylemyanmar
#Unicode Version#
Weightlifting Fairy Kim Bok Joo ရုပ်သံဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသား၊ မင်းသမီးအနေနဲ့ ပါဝင်ရိုက်ကူးရင်း ချစ်သူတွေဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်ဟာ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သြဂုတ်လကုန်ပိုင်းလောက်က တရားဝင်ကြေညာခဲ့ပါတယ်။

ချစ်သူဖြစ်ပြီး လပိုင်းလောက်အကြာမှာပဲ အခုလို လမ်းခွဲလိုက်တဲ့ သတင်းထွက်လာလို့ ပရိသတ်တွေ စိတ်မကောင်းဖြစ်ကြရပါတယ်။

သူတို့နှစ်ယောက်ကို ပြန်တွဲစေချင်ကြတဲ့ ပရိသတ်တွေအများကြီးပါပဲ။ သူတို့နှစ်ယောက်လမ်းခွဲပြီးနောက်မှာလည်း ဇာတ်ကားထဲမှာ အတူတူ တွဲရိုက်ခဲ့ကြတဲ့ပုံတွေကို Instagram မှာ တင်ထားတာမို့ သူငယ်ချင်းကောင်းအဖြစ် ဆက်ပြီးရှိနေကြတဲ့သဘော သက်ရောက်တယ်လို့လည်း တချို့ သတင်းစာမျက်နှာတွေပေါ်မှာ ဖော်ပြကြပါတယ်။

အလုပ်တွေအရမ်းများပြီး တစ်ယောက်နဲ့တစ်ယောက် အချိန်မပေးနိုင်တာကြောင့် လမ်းခွဲခဲ့ကြတာဖြစ်တယ်လို့ အေဂျင်စီက ပြောထားပေမယ့် ဘယ်လိုလူမှုရေး ပြဿနာတွေရှိနေသလဲဆိုတာကိုတော့ ထုတ်ဖော်ပြောကြားထားတာမျိုးမရှိပါဘူး။

နှစ်ယောက်လုံးဟာ အရပ်မြင့်မြင့်နဲ့ လိုက်ဖက်တဲ့ စုံတွဲဖြစ်တယ်လို့လည်း မှတ်ချက်ပေးခံရတဲ့ စုံတွဲပါ။ လမ်းခွဲလိုက်ကြတော့ သူတို့ကိုချစ်တဲ့ပရိသတ်တွေအတွက်တော့ စိတ်မကောင်းစရာပေါ့ရှင်။

သူတို့နှစ်ယောက်ကို ချစ်ကြတဲ့ ပရိသတ်တွေအတွက်အတွက် သူတို့ရဲ့ ကိုယ်ရေးအကျဉ်းကို ဖော်ပြပေးလိုက်တယ်နော်။

Nam Joo-Hyuk

မွေးသက္ကရာဇ် – ၂၂ ၊ ဖေဖော်ဝါရီ၊ ၁၉၉၄

အရပ်အမြင့် – ၁.၈၈ မီတာ ( ၆ ပေ ၂ လက်မ)

မွေးရာ ဒေသ – တောင်ကိုးရီးယား၊ ဘူဆန်

အနုပညာစလုပ်သည့်ခုနှစ် – ၂၀၁၃

Lee Sung-Kyung

မွေးသက္ကရာဇ် – ၁၀၊ သြဂုတ်၊ ၁၉၉၀

အရပ်အမြင့် – ၁.၇၅ မီတာ ( ၅ ပေ ၈ လက်မ)

မွေးရာ ဒေသ – တောင်ကိုးရီးယား၊ Goyang

အနုပညာစလုပ်သည့်ခုနှစ် – ၂၀၀၈


ဖိုးသူတော် (www.phothutaw.com)
Credit: Mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top