Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

IS အစၥလာမ္မစ္ႏိုင္ငံအဖြဲ႕က ျမန္မာႏိုင္ငံကို တိုက္မယ္ဆိုၿပီးေျပာထားတာေတြရွိေနကာ ေမာင္ေတာေဒသက အၾကမ္းဖက္သမားေတြ စုစည္းရာေနရာျဖစ္လာႏိုင္တာကုိ အင္ဒိုနီးရွားရဲခ်ဳပ္က သတိေပးခဲ့တယ္လို႔ အတိုင္ပင္ခံရံုးညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက ေျပာပါတယ္။

စက္တင္ဘာ ၁၃ ရက္ညေနပိုင္းက ေနျပည္ေတာ္ သမၼတအိမ္ေတာ္မွာ ျပဳလုပ္ခဲ့တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ခရီးစဥ္နဲ႔ ပတ္သက္တဲ့သတင္းစာရွင္းလင္းပြဲမွာ အတိုင္ပင္ခံရံုးညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက အခုလိုေျပာခဲ့တာ ျဖစ္ပါတယ္။

ဆီးရီးယားမွာ တိုက္ခိုက္ျပီးျပန္လာတဲ့ IS တပ္ဖြဲ႔၀င္ေတြကို ဖမ္းမိျပီး စစ္ေဆးတဲ့အခါ IS က ျမန္မာကို တိုက္ခိုက္ဖို႔ အစီအစဥ္ရွိတယ္ဆိုတာကို သိခဲ့ရတာလို႔ အင္ဒိုနီးရွားရဲခ်ဳပ္က ရန္ကုန္ၿမိဳ႕ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာနမွာလုပ္ခဲ့တဲ့ ေဆြးေႏြးပြဲတစ္ခုမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ရခိုင္မွာ အၾကမ္းဖက္တိုက္ခိုက္မွုေတြ ျဖစ္ပြားလာနိုင္တယ္ဆိုတာကို အစိုးရအေနနဲ႔ ႀကိဳတင္သိရွိခဲ့ အင္ဒိုနီးရွားရဲခ်ဳပ္ကေျပာခဲ့ၿပီး တိုက္ခိုက္မႈ စတင္ျဖစ္ပြားခဲ့တဲ့ အခ်ိန္မွာ တပ္မေတာ္စစ္ေၾကာင္းေတြက ေမယုေတာင္ေၾကာေပၚမွာ နယ္ေျမရွင္းလင္းေရး လုပ္ေနခဲ့တယ္လို႔လည္း ေျပာပါတယ္။

Source & Photo : MCN

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version#
IS အစ္စလာမ်မစ်နိုင်ငံအဖွဲ့က မြန်မာနိုင်ငံကို တိုက်မယ်ဆိုပြီးပြောထားတာတွေရှိနေကာ မောင်တောဒေသက အကြမ်းဖက်သမားတွေ စုစည်းရာနေရာဖြစ်လာနိုင်တာကို အင်ဒိုနီးရှားရဲချုပ်က သတိပေးခဲ့တယ်လို့ အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

စက်တင်ဘာ ၁၃ ရက်ညနေပိုင်းက နေပြည်တော် သမ္မတအိမ်တော်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲမှာ အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အခုလိုပြောခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယားမှာ တိုက်ခိုက်ပြီးပြန်လာတဲ့ IS တပ်ဖွဲ့ဝင်တွေကို ဖမ်းမိပြီး စစ်ဆေးတဲ့အခါ IS က မြန်မာကို တိုက်ခိုက်ဖို့ အစီအစဉ်ရှိတယ်ဆိုတာကို သိခဲ့ရတာလို့ အင်ဒိုနီးရှားရဲချုပ်က ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတစ်ခုမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရခိုင်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားလာနိုင်တယ်ဆိုတာကို အစိုးရအနေနဲ့ ကြိုတင်သိရှိခဲ့ အင်ဒိုနီးရှားရဲချုပ်ကပြောခဲ့ပြီး တိုက်ခိုက်မှု စတင်ဖြစ်ပွားခဲ့တဲ့ အချိန်မှာ တပ်မတော်စစ်ကြောင်းတွေက မေယုတောင်ကြောပေါ်မှာ နယ်မြေရှင်းလင်းရေး လုပ်နေခဲ့တယ်လို့လည်း ပြောပါတယ်။

Source & Photo : MCN


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top