Golden City Promotion
×



ေစ်းကြက္ထဲေရာက္လာတာ တစ္ပတ္ပဲ ရိွေသးတဲ့ iPhone 8 Plus အတြက္ ပထမဆံုး သတင္းဆိုးလို ့ဆိုရမွာပါ။

ထိုင္ဝမ္မွာ အသစ္စက္စက္ဝယ္ခါစ iPhone 8 Plus ဟာ အားသြင္းေနစဥ္ မထင္မွတ္ဘဲ ေပါက္ကဲြသြားခဲ့တယ္လို ့ဆိုပါတယ္။ ဒီဖုန္းပိုင္ရွင္ကေတာ့ ထိုင္ဝမ္အေနာက္ပိုင္း တီခြ်မ္ျမိဳ ့မွ ဝမ္လို ့ဆိုတဲ့ အမ်ိဳးသမီးျဖစ္ျပီး ျပီးခဲ့တဲ့ စေနေန ့ကမွ iPhone 8 PLus ကို ဝယ္ခဲ့တာ ျဖစ္ပါတယ္။ သူမ ဝယ္ထားတဲ့ အသစ္စက္စက္ iPhone 8 Plus ဟာ ဝယ္ျပီးငါးရက္အၾကာမွာ အားသြင္းစဥ္ ေပါက္ကဲြသြားတာလည္း ျဖစ္ပါတယ္။

အြန္လိုင္းေပၚ ပ်ံ ့ႏွံ ့လာတဲ့ ပံုေတြ ဗီြဒီယိုေတြအရေတာ့ ဖုန္းဟာ မီးမေလာင္ေပမယ့္ မွန္ျပင္ေတာ့ ၾကြတက္ကုန္တယ္လို ့ေဖာ္ျပထားပါတယ္။ မစၥဝမ္ရဲ့အဆိုအရ သူမဟာ ဖုန္းကို official အားသြင္းၾကိဳးနဲ ့အားသြင္းထားတာ ျဖစ္တယ္လို ့ဆိုပါတယ္။ အားသြင္းစဥ္က ဘက္ထရီအားဟာ ၇၀% ရိွေနျပီး အားသြင္းျပီး ၃ မိနစ္အတြင္းမွာ ေပါက္ကဲြသြားတာလို ့လည္း ေျပာပါတယ္။

ရုတ္တရပ္ဖုန္းေပါက္ကဲြမႈနဲ ့ၾကံဳျပီးေနာက္ မစၥဝမ္မွ မီးမေလာင္ေအာင္လို ့ပလပ္ျဖဳတ္လိုက္ရတယ္လို ့လည္း ဆိုပါတယ္။ သူမဝယ္ယူခဲ့တဲ့ iPhone 8 Plus ဟာ ပန္းႏုေရာင္ 64GB ဗားရွင္းျဖစ္ျပီး ယခုေပါက္ကဲြမႈဟာလည္း ဖုန္းဘက္ထရီေၾကာင့္ ျဖစ္မယ္လို ့ဆိုေနၾကပါတယ္။ iPhone 8 Plus ဟာ 2675 mAh ဘက္ထရီသံုးထားတာ ျဖစ္ျပီး စက္တင္ဘာလ ၂၂ ရက္ေန ့ကမွ ေစ်းကြက္ထဲ ေရာက္လာတာပါ။

အလားတူျဖစ္ရပ္မ်ိဳးကို ဂ်ပန္ႏိုင္ငံမွ iPhone 8 Plus မွာထားသူလည္း ျဖစ္ပြားခဲ့တယ္လို ့ဆိုပါတယ္။ သူ ့အျဖစ္မွာေတာ့ ပါကင္နဲ ့ေရာက္လာတဲ့ ဖုန္းကို ဖြင့္ၾကည့္ရာမွာ ဖုန္းမွန္ထြက္ျပီးသားၾကီး ပါလာတာ ျဖစ္ပါတယ္။ ဒီအေၾကာင္းကို သူလည္း Twitter (ေအာက္ပံု) မွာ တင္ထားခဲ့ပါတယ္။

ေပါက္ကဲြမႈျဖစ္သြားတဲ့ ဖုန္းကို Apple စက္ရံုဆီပို ့ထားျပီး ျဖစ္ရတဲ့ အေၾကာင္းရင္းကို စံုစမ္းေနတယ္လို ့ဆိုပါတယ္။ iPhone 8 Plus အတြက္ ဘက္ထရီကို Apple ဟာ Samsung SDI ၊ တရုတ္မွ Amperex Technology Limited နဲ ့LG Chem ကုမၸဏီမ်ားဆီကေန တင္သြင္းထားတာ ျဖစ္ပါတယ္။ ယခုဖုန္းမွာ သံုးထားတဲ့ ဘက္ထရီကိုေတာ့ ဘယ္ကုမၸဏီကေန ထုတ္ထားတာလဲ မသိရေသးပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version#

ဈေးကွက်ထဲရောက်လာတာ တစ်ပတ်ပဲ ရှိသေးတဲ့ iPhone 8 Plus အတွက် ပထမဆုံး သတင်းဆိုးလို့ဆိုရမှာပါ။

ထိုင်ဝမ်မှာ အသစ်စက်စက်ဝယ်ခါစ iPhone 8 Plus ဟာ အားသွင်းနေစဉ် မထင်မှတ်ဘဲ ပေါက်ကွဲသွားခဲ့တယ်လို့ဆိုပါတယ်။ ဒီဖုန်းပိုင်ရှင်ကတော့ ထိုင်ဝမ်အနောက်ပိုင်း တီချွမ်မြို့မှ ဝမ်လို့ဆိုတဲ့ အမျိုးသမီးဖြစ်ပြီး ပြီးခဲ့တဲ့ စနေနေ့ကမှ iPhone 8 PLus ကို ဝယ်ခဲ့တာ ဖြစ်ပါတယ်။ သူမ ဝယ်ထားတဲ့ အသစ်စက်စက် iPhone 8 Plus ဟာ ဝယ်ပြီးငါးရက်အကြာမှာ အားသွင်းစဉ် ပေါက်ကွဲသွားတာလည်း ဖြစ်ပါတယ်။

အွန်လိုင်းပေါ် ပျံ့နှံ့လာတဲ့ ပုံတွေ ဗွီဒီယိုတွေအရတော့ ဖုန်းဟာ မီးမလောင်ပေမယ့် မှန်ပြင်တော့ ကြွတက်ကုန်တယ်လို့ဖော်ပြထားပါတယ်။ မစ္စဝမ်ရဲ့အဆိုအရ သူမဟာ ဖုန်းကို official အားသွင်းကြိုးနဲ့အားသွင်းထားတာ ဖြစ်တယ်လို့ဆိုပါတယ်။ အားသွင်းစဉ်က ဘက်ထရီအားဟာ ၇၀% ရှိနေပြီး အားသွင်းပြီး ၃ မိနစ်အတွင်းမှာ ပေါက်ကွဲသွားတာလို့လည်း ပြောပါတယ်။

ရုတ်တရပ်ဖုန်းပေါက်ကွဲမှုနဲ့ကြုံပြီးနောက် မစ္စဝမ်မှ မီးမလောင်အောင်လို့ပလပ်ဖြုတ်လိုက်ရတယ်လို့လည်း ဆိုပါတယ်။ သူမဝယ်ယူခဲ့တဲ့ iPhone 8 Plus ဟာ ပန်းနုရောင် 64GB ဗားရှင်းဖြစ်ပြီး ယခုပေါက်ကွဲမှုဟာလည်း ဖုန်းဘက်ထရီကြောင့် ဖြစ်မယ်လို့ဆိုနေကြပါတယ်။ iPhone 8 Plus ဟာ 2675 mAh ဘက်ထရီသုံးထားတာ ဖြစ်ပြီး စက်တင်ဘာလ ၂၂ ရက်နေ့ကမှ ဈေးကွက်ထဲ ရောက်လာတာပါ။

အလားတူဖြစ်ရပ်မျိုးကို ဂျပန်နိုင်ငံမှ iPhone 8 Plus မှာထားသူလည်း ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ သူ့အဖြစ်မှာတော့ ပါကင်နဲ့ရောက်လာတဲ့ ဖုန်းကို ဖွင့်ကြည့်ရာမှာ ဖုန်းမှန်ထွက်ပြီးသားကြီး ပါလာတာ ဖြစ်ပါတယ်။ ဒီအကြောင်းကို သူလည်း Twitter (အောက်ပုံ) မှာ တင်ထားခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်သွားတဲ့ ဖုန်းကို Apple စက်ရုံဆီပို့ထားပြီး ဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေတယ်လို့ဆိုပါတယ်။ iPhone 8 Plus အတွက် ဘက်ထရီကို Apple ဟာ Samsung SDI ၊ တရုတ်မှ Amperex Technology Limited နဲ့LG Chem ကုမ္ပဏီများဆီကနေ တင်သွင်းထားတာ ဖြစ်ပါတယ်။ ယခုဖုန်းမှာ သုံးထားတဲ့ ဘက်ထရီကိုတော့ ဘယ်ကုမ္ပဏီကနေ ထုတ်ထားတာလဲ မသိရသေးပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top