လစဉ် (၄.၇၅) သိန်းကျော် သွင်းရုံဖြင့် သိန်း (၉၀၀) တန် ကွန်ဒို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
×


















Credit: Mytechmyanmar

# Unicode Version #
ကမ္ဘာပေါ်မှာရှိတဲ့ လူတွေ တော်တော်များများက Facebook ကို အသုံးပြုနေကြပါပြီ။ Facebook ကလည်း လူတွေရဲ့ အချက်အလက်တွေကို ရယူပြီး ဝင်ငွေ ရရှိဖို့ လုပ်ကိုင်နေတာပါ။

ဒါကြောင့် သူတို့က ဘယ်လို အချက်အလက်တွေကို အဓိက ခိုးယူသလဲဆိုတာ ဝေမျှချင်ပါတယ်။

Facebook က ဘာတွေ မှတ်ထားသလဲ

သင် Facebook ပေါ်မှာ “Likes” ထားတဲ့ ဓာတ်ပုံ၊ ဗီဒီယို၊ လူ၊ Notes၊ Comments တွေနဲ့ သင် Likes နဲ့ Shares ထားတဲ့ အရာတွေ အားလုံး။

သူငယ်ချင်းတွေနဲ့ Message Box ကနေ chat ထားတာတွေအားလုံး။

သင် Delete လုပ်လိုက်တဲ့ Messages, Wall Post နဲ့ Comments တွေ အားလုံး။

စာရိုက်ပြီးတော့ Post မနှိပ်ဘဲ ပြန်ဖျက်လိုက်တဲ့ စာသားတွေ။

လူတစ်ယောက်နဲ့ Friend စဖြစ်ကနေ Unfriend ဒါမှမဟုတ် Block သွားတဲ့ အချိန်တွေအထိ ပတ်သက်ခဲ့တဲ့အကြောင်းအရာများ။

Instagram တို့ WhatsApp တို့မှာ တင်ထားတဲ့ အကြောင်းအရာ၊ Likes လုပ်တာ စတဲ့ သင့်လုပ်ဆောင်ချက်တွေအားလုံး။ Instagram နဲ့ WhatsApp တို့က Facebook ပိုင်တာဖြစ်ပါတယ်။

သင်တက်ခဲ့တဲ့ ပွဲတွေ၊ သင်သွားခဲ့တဲ့နေရာ၊ မြို့တွေ ၊နိုင်ငံတွေ။

သင် Facebook ကို Log In လုပ်ခဲ့တဲ့ ပစ္စည်းတွေ စမတ်ဖုန်းတွေ။

သင် Facebook ကနေ တစ်ဆင့် ဝင်ခဲ့တဲ့ Websites တွေ။

ကိုယ့် ပညာရေးအဆင့်အတန်းနဲ့ဝင်ငွေ။

Facebook မဖွင့်ဘဲ Google ကနေ ဝင်ခဲ့တဲ့ Websites တွေ။ ဒါကြောင့် သင့် Wall Post မှာ တခါတလေ သင်ဝင်ရှာခဲ့တဲ့ ပစ္စည်း ကြော်ငြာတွေ တက်လာတာဖြစ်ပါတယ်။

သင့် Credit Card နံပါတ်တွေ။

သင့်နိုင်ငံရေး ယုံကြည်ချက်တွေ၊

သင့် မျက်နှာနဲ့ သင့်ပုံစံ။ ဒါကြေင့် သူငယ်ချင်းတွေ စုရိုက်ထားတဲ့ပုံ Facebook ပေါ်တင်လိုက်ရင် Facebook က ဘယ်သူလဲဆိုတာ ချက်ခြင်းသိပြီး နာမည်တွေ ပေါ်လာတတ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mytechmyanmar


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top