မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား ဝဘ်ဆိုက်
×
Credit: Cele City Media
#Unicode Version#
“၈ လပိုင်း ၂၅ ရက်နေ့ မွန်းလွဲပိုင်း၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် နယ်စပ်မှ ထွက်ပြေးလာခဲ့ကြတဲ့ ၁၂၅၀၀၀ ခန့်ရှိ ရိုအင်ဂျာ ခိုလှုံသူတွေဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး သူတို့ရဲ့ ၈၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေနဲ့ ကလေးတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသမှာ ကျန်ရှိနေတဲ့ ကလေးငယ်တွေကတော့ အရင်လို အကြမ်းဖက်မှုကို ခံနေရဆဲဖြစ်ပြီး နိုင်ငံတကာ လူမှု အဖွဲ့အစည်းမှ ကာကွယ်စောင့်ရှောက်မှုကို စောင့်နေလျက်ရှိပါတယ်။ Unicef မှလည်း ဘင်္ဂလားဒေရှ်မှာ ခိုလှုံနေသူ ကလေးငယ်တွေကို ကာကွယ်ရေး၊ အာဟာရ၊ ဆေးဝါး၊ ကျန်းမာရေး၊ ရိက္ခာတွေကို ထောက်ပံ့ပေးဖို့ ကြိုးစားလျက်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေအရ အကြမ်းဖက်မှုဖြစ်ပေါ်နေတဲ့ အခြေအနေကြောင့် Unicef မှ သွားရောက်လို့ မရနိုင်တဲ့ အနေအထားပဲဖြစ်ပါတယ်။ အတိတ်ကာလ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု အထောက်အပံ့ကို စီစဉ်ဆောင်ရွက်ပေးဖူးတဲ့ ကလေးငယ် အယောက် ၂၈၀၀၀ မှ စတင်ပြီး ဘင်္ဂလားဒေရှ့်နဲ့ နယ်နိမိတ် ထိဆက်နေတဲ့ ဘူးသီးတောင်နဲ့ မောင်တော ဒေသအတွင်း အာဟာရချို့တဲ့နေတဲ့ ကလေးငယ် အယောက် ၄၀၀၀ ဆီကိုတော့ မသွားနိုင်ပဲဖြစ်နေပါတယ်။ နယ်နိမိတ်စပ်ဆက်နေတဲ့ ဒေသနှစ်ခုမှ ကလေးငယ်တွေအတွက် အများပြည်သူတို့ရဲ့ ကာကွယ်ထောက်ပံ့မှုတွေ လိုအပ်ပါတယ်။”
ထို ရေးသားမှုအပေါ်မှာ မြန်မာပရိတ်သတ်အချို့ဟာ အကြမ်းဖတ်မှုသတင်းတွေဟာ သတင်းအမှားတွေဖြစ်ကြောင်းနဲ့ ပိုစ့်ကို ပြန်ဖျတ်ပေးစေလိုကြောင်း တောင်းဆိုကြရာ နောက်ဆုံးမှာ ပြန်ဖျတ်သွားခဲ့ပါတယ်။
Choi Siwon ဟာ Unicef မှ ကလေးသူငယ် ကာကွယ်ထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး ကျေးဇူးတင်လွှာကို လက်ခံရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Cele City Media
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top