ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အလွအပနဲ႔ပတ္သတ္ျပီး မိန္းကေလးေတြ စိုးရိမ္ပူပန္တတ္တဲ့ အခ်က္ေတြထဲက တစ္ခုကေတာ့ ရင္သားတြဲက်တာပါပဲ ။ ရင္သားတြဲက်ေနျခင္းက အိုရြယ္တဲ့ပံုစံ ေပါက္ေစသလို အလွပ်က္ကာ ယံုၾကည္မႈလည္း နည္းတတ္ပါတယ္ ။

    အသက္အရြယ္ေၾကာင့္လည္းေကာင္း
    စီးကရက္ေသာက္ျခင္းေၾကာင့္လည္းေကာင္း
    ကိုယ္ဝန္ေဆာင္ျခင္းေၾကာင့္လည္းေကာင္း
    ခႏၶာကိုယ္အေလးခ်ိန္ေျပာင္းလဲမႈေၾကာင့္လည္းေကာင္း
    ေနထိုင္စားေသာက္ပံုလြဲမွားျခင္းေၾကာင့္လည္းေကာင္း စတဲ့အေၾကာင္းျပခ်က္ေတြေၾကာင့္ ရင္သားတြဲက်မႈ ျဖစ္ေစပါတယ္။ အမ်ားအားျဖင့္ေတာ့ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားဟာ ရင္သားတြဲက်မႈျပႆနာနဲ႔ တခ်ိန္ခ်ိန္မွာ ရင္ဆိုင္ေတြ႕နိုင္ပါတယ္ ။ သို႔ေသာ္ စိတ္ပူစရာမရွိပါဘူး ။ ရင္သားတြဲျခင္းကို ကုသနိုင္တဲ့ နည္းလမ္းေတြ အမ်ားၾကီးရွိပါတယ္ ။

၁။ Ice Massage

Ice Massage ဆိုတာကေတာ့ ေရခဲတံုးကို အသံုးျပဳျပီး နွိပ္နယ္တဲ့ နည္းလမ္းပါ ။ ရင္သားတြဲက်ျခင္းနဲ႔ ရင္ဆိုင္ရတဲ့အခါ ထိေရာက္ေကာင္းမြန္တဲ့ ဒီနည္းလမ္းကို မေမ့သင့္ပါဘူး ။ ဒီကုသမႈအတြက္ ေရခဲတံုး ၂တံုးပဲ လိုပါတယ္ ။ ပထမဆံုး ေရခဲ၁တံုးကို ယူျပီး ရင္သားနွစ္ဖက္စလံုးကို ၂မိနစ္ခန္႔ၾကာတဲ့အထိ ညွင္သာစြာ ပြတ္ေပးပါ ။ ျပီးလွ်င္ ေနာက္ထပ္၁တံုးကို ယူပါ။ ျပီးေနာက္ ရင္သားတစ္ဖက္စီကို ေရခဲတံုးသံုးျပီး ေနာက္ထပ္ ၂မိနစ္ခန္႔ၾကာေအာင္ ေျဖးညွင္းစြာ နွိပ္နယ္ေပးပါ ။ ျပီးသြားလွ်င္ေတာ့ ရင္သားကို နူးညံ့တဲ့ သဘက္ေလးျဖင့္ သုတ္ျပီး နာရီဝက္ခန္႔ၾကာေအာင္ ပက္လက္လွန္အေနအထား လွဲေနပါ ။ တစ္ေန႔ ၄၊ ၅ၾကိမ္ခန္႔ ေန႔စဥ္ပံုမွန္ျပဳလုပ္ျခင္းျဖင့္ သင္လိုခ်င္တဲ့ ရလဒ္ကို ျပန္လည္ရရွိလာမွာပါ ။
Image result for tips-for-breast-sagging
၂။သံလြင္ဆီ

Antioxidants နဲ႔ Fatty acid ေတြ ေပါၾကြယ္ဝတဲ့ သံလြင္ဆီက ရင္သားတြဲက်ျခင္းကို အေကာငး္ဆံုး ျပန္လည္တင္းရင္းေစနိုင္ပါတယ္ ။ သင့္ရဲ႔ ရင္နွစ္မႊာကို ျပန္လည္တင္းရင္းေစဖို႔ သံလြင္ဆီ ၂ဇြန္းပဲ လိုတယ္ ။ ပထမဦးစြာ သံလြင္ဆီ လက္ဖက္ရည္ဇြန္း ၁ဇြန္းကို လက္ဖဝါးေပၚတင္ျပီး ပူသြားေအာင္ လက္နွစ္ဖက္ျဖင့္ အနည္းငယ္ ပြတ္လိုက္ပါ ။ ထို႔ေနာက္ ရင္သားေပၚကို အထက္မွေအာက္သို႔ ညွင္သာစြာ နွိပ္နယ္လိမ္းေပးပါ ။ ၁၀မိနစ္ခန္႔ၾကာေအာင္ နွိပ္နယ္ပြတ္ျပီးလွ်င္ ေနာက္ထပ္၁ဇြန္းထပ္ထည့္ျပီး ပထမလုပ္သလို လုပ္ေပးပါ။ စုစုေပါင္း အနည္းဆံုး မိနစ္ ၂၀ခန္႔ၾကာေအာင္ နွိပ္နယ္ေပးပါ ။ ဒီနည္းလမ္းကို တစ္ပါတ္လွ်င္ အနည္းဆံုး ၄ၾကိမ္ ျပဳလုပ္ေပးရမွာပါ ။

၃။ၾကက္ဥအနွစ္နွင့္သခြားသီး

ဒီနည္းလမ္းေလးက လူသိပ္မသိတဲ့ နည္းလမ္းေလးပဲျဖစ္ပါတယ္ ။ လိုအပ္တဲ့ပစၥည္းေတြကေတာ့ ၾကက္ဥအနွစ္ ၁လံုး ၊ သခြားသီး ၁လံုး ၊ ေထာပတ္ ၁ဇြန္းပဲ ျဖစ္ပါတယ္ ။ သခြားသီးကို အခြံခြာေဆးေၾကာျပီး blender ထဲထည့္ၾကိတ္ပါ ။ ထို႔ေနာက္ ၾကက္ဥအနွစ္ နွင့္ ေထာပတ္ကို ထပ္ေလာင္းထည့္လိုက္ပါ ။ ထုိ႔ေနာက္ နွံ႔စပ္ေအာင္ သမလိုက္ပါ ။ ျပီးေနာက္ ရင္သားေပၚမွာ သုတ္လိမ္းလိုက္ပါ ။ နာရီဝက္ခန႔္ၾကာလွ်င္ ေရေအးျဖင့္ ေဆးေၾကာေပးပါ  ။ တစ္ပါတ္တစ္ၾကိမ္ ပံုမွန္ျပဳလုပ္ေပးပါ ။

ရင္သားတြဲက်မႈမျဖစ္ေအာင္ ဘယ္လိုေနထိုင္ကာကြယ္မလဲ ?

    က်ပ္လြန္း ၊ ေခ်ာင္လြန္းေသာ ဘရာမ်ား ဝတ္ဆင္ျခင္းကို ေရွာင္ပါ ။ Fit ျဖစ္တဲ ့ဘရာကိုသာ ဝတ္ဆင္ပါ။
    ရင္သားအသားေပး ေလ့က်င့္ခန္းမ်ား ပံုမွန္လုပ္ေဆာင္ေပးပါ။
    ေလ့က်င့္ခန္းလုပ္တဲ့အခ်ိန္မွာ sport bra ဝတ္ဆင္ပါ ။
    အေရျပားေပၚရွိ ဆဲလ္ေသမ်ားကို ဖယ္ရွားေပးရန္ body scrub ျပဳလုပ္ပါ။
    အေရျပားတင္းရင္းေစတဲ့ ခရင္မ္ (သို႔) လိုးရွင္းမ်ားလည္း လိမ္းေပးပါ ။

တင္းရင္းတဲ့ရင္သားအလွကို မပ်က္စီးေစဖို႔ နည္းလမ္းမ်ားကို အျခားသူငယ္ခ်င္းေတြသိေအာင္လည္း မ််ေဝေပးပါဦးေန္ာ..

ဖိုးသူေတာ္ (www.phothutaw.com)
Credit: CHAN (ေရႊအင္းေလး)

#Unicode Version#
အလှအပနဲ့ပတ်သတ်ပြီး မိန်းကလေးတွေ စိုးရိမ်ပူပန်တတ်တဲ့ အချက်တွေထဲက တစ်ခုကတော့ ရင်သားတွဲကျတာပါပဲ ။ ရင်သားတွဲကျနေခြင်းက အိုရွယ်တဲ့ပုံစံ ပေါက်စေသလို အလှပျက်ကာ ယုံကြည်မှုလည်း နည်းတတ်ပါတယ် ။

    အသက်အရွယ်ကြောင့်လည်းကောင်း
    စီးကရက်သောက်ခြင်းကြောင့်လည်းကောင်း
    ကိုယ်ဝန်ဆောင်ခြင်းကြောင့်လည်းကောင်း
    ခန္ဓာကိုယ်အလေးချိန်ပြောင်းလဲမှုကြောင့်လည်းကောင်း
    နေထိုင်စားသောက်ပုံလွဲမှားခြင်းကြောင့်လည်းကောင်း စတဲ့အကြောင်းပြချက်တွေကြောင့် ရင်သားတွဲကျမှု ဖြစ်စေပါတယ်။ အများအားဖြင့်တော့ အမျိုးသမီးတော်တော်များများဟာ ရင်သားတွဲကျမှုပြဿနာနဲ့ တချိန်ချိန်မှာ ရင်ဆိုင်တွေ့နိုင်ပါတယ် ။ သို့သော် စိတ်ပူစရာမရှိပါဘူး ။ ရင်သားတွဲခြင်းကို ကုသနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ် ။

၁။ Ice Massage

Ice Massage ဆိုတာကတော့ ရေခဲတုံးကို အသုံးပြုပြီး နှိပ်နယ်တဲ့ နည်းလမ်းပါ ။ ရင်သားတွဲကျခြင်းနဲ့ ရင်ဆိုင်ရတဲ့အခါ ထိရောက်ကောင်းမွန်တဲ့ ဒီနည်းလမ်းကို မမေ့သင့်ပါဘူး ။ ဒီကုသမှုအတွက် ရေခဲတုံး ၂တုံးပဲ လိုပါတယ် ။ ပထမဆုံး ရေခဲ၁တုံးကို ယူပြီး ရင်သားနှစ်ဖက်စလုံးကို ၂မိနစ်ခန့်ကြာတဲ့အထိ ညှင်သာစွာ ပွတ်ပေးပါ ။ ပြီးလျှင် နောက်ထပ်၁တုံးကို ယူပါ။ ပြီးနောက် ရင်သားတစ်ဖက်စီကို ရေခဲတုံးသုံးပြီး နောက်ထပ် ၂မိနစ်ခန့်ကြာအောင် ဖြေးညှင်းစွာ နှိပ်နယ်ပေးပါ ။ ပြီးသွားလျှင်တော့ ရင်သားကို နူးညံ့တဲ့ သဘက်လေးဖြင့် သုတ်ပြီး နာရီဝက်ခန့်ကြာအောင် ပက်လက်လှန်အနေအထား လှဲနေပါ ။ တစ်နေ့ ၄၊ ၅ကြိမ်ခန့် နေ့စဉ်ပုံမှန်ပြုလုပ်ခြင်းဖြင့် သင်လိုချင်တဲ့ ရလဒ်ကို ပြန်လည်ရရှိလာမှာပါ ။

၂။သံလွင်ဆီ

Antioxidants နဲ့ Fatty acid တွေ ပေါကြွယ်ဝတဲ့ သံလွင်ဆီက ရင်သားတွဲကျခြင်းကို အကောင်းဆုံး ပြန်လည်တင်းရင်းစေနိုင်ပါတယ် ။ သင့်ရဲ့ ရင်နှစ်မွှာကို ပြန်လည်တင်းရင်းစေဖို့ သံလွင်ဆီ ၂ဇွန်းပဲ လိုတယ် ။ ပထမဦးစွာ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ဇွန်းကို လက်ဖဝါးပေါ်တင်ပြီး ပူသွားအောင် လက်နှစ်ဖက်ဖြင့် အနည်းငယ် ပွတ်လိုက်ပါ ။ ထို့နောက် ရင်သားပေါ်ကို အထက်မှအောက်သို့ ညှင်သာစွာ နှိပ်နယ်လိမ်းပေးပါ ။ ၁၀မိနစ်ခန့်ကြာအောင် နှိပ်နယ်ပွတ်ပြီးလျှင် နောက်ထပ်၁ဇွန်းထပ်ထည့်ပြီး ပထမလုပ်သလို လုပ်ပေးပါ။ စုစုပေါင်း အနည်းဆုံး မိနစ် ၂၀ခန့်ကြာအောင် နှိပ်နယ်ပေးပါ ။ ဒီနည်းလမ်းကို တစ်ပါတ်လျှင် အနည်းဆုံး ၄ကြိမ် ပြုလုပ်ပေးရမှာပါ ။

၃။ကြက်ဥအနှစ်နှင့်သခွားသီး

ဒီနည်းလမ်းလေးက လူသိပ်မသိတဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ် ။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်ဥအနှစ် ၁လုံး ၊ သခွားသီး ၁လုံး ၊ ထောပတ် ၁ဇွန်းပဲ ဖြစ်ပါတယ် ။ သခွားသီးကို အခွံခွာဆေးကြောပြီး blender ထဲထည့်ကြိတ်ပါ ။ ထို့နောက် ကြက်ဥအနှစ် နှင့် ထောပတ်ကို ထပ်လောင်းထည့်လိုက်ပါ ။ ထို့နောက် နှံ့စပ်အောင် သမလိုက်ပါ ။ ပြီးနောက် ရင်သားပေါ်မှာ သုတ်လိမ်းလိုက်ပါ ။ နာရီဝက်ခန့်ကြာလျှင် ရေအေးဖြင့် ဆေးကြောပေးပါ  ။ တစ်ပါတ်တစ်ကြိမ် ပုံမှန်ပြုလုပ်ပေးပါ ။

ရင်သားတွဲကျမှုမဖြစ်အောင် ဘယ်လိုနေထိုင်ကာကွယ်မလဲ ?

    ကျပ်လွန်း ၊ ချောင်လွန်းသော ဘရာများ ဝတ်ဆင်ခြင်းကို ရှောင်ပါ ။ Fit ဖြစ်တဲ့ဘရာကိုသာ ဝတ်ဆင်ပါ။
    ရင်သားအသားပေး လေ့ကျင့်ခန်းများ ပုံမှန်လုပ်ဆောင်ပေးပါ။
    လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ sport bra ဝတ်ဆင်ပါ ။
    အရေပြားပေါ်ရှိ ဆဲလ်သေများကို ဖယ်ရှားပေးရန် body scrub ပြုလုပ်ပါ။
    အရေပြားတင်းရင်းစေတဲ့ ခရင်မ် (သို့) လိုးရှင်းများလည်း လိမ်းပေးပါ ။

တင်းရင်းတဲ့ရင်သားအလှကို မပျက်စီးစေဖို့ နည်းလမ်းများကို အခြားသူငယ်ချင်းတွေသိအောင်လည်း မျျဝေပေးပါဦးနေ်ာ..

ဖိုးသူတော် (www.phothutaw.com)
Credit: CHAN (ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top