Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အသက္ ၁၇ ႏွစ္အရြယ္ Sharoon Masih ဆိုသူ ေက်ာင္းသားသည္ ပန္ဂ်ပ္ျပည္နယ္ရွိ ေက်ာင္းသို႔ တက္ေရာက္ၿပီး ၄ ရက္ေျမာက္အၾကာတြင္ ျဖစ္ပ်က္ခဲ့ျခင္းျဖစ္သည္။
ထိတ္လန႔္စရာေကာင္းလွသည္မွာ လူမဆန္စြာ ဝိုင္းဝန္းရိုက္ႏွက္မွုျဖစ္ပြားစဥ္ ဆရာျဖစ္သူက အခန္းထဲ၌ ရွိခဲ့ေသာ္လည္း သူဟာ သတင္းစာဖတ္ေနတဲ့အတြက္ ဘာမွမျမင္ဖူးလို႔ ေျပာဆိုခဲ့ပါတယ္။

Sharoon ၏ မိဘမ်ားက သားျဖစ္သူ ပညာေရးပိုေကာင္းေစရန္ ပိုက္ဆံစုကာ အစိုးရအထက္တန္းေက်ာင္းသို႔ ပို႔ခဲ့ျခင္းျဖစ္သည္။ သူေက်ာင္းစတက္သည့္ ၾသဂုတ္လ ၂၅ ရက္ေန႔ ကတည္းက အတန္းေဖာ္ မူဆလင္မ်ားက ခရစ္ယာန္ဘာသာဝင္ျဖစ္ေနသည့္ Sharoon ကို ဝိုင္းဝန္း အနိုင္က်င့္မွုမ်ား ရွိခဲ့သည္။

အတန္းေဖာ္တစ္ဦးျဖစ္သူက “မင္းက ခရစ္ယာန္ မင္းမေသခ်င္ရင္ ငါတို႔နဲ႔အတူလာမထိုင္နဲ႔” ဟု ေျပာဆိုခံရၿပီးေနာက္ မိခင္ျဖစ္သူ Razi Bibi က သားျဖစ္သူအား အစၥလာမ္ကေလးမ်ားနဲ႔ ပူးပူးကပ္ကပ္ မေနရန္ သတိေပးခဲ့သည္ဟု ၿဗိတိသၽွပါကစၥတန္ခရစ္ယာန္မ်ား အသင္းက ေျပာၾကားခဲ့သည္။

သားျဖစ္သူက သူေန႔စဥ္အနိုင္က်င့္ခံရမွုမ်ားကို မိခင္ကိုသာ ေျပာခဲ့ၿပီး ဖခင္ကို စိတ္မေကာင္းျဖစ္မွာစိုးသျဖင့္ ဖြင့္မေျပာခဲ့ေၾကာင္း၊ သူမ၏ သားျဖစ္သူမွာ ၾကာင္နာတတ္သူျဖစ္ၿပီး သူတစ္ပါးထိခိုက္မည့္ ကိစၥမ်ားကို ဘယ္တုန္းကမၽွ မလုပ္ခဲ့ဖူးေၾကာင္း မိခင္ျဖစ္သူ ဘီဘီက ေျပာၾကားခဲ့သည္။

သူမ၏ သားရိုက္ႏွက္ခံ ေသဆုံးမွုတြင္ ပါဝင္ခဲ့ေသာ ကေလးငယ္မ်ား ဝန္ခံရန္ ျငင္းဆန္ခဲ့ၾကသည့္အတြက္ ရဲအဖြဲ႕၏ ကိုင္တြယ္ေျဖရွင္းမွု အားနည္းသည္ဟု ေျပာဆိုခဲ့ၿပီး အဆုံးတစ္ေန႔က်ရင္ေတာ့ ဘုရားသခင္က အမွန္တရားကို စီရင္ပါလိမ့္မယ္ဟု ဝမ္းနည္းပက္လက္ ေျပာၾကားခဲ့သည္။

သတင္းရင္းျမစ္ - ေဒးလီးေမးလ္
ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
အသက် ၁၇ နှစ်အရွယ် Sharoon Masih ဆိုသူ ကျောင်းသားသည် ပန်ဂျပ်ပြည်နယ်ရှိ ကျောင်းသို့ တင်ရောက်ပြီး ၄ ရက်မြောက်အကြာတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။
ထိတ်လန့်စရာကောင်းလှသည်မှာ လူမဆန်စွာ ဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားစဉ် ဆရာဖြစ်သူက အခန်းထဲ၌ ရှိခဲ့သော်လည်း သူဟာ သတင်းစာဖတ်နေတဲ့အတွက် ဘာမှမမြင်ဖူးလို့ ပြောဆိုခဲ့ပါတယ်။

Sharoon ၏ မိဘများက သားဖြစ်သူ ပညာရေးပိုကောင်းစေရန် ပိုက်ဆံစုကာ အစိုးရအထက်တန်းကျောင်းသို့ ပို့ခဲ့ခြင်းဖြစ်သည်။ သူကျောင်းစတက်သည့် သြဂုတ်လ ၂၅ ရက်နေ့ ကတည်းက အတန်းဖော် မူဆလင်များက ခရစ်ယာန်ဘာသာဝင်ဖြစ်နေသည့် Sharoon ကို ဝိုင်းဝန်း အနိုင်ကျင့်မှုများ ရှိခဲ့သည်။

အတန်းဖော်တစ်ဦးဖြစ်သူက “မင်းက ခရစ်ယာန် မင်းမသေချင်ရင် ငါတို့နဲ့အတူလာမထိုင်နဲ့” ဟု ပြောဆိုခံရပြီးနောက် မိခင်ဖြစ်သူ Razi Bibi က သားဖြစ်သူအား အစ္စလာမ်ကလေးများနဲ့ ပူးပူးကပ်ကပ် မနေရန် သတိပေးခဲ့သည်ဟု ဗြိတိသျှပါကစ္စတန်ခရစ်ယာန်များ အသင်းက ပြောကြားခဲ့သည်။

သားဖြစ်သူက သူနေ့စဉ်အနိုင်ကျင့်ခံရမှုများကို မိခင်ကိုသာ ပြောခဲ့ပြီး ဖခင်ကို စိတ်မကောင်းဖြစ်မှာစိုးသဖြင့် ဖွင့်မပြောခဲ့ကြောင်း၊ သူမ၏ သားဖြစ်သူမှာ ကြာင်နာတတ်သူဖြစ်ပြီး သူတစ်ပါးထိခိုက်မည့် ကိစ္စများကို ဘယ်တုန်းကမျှ မလုပ်ခဲ့ဖူးကြောင်း မိခင်ဖြစ်သူ ဘီဘီက ပြောကြားခဲ့သည်။

သူမ၏ သားရိုက်နှက်ခံ သေဆုံးမှုတွင် ပါဝင်ခဲ့သော ကလေးငယ်များ ဝန်ခံရန် ငြင်းဆန်ခဲ့ကြသည့်အတွက် ရဲအဖွဲ့၏ ကိုင်တွယ်ဖြေရှင်းမှု အားနည်းသည်ဟု ပြောဆိုခဲ့ပြီး အဆုံးတစ်နေ့ကျရင်တော့ ဘုရားသခင်က အမှန်တရားကို စီရင်ပါလိမ့်မယ်ဟု ဝမ်းနည်းပက်လက် ပြောကြားခဲ့သည်။

သတင်းရင်းမြစ် - ဒေးလီးမေးလ်

ဖိုးသူတော် (www.phothutaw.com)
Credit: popolay


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top