ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

တခ်ိဳ႕စံုတြဲေတြ႐ွိတယ္။ ေကာင္ေလးျဖစ္ျဖစ္ ေကာင္မေလးျဖစ္ျဖစ္ တစ္ေယာက္ေယာက္က အရမ္းေခ်ာ၊ အရမ္းငယ္ေနၿပီး တစ္ေယာက္ကေတာ့ ႐ုပ္ဆိုးတာမ်ိဳးေလ။ ကိုယ္ေတြကေတာ့ ဘာလို႔မ်ား ဒီအတြဲ ခ်စ္သူေတြျဖစ္သြားလဲဆိုတာ သိပ္ၿပီးစပ္စုခ်င္ၾကတာ။ လူႀကီးေတြ ေျပာစကားနဲ႔ဆုိရင္ အလွအပဆုိတာ ၾကည့္တဲ့သူေပၚမွာပဲ မူတည္သတဲ့။ ဘာေၾကာင့္ အလွအပက ၾကည့္တဲ့လူရဲ႕အျမင္ေပၚ မူတည္ရတာလဲ?
၁။ ခ်စ္တယ္

ကိုယ္က သူ႔ကိုခ်စ္မိတယ္။ ခိုက္ေနမိတယ္ဆုိရင္ သူဘာလုပ္လုပ္ကို သေဘာက်ေနတာ။ အခ်စ္ဟာ အျပစ္ေတြကို ဖယ္႐ွားလိုက္ႏုိင္စြမ္းရွိတယ္။ သူ႔ရဲ႕ခ်ိဳ႕ယြင္းခ်က္ေတြကို မျမင္ႏိုင္ေတာ့ေလာက္ေအာင္ ျဖစ္သြားတယ္။
၂။ ႐ုပ္ရည္ထက္ အရည္အေသြးကအေရးႀကီးတယ္

႐ုပ္ကေတာ့ မေခ်ာပါဘူး။ ဒါေပမဲ့ အရည္အခ်င္း႐ွိတဲ့လူျဖစ္တယ္။ သူ႔ရဲ႕ကိုယ္ရည္ကိုယ္ေသြး ေကာင္းမြန္မႈကသာ ႀကီးမားတဲ့ ဆြဲေဆာင္မႈျဖစ္ေနတယ္ေလ။
၃။ အႀကိဳက္မတူဘူး

ကိုယ့္မ်က္စိထဲ ႐ုပ္ဆိုးေနေပမဲ့ သူ႔မ်က္စိထဲေတာ့ လွခ်င္လွေနတာေလ။ ဒါကို အေမရိကမွာ႐ွိတဲ့ Cornell တကၠသိုလ္က ေလ့လာမႈတစ္ခု ျပဳလုပ္ၿပီး သက္ေသျပခဲ့တယ္။ ဘာလဲဆုိေတာ့ ေခါင္းစဥ္ေတြအမ်ိဳးမ်ိဳးေပးၿပီး ဆြဲေဆာင္မႈအေပၚ rating ေပးခိုင္းခဲ့ပါတယ္။ အဲ့ဒီမွာ ဘာေတြ႕ရလဲဆုိရင္ တခ်ိဳ႕အရာေတြဟာ rating နည္းနည္းပဲ ေပးခံရတာရွိသလို rating မ်ားမ်ား ရတာလည္း ေတြ႔ရတယ္။ အႀကိဳက္မတူတဲ့သေဘာေပါ့။

၄။ ေလးစားအားက်မႈ

စီနီယာအိုပါးနဲ႔ ဂ်ဴနီယာ ညီမေလးတုိ႔ရဲ႕အခ်စ္မ်ိဳး။ ကိုယ့္ထက္ပိုၿပီး အသိပညာ ဗဟုသုတၾကြယ္တယ္။ အဲ့တာေတြကိုလည္း ကိုယ္က သေဘာက်အထင္ႀကီးတယ္ဆုိရင္ ႐ုပ္ရည္ဆုိတာ ေခါင္းထဲေတာင္မစဥ္းစားမိဘူး။
၅။ ခ်စ္ေရးခ်စ္ရာ

တခ်ိဳ႕ေတြက ႐ုပ္ကသာမလွတာ အရမ္းကို ႐ိုမန္႔တစ္တာ။ ခ်စ္ျပတတ္လြန္းတယ္။ လူေတြေ႐ွ႕မွာေရာ၊ ႏွစ္ေယာက္တည္း႐ွိခ်ိန္ေရာ။ ကိုယ့္အႀကိဳက္ေတြ လုပ္ေပးတယ္၊ ကိုယ့္ကိုေပ်ာ္ေအာင္ထားေပးႏိုင္တယ္။ အဲ့ဒီေတာ့ သူ႔ရုပ္ဆင္းသြင္ျပင္ ဘာျဖစ္ျဖစ္ ကိုယ့္မ်က္စိထဲမွာေတာ့ ၾကည့္လို႕ေကာင္းေနေတာ့တာပါပဲ ခ်စ္သူက ခ်စ္ျပ၊ ဂ႐ုစိုက္ျပဖုိ႔လည္းလုိတယ္ဆုိတာ မေမ့ပါနဲ႔ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version#
တချို့စုံတွဲတွေရှိတယ်။ ကောင်လေးဖြစ်ဖြစ် ကောင်မလေးဖြစ်ဖြစ် တစ်ယောက်ယောက်က အရမ်းချော၊ အရမ်းငယ်နေပြီး တစ်ယောက်ကတော့ ရုပ်ဆိုးတာမျိုးလေ။ ကိုယ်တွေကတော့ ဘာလို့များ ဒီအတွဲ ချစ်သူတွေဖြစ်သွားလဲဆိုတာ သိပ်ပြီးစပ်စုချင်ကြတာ။ လူကြီးတွေ ပြောစကားနဲ့ဆိုရင် အလှအပဆိုတာ ကြည့်တဲ့သူပေါ်မှာပဲ မူတည်သတဲ့။ ဘာကြောင့် အလှအပက ကြည့်တဲ့လူရဲ့အမြင်ပေါ် မူတည်ရတာလဲ?
၁။ ချစ်တယ်

ကိုယ်က သူ့ကိုချစ်မိတယ်။ ခိုက်နေမိတယ်ဆိုရင် သူဘာလုပ်လုပ်ကို သဘောကျနေတာ။ အချစ်ဟာ အပြစ်တွေကို ဖယ်ရှားလိုက်နိုင်စွမ်းရှိတယ်။ သူ့ရဲ့ချို့ယွင်းချက်တွေကို မမြင်နိုင်တော့လောက်အောင် ဖြစ်သွားတယ်။
၂။ ရုပ်ရည်ထက် အရည်အသွေးကအရေးကြီးတယ်

ရုပ်ကတော့ မချောပါဘူး။ ဒါပေမဲ့ အရည်အချင်းရှိတဲ့လူဖြစ်တယ်။ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်မှုကသာ ကြီးမားတဲ့ ဆွဲဆောင်မှုဖြစ်နေတယ်လေ။
၃။ အကြိုက်မတူဘူး

ကိုယ့်မျက်စိထဲ ရုပ်ဆိုးနေပေမဲ့ သူ့မျက်စိထဲတော့ လှချင်လှနေတာလေ။ ဒါကို အမေရိကမှာရှိတဲ့ Cornell တက္ကသိုလ်က လေ့လာမှုတစ်ခု ပြုလုပ်ပြီး သက်သေပြခဲ့တယ်။ ဘာလဲဆိုတော့ ခေါင်းစဉ်တွေအမျိုးမျိုးပေးပြီး ဆွဲဆောင်မှုအပေါ် rating ပေးခိုင်းခဲ့ပါတယ်။ အဲ့ဒီမှာ ဘာတွေ့ရလဲဆိုရင် တချို့အရာတွေဟာ rating နည်းနည်းပဲ ပေးခံရတာရှိသလို rating များများ ရတာလည်း တွေ့ရတယ်။ အကြိုက်မတူတဲ့သဘောပေါ့။

၄။ လေးစားအားကျမှု

စီနီယာအိုပါးနဲ့ ဂျူနီယာ ညီမလေးတို့ရဲ့အချစ်မျိုး။ ကိုယ့်ထက်ပိုပြီး အသိပညာ ဗဟုသုတကြွယ်တယ်။ အဲ့တာတွေကိုလည်း ကိုယ်က သဘောကျအထင်ကြီးတယ်ဆိုရင် ရုပ်ရည်ဆိုတာ ခေါင်းထဲတောင်မစဉ်းစားမိဘူး။
၅။ ချစ်ရေးချစ်ရာ

တချို့တွေက ရုပ်ကသာမလှတာ အရမ်းကို ရိုမန့်တစ်တာ။ ချစ်ပြတတ်လွန်းတယ်။ လူတွေရှေ့မှာရော၊ နှစ်ယောက်တည်းရှိချိန်ရော။ ကိုယ့်အကြိုက်တွေ လုပ်ပေးတယ်၊ ကိုယ့်ကိုပျော်အောင်ထားပေးနိုင်တယ်။ အဲ့ဒီတော့ သူ့ရုပ်ဆင်းသွင်ပြင် ဘာဖြစ်ဖြစ် ကိုယ့်မျက်စိထဲမှာတော့ ကြည့်လို့ကောင်းနေတော့တာပါပဲ ချစ်သူက ချစ်ပြ၊ ဂရုစိုက်ပြဖို့လည်းလိုတယ်ဆိုတာ မမေ့ပါနဲ့နော်။


ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top