ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အမ်ိဳးသမီးတစ္ဦးကုိ ေခါင္းျဖတ္သတ္ပစ္ၿပီးေနာက္ ေသဆံုးသူရဲ႕ အသားေတြကုိ လွီးျဖတ္စား ေသာက္ေနခဲ့တဲ့ ေတာင္အာဖရိက အမ်ိဳးသားတစ္ဦးကုိ ရဲတပ္ဖြဲ႔ဝင္တုိ႔က အေသပစ္ခတ္ဖမ္းဆီး ခဲ့ရပါတယ္။

ေတာင္အာဖရိ၊ ေမာင့္ဖရီရီမွာ ေနထုိင္တဲ့ အသက္ ၂၃ ႏွစ္အရြယ္ရွိ အက္ဖ္ဝိ မက္ပီကူလာ ဆုိသူ အဆုိပါဇာတ္တူသားစား အမ်ိဳး သားက ၿပီးခဲ့တဲ့ စက္တင္ဘာလ ၉ ရက္ေန႔တုန္းက သူ႔ရဲ႕ ဖမ္းဆီး သတ္ျဖတ္ျခင္းကုိခံရတဲ့ အမ်ိဳးသမီးရဲ႕ ခႏၶာကုိယ္အစိတ္အပုိင္းနဲ႔ အသားေတြကုိစားသံုးေနတာကုိ ရဲတပ္ဖြဲ႔တုိ႔ ေတြ႕ရွိသြားခဲ့ကာအမ်ိဳးသားရဲ႕ လက္၊ ေျခနဲ႔ ဝမ္းဗုိက္တုိ႔ကုိ ေသနတ္နဲ႔ ပစ္ခတ္ရင္းဖမ္း ဆီးထိန္းသိမ္းခဲ့တယ္လုိ႔ သိရပါတယ္။

ရဲတပ္ဖြဲ႔ရဲ႕ ေျပာၾကားခ်က္အရေတာ့ အသတ္ခံခဲ့ရတဲ့ အမ်ိဳးသမီးမွာ အသက္ ၃၅ ႏွစ္အရြယ္ သန္ဘီ ဆာ မက္ဆန္ပါ ဆုိသူျဖစ္ကာ လူသတ္ၿပီး လူသားစားခဲ့တဲ့  အမ်ိဳးသားက မိသားစုဝင္ေတြနဲ႔ အခ်င္း မ်ားၿပီးတဲ့ ေနာက္မွာ အဆုိပါအမ်ိဳးသမီးကုိ ေခါင္းျဖတ္သတ္ပစ္ခဲ့တာ ျဖစ္တယ္လုိ႔ သိရပါတယ္။

သတ္ျဖတ္ၿပီး လူသားစားေသာက္ေနတဲ့ တရားခံအမ်ိဳးသားကုိ ရဲတပ္ဖြဲ႔ဝင္တုိ႔က ေသနတ္ခဲ့ၿပီး ရပ္ဟန္႔တားခဲ့ေသာ္လည္းပဲ သူက မမႈခဲ့ပဲ တပ္ဖြ႔ဲဝင္ေတြကုိ ဓါးနဲ႔ျပန္လည္တုိက္ခုိက္ခဲ့တဲ့အတြက္ သူ႔ကုိ ေသနတ္ပစ္ခတ္ဖမ္းဆီးခဲ့ရတယ္လုိ႔ ဆုိပါတယ္။ တရားခံအမ်ိဳးသားကုိ နယ္လ္ဆင္မန္ဒဲလား ေဆးရံုသုိ႔ ပုိ႔ေဆာင္ ေဆးကုသမႈခံယူေစရင္း ဖမ္းဆီး ခ်ဳပ္ေႏွာင္ထားကာ သူက အမ်ိဳးသမီးတစ္ဦးကုိ မိနစ္ပိုင္း အတြင္းသတ္ျဖတ္ခဲ့မႈကုိ ဝန္ခံၿပီးတဲ့ေနာက္ စက္တင္ဘာလ ၁၂ ရက္ေန႔မွာ ေသဆံုးသြား ခဲ့တယ္လုိ႔ သိရပါတယ္။

အိမ္နီးခ်င္းေတြရဲ႕ေျပာျပခ်က္အရေတာ့ အဆုိပါ အသတ္ခံရတဲ့ အမ်ိဳးသမီးျဖစ္သူမွာ မူးယစ္ေဆးဝါး စြဲလမ္းခဲ့ဖူးတယ္ဆုိတဲ့ သမုိင္းေၾကာင္းရွိတဲ့ လူသတ္တရားခံ အမ်ိဳးသားရဲ႕ ေနအိမ္မွာပံုမွန္မဟုတ္တဲ့ အလုပ္အကုိင္ေတြလုပ္ကုိင္ေနရတာျဖစ္ကာ အသတ္ခံရခ်ိန္မွာ အမ်ိဳးသမီးက အိမ္အေနာက္ဖက္က ၿခံဝင္းထဲဝင္ေရာက္ အလုပ္လုပ္ကုိင္ေနတဲ့ အခ်ိန္ျဖစ္တယ္လုိ႔ ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သဒၵါခ်ိဳ(ေရႊအင္းေလး)

#Unicode Version#
အမျိုးသမီးတစ်ဦးကို ခေါင်းဖြတ်သတ်ပစ်ပြီးနောက် သေဆုံးသူရဲ့ အသားတွေကို လှီးဖြတ်စား သောက်နေခဲ့တဲ့ တောင်အာဖရိက အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တို့က အသေပစ်ခတ်ဖမ်းဆီး ခဲ့ရပါတယ်။

တောင်အာဖရိ၊ မောင့်ဖရီရီမှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ်ရှိ အက်ဖ်ဝိ မက်ပီကူလာ ဆိုသူ အဆိုပါဇာတ်တူသားစား အမျိုး သားက ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့တုန်းက သူ့ရဲ့ ဖမ်းဆီး သတ်ဖြတ်ခြင်းကိုခံရတဲ့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ အသားတွေကိုစားသုံးနေတာကို ရဲတပ်ဖွဲ့တို့ တွေ့ရှိသွားခဲ့ကာအမျိုးသားရဲ့ လက်၊ ခြေနဲ့ ဝမ်းဗိုက်တို့ကို သေနတ်နဲ့ ပစ်ခတ်ရင်းဖမ်း ဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရတော့ အသတ်ခံခဲ့ရတဲ့ အမျိုးသမီးမှာ အသက် ၃၅ နှစ်အရွယ် သန်ဘီ ဆာ မက်ဆန်ပါ ဆိုသူဖြစ်ကာ လူသတ်ပြီး လူသားစားခဲ့တဲ့  အမျိုးသားက မိသားစုဝင်တွေနဲ့ အချင်း များပြီးတဲ့ နောက်မှာ အဆိုပါအမျိုးသမီးကို ခေါင်းဖြတ်သတ်ပစ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သတ်ဖြတ်ပြီး လူသားစားသောက်နေတဲ့ တရားခံအမျိုးသားကို ရဲတပ်ဖွဲ့ဝင်တို့က သေနတ်ခဲ့ပြီး ရပ်ဟန့်တားခဲ့သော်လည်းပဲ သူက မမှုခဲ့ပဲ တပ်ဖွ့ဲဝင်တွေကို ဓါးနဲ့ပြန်လည်တိုက်ခိုက်ခဲ့တဲ့အတွက် သူ့ကို သေနတ်ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။ တရားခံအမျိုးသားကို နယ်လ်ဆင်မန်ဒဲလား ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေရင်း ဖမ်းဆီး ချုပ်နှောင်ထားကာ သူက အမျိုးသမီးတစ်ဦးကို မိနစ်ပိုင်း အတွင်းသတ်ဖြတ်ခဲ့မှုကို ဝန်ခံပြီးတဲ့နောက် စက်တင်ဘာလ ၁၂ ရက်နေ့မှာ သေဆုံးသွား ခဲ့တယ်လို့ သိရပါတယ်။

အိမ်နီးချင်းတွေရဲ့ပြောပြချက်အရတော့ အဆိုပါ အသတ်ခံရတဲ့ အမျိုးသမီးဖြစ်သူမှာ မူးယစ်ဆေးဝါး စွဲလမ်းခဲ့ဖူးတယ်ဆိုတဲ့ သမိုင်းကြောင်းရှိတဲ့ လူသတ်တရားခံ အမျိုးသားရဲ့ နေအိမ်မှာပုံမှန်မဟုတ်တဲ့ အလုပ်အကိုင်တွေလုပ်ကိုင်နေရတာဖြစ်ကာ အသတ်ခံရချိန်မှာ အမျိုးသမီးက အိမ်အနောက်ဖက်က ခြံဝင်းထဲဝင်ရောက် အလုပ်လုပ်ကိုင်နေတဲ့ အချိန်ဖြစ်တယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သဒ္ဒါချို(ရွှေအင်းလေး)


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top