ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

သူငယ္ခ်င္းေတြနဲ႔တစ္ပတ္ၾကာ ပါတီပြဲတက္ဖုိ႔အတြက္ ကုိးလအရြယ္ကေလးငယ္ကုိေနအိမ္မွာ တစ္ေယာက္တည္းခ်န္ထားခဲ့ရာမွ ကေလးငယ္ေသဆံုးသြားခဲ့တဲ့လုိ႔ မိခင္ကုိ ေထာင္ဒဏ္ ၁၀ ႏွစ္ခ် မွတ္လုိက္ေၾကာင္း သိရပါတယ္။ ရုရွားႏုိင္ငံက အသက္ ၁၇ ႏွစ္အရြယ္ရွိတဲ့ ကေလးအေမ မိန္းကေလး ဗစ္တုိးရီး ယား ကာနက္ဆုိဗာဆုိသူက သူမရဲ႕သူငယ္ခ်င္းေတြနဲ႔ အတူသြားေရာက္ေတြ႔ ဆံုခုိက္မွာ သူမရဲ႕ ကေလးငယ္ အီဂုိကုိ ေနအိမ္မွာ တစ္ဦးတည္းခ်န္ထားခဲ့တာ ျဖစ္ပါတယ္။

ကေလးလက္တြန္းလွည္းထဲမွာပဲ ေသဆံုးေနခဲ့တဲ့ ကေလးငယ္ရဲ႕ ရုပ္အေလာင္းကုိ ရဲတပ္ဖြဲ႔ဝင္တုိ႔ စစ္ေဆးရွာေဖြေတြ႔ရွိသြားခဲ့ၿပီးေတာ့ လက္ရွိအခ်ိန္မွာေတာ့ မိခင္အမ်ိဳးသမီးက ခင္ပြန္းျဖစ္သူနဲ႔အတူ ရဲစစ္ခ်က္ေျဖရွင္းဖုိ႔ ေစာင့္ဆုိင္းေနတယ္လုိ႔ သိရပါတယ္။ ခင္ပြန္းကေတာ့ သားျဖစ္သူမွာ ဒီလုိ ဆိုးဆိုးရြားရြား ေသဆံုးသြားတယ္ဆုိတဲ့ ျဖစ္ရပ္ကုိ သူ႔ရဲ႕အြန္လုိင္းစာမ်က္ႏွာေပၚမွာ ပုိ႔စ္တင္ေရးသား ထားကာ ဇနီးသည္ကုိလည္း ကြာရွင္းခြင့္ေတာင္းခံသြားမယ္လုိ႔ ဆုိထားပါတယ္။

ကေလးငယ္ ေသဆံုးမႈ အခင္းမျဖစ္ပြားမီမွာ မိခင္မိန္းကေလးက သူမရဲ႕ ပါတီပြဲသြားေရာက္ဖုိ႔ခရီးစဥ္ အတြက္ သားျဖစ္သူကုိ အေဒၚလုပ္သူက ထိန္းသိမ္းေစာင့္ေရွာက္ေပးမွာျဖစ္လုိ႔ သူငယ္ခ်င္းေတြအား စိုးရိမ္ပူပန္စရာမလုိေၾကာင္း ပုိ႔စ္တင္ေရးသားထား တယ္လုိ႔လည္း သိရပါတယ္။ တကယ့္မွာေတာ့ အဆုိပါ ျဖစ္ရပ္က အလိမ္အညာေတြသာ ျဖစ္ခဲ့ပါတယ္။

ေနအိမ္မွာ ကေလးငယ္တစ္ဦးတည္းကုိသာ ခ်န္ထားခဲ့ၿပီး ရက္အနည္းငယ္ၾကာ ပစ္ထားခဲ့လုိ႔ ကေလးငယ္ေသဆံုးသြားခဲ့တာျဖစ္ကာ ျပစ္မႈက်ဴးလြန္ၿပီး သားသမီးကုိ ထိန္းသိမ္းေစာင့္ေရွာက္ မႈ မရွိခဲ့တဲ့ မိခင္ကုိ ဖမ္းဆီးအေရးယူေတာ့မွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သဒၵါခ်ိဳ(ေရႊအင္းေလး)

#Unicode Version#
သူငယ်ချင်းတွေနဲ့တစ်ပတ်ကြာ ပါတီပွဲတက်ဖို့အတွက် ကိုးလအရွယ်ကလေးငယ်ကိုနေအိမ်မှာ တစ်ယောက်တည်းချန်ထားခဲ့ရာမှ ကလေးငယ်သေဆုံးသွားခဲ့တဲ့လို့ မိခင်ကို ထောင်ဒဏ် ၁၀ နှစ်ချ မှတ်လိုက်ကြောင်း သိရပါတယ်။ ရုရှားနိုင်ငံက အသက် ၁၇ နှစ်အရွယ်ရှိတဲ့ ကလေးအမေ မိန်းကလေး ဗစ်တိုးရီး ယား ကာနက်ဆိုဗာဆိုသူက သူမရဲ့သူငယ်ချင်းတွေနဲ့ အတူသွားရောက်တွေ့ ဆုံခိုက်မှာ သူမရဲ့ ကလေးငယ် အီဂိုကို နေအိမ်မှာ တစ်ဦးတည်းချန်ထားခဲ့တာ ဖြစ်ပါတယ်။

ကလေးလက်တွန်းလှည်းထဲမှာပဲ သေဆုံးနေခဲ့တဲ့ ကလေးငယ်ရဲ့ ရုပ်အလောင်းကို ရဲတပ်ဖွဲ့ဝင်တို့ စစ်ဆေးရှာဖွေတွေ့ရှိသွားခဲ့ပြီးတော့ လက်ရှိအချိန်မှာတော့ မိခင်အမျိုးသမီးက ခင်ပွန်းဖြစ်သူနဲ့အတူ ရဲစစ်ချက်ဖြေရှင်းဖို့ စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ ခင်ပွန်းကတော့ သားဖြစ်သူမှာ ဒီလို ဆိုးဆိုးရွားရွား သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်ကို သူ့ရဲ့အွန်လိုင်းစာမျက်နှာပေါ်မှာ ပို့စ်တင်ရေးသား ထားကာ ဇနီးသည်ကိုလည်း ကွာရှင်းခွင့်တောင်းခံသွားမယ်လို့ ဆိုထားပါတယ်။

ကလေးငယ် သေဆုံးမှု အခင်းမဖြစ်ပွားမီမှာ မိခင်မိန်းကလေးက သူမရဲ့ ပါတီပွဲသွားရောက်ဖို့ခရီးစဉ် အတွက် သားဖြစ်သူကို အဒေါ်လုပ်သူက ထိန်းသိမ်းစောင့်ရှောက်ပေးမှာဖြစ်လို့ သူငယ်ချင်းတွေအား စိုးရိမ်ပူပန်စရာမလိုကြောင်း ပို့စ်တင်ရေးသားထား တယ်လို့လည်း သိရပါတယ်။ တကယ့်မှာတော့ အဆိုပါ ဖြစ်ရပ်က အလိမ်အညာတွေသာ ဖြစ်ခဲ့ပါတယ်။

နေအိမ်မှာ ကလေးငယ်တစ်ဦးတည်းကိုသာ ချန်ထားခဲ့ပြီး ရက်အနည်းငယ်ကြာ ပစ်ထားခဲ့လို့ ကလေးငယ်သေဆုံးသွားခဲ့တာဖြစ်ကာ ပြစ်မှုကျူးလွန်ပြီး သားသမီးကို ထိန်းသိမ်းစောင့်ရှောက် မှု မရှိခဲ့တဲ့ မိခင်ကို ဖမ်းဆီးအရေးယူတော့မှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သဒ္ဒါချို(ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top