Golden City Promotion
×

ကန္စြန္းရြက္ဟာ အသီးအရြက္ေတြထဲမွာေတာ့ ေပၚျပဴလာပါပဲ။
ပ်ိဳပ်ိဳအိုအို ေယာက်ၤားမိန္းမ ကန္စြန္းရြက္ကို မႀကိဳက္သူ ရွားပါတယ္။ အရသာ ေကာင္းၿပီး ေၾကာ္စားမလား ခ်က္စားမလား ျပဳတ္စားမလား သုပ္စားမလား အခ်ဥ္ထည့္မလား ခ်ဥ္ရည္ခ်က္မလား အမယ္စံု ခ်က္လုိ႔ ရတဲ့ ဟင္းရြက္ တစ္မ်ိဳးပါ။
ကန္စြန္းရြက္ကို အဆိပ္အေတာက္ ေျပတယ္ဆိုတဲ့ အခ်က္နဲ႔တင္ လူေတြက စားၾကပါတယ္။

ကန္စြန္းရြက္မွာလည္း အမ်ိဳးအစားက စံုလင္လွပါေသးတယ္။ လယ္ကန္စြန္း၊ ထိုင္၀မ္ကန္စြန္း၊ တရုတ္ကန္စြန္း၊ ကန္စြန္းရိုးနီ တို႔က လူစားတာ အမ်ားဆံုးပါပဲ။
တရုတ္ကန္စြန္းရြက္ကို ပလိန္းေၾကာ္ၿပီး ပူပူေႏြေႏြး စားရင္ အင္မတန္ အရသာ ရွိလွပါတယ္။
စားေသာက္ဆိုင္ေတြနဲ႔ ထမင္းဆိုင္ေတြမွာလည္း အၿမဲ ရွိတတ္တဲ့ Menu တစ္မ်ိဳးပါ။ ဒီလို ကန္စြန္းရြက္ေတြဟာ လူေတြကို အရသာတင္ မကဘဲ အာဟာရေတြကိုပါ ေပးႏိုင္စြမ္း ရွိပါတယ္။

ကန္စြန္းရြက္ကို ဆီနည္းနည္းနဲ႔ ေၾကာ္စားရင္ ၀ိတ္ထိန္းေနသူေတြ အတြက္ေတာ့ ေဆးတစ္လက္ပါပဲ။
ဗုိက္အျမန္ျပည့္ေစၿပီး အဆီမတက္ေစတဲ့ ဟင္းတစ္ခြက္ပါ။
ကန္စြန္းရြက္ကို အိပ္မေပ်ာ္တဲ့သူေတြ အတြက္ ေဆးအေနနဲ႔လည္း သံုးလို႔ ရပါတယ္။
ကန္စြန္းရြက္ဟာ အိပ္စက္တဲ့ အခါ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစၿပီး မနက္ခင္းေတြမွာ အားအင္ ျပည့္ၿပီး လန္းဆန္းေစဖို႔ ကူညီေပးပါတယ္။
အမွ်င္ဓာတ္နဲ႔ ကယ္လ္ဆီယမ္ေတြ ပါ၀င္တဲ့ အတြက္ ၀မ္းမွန္မွန္ သြားေစၿပီး အစာအိမ္နဲ႔ အူတို႔ရဲ႕ လုပ္ငန္းေဆာင္တာေတြကို ေခ်ာေမြ႔ေစဖို႔ အေထာက္အကူ ျဖစ္ေစပါတယ္။

ကန္စြန္းရြက္မွာ အမိုင္ႏိုအက္ဆစ္ ပါ၀င္တာေၾကာင့္ အဆိပ္ေတြကို ေျဖႏုိင္စြမ္း ရွိၿပီး ေရာင္ရမ္းတာေတြကို သက္သာေစပါတယ္။
အိမ္မွာ ေမြးထားတ့ဲ တိရစာၦန္ေလးေတြ အဆိပ္မိလာတဲ့ အခါ ကန္စြန္းရြက္ကို အရည္ညွစ္ၿပီး တိုက္ေပးရင္ အဆိပ္ေတြ ျပန္အန္ထုတ္ၿပီး သက္သာေစႏုိင္ပါတယ္။ ကယ္လိုရီ ပါ၀င္မႈ နည္းပါးတာေၾကာင့္ ႏွလံုးအတြက္ ေကာင္းမြန္ေစပါတယ္။
အင္ဆူလင္လို အာနိသင္ ရွိတာေၾကာင့္ ဆီးခ်ိဳ ေသြးခ်ိဳ ျဖစ္ေစျခင္းကိုလည္း ေလ်ာ့ခ်ေပးပါတယ္။

Photo Credit: greenishthumb.net
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myfoodmyanmar

#Unicode Version#
ကန်စွန်းရွက်ဟာ အသီးအရွက်တွေထဲမှာတော့ ပေါ်ပြူလာပါပဲ။
ပျိုပျိုအိုအို ယောင်္ကျားမိန်းမ ကန်စွန်းရွက်ကို မကြိုက်သူ ရှားပါတယ်။ အရသာ ကောင်းပြီး ကြော်စားမလား ချက်စားမလား ပြုတ်စားမလား သုပ်စားမလား အချဉ်ထည့်မလား ချဉ်ရည်ချက်မလား အမယ်စုံ ချက်လို့ ရတဲ့ ဟင်းရွက် တစ်မျိုးပါ။
ကန်စွန်းရွက်ကို အဆိပ်အတောက် ပြေတယ်ဆိုတဲ့ အချက်နဲ့တင် လူတွေက စားကြပါတယ်။

ကန်စွန်းရွက်မှာလည်း အမျိုးအစားက စုံလင်လှပါသေးတယ်။ လယ်ကန်စွန်း၊ ထိုင်ဝမ်ကန်စွန်း၊ တရုတ်ကန်စွန်း၊ ကန်စွန်းရိုးနီ တို့က လူစားတာ အများဆုံးပါပဲ။
တရုတ်ကန်စွန်းရွက်ကို ပလိန်းကြော်ပြီး ပူပူနွေနွေး စားရင် အင်မတန် အရသာ ရှိလှပါတယ်။
စားသောက်ဆိုင်တွေနဲ့ ထမင်းဆိုင်တွေမှာလည်း အမြဲ ရှိတတ်တဲ့ Menu တစ်မျိုးပါ။ ဒီလို ကန်စွန်းရွက်တွေဟာ လူတွေကို အရသာတင် မကဘဲ အာဟာရတွေကိုပါ ပေးနိုင်စွမ်း ရှိပါတယ်။

ကန်စွန်းရွက်ကို ဆီနည်းနည်းနဲ့ ကြော်စားရင် ဝိတ်ထိန်းနေသူတွေ အတွက်တော့ ဆေးတစ်လက်ပါပဲ။
ဗိုက်အမြန်ပြည့်စေပြီး အဆီမတက်စေတဲ့ ဟင်းတစ်ခွက်ပါ။
ကန်စွန်းရွက်ကို အိပ်မပျော်တဲ့သူတွေ အတွက် ဆေးအနေနဲ့လည်း သုံးလို့ ရပါတယ်။
ကန်စွန်းရွက်ဟာ အိပ်စက်တဲ့ အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပြီး မနက်ခင်းတွေမှာ အားအင် ပြည့်ပြီး လန်းဆန်းစေဖို့ ကူညီပေးပါတယ်။
အမျှင်ဓာတ်နဲ့ ကယ်လ်ဆီယမ်တွေ ပါဝင်တဲ့ အတွက် ဝမ်းမှန်မှန် သွားစေပြီး အစာအိမ်နဲ့ အူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ချောမွေ့စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။

ကန်စွန်းရွက်မှာ အမိုင်နိုအက်ဆစ် ပါဝင်တာကြောင့် အဆိပ်တွေကို ဖြေနိုင်စွမ်း ရှိပြီး ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။
အိမ်မှာ မွေးထားတဲ့ တိရစ္ဆာန်လေးတွေ အဆိပ်မိလာတဲ့ အခါ ကန်စွန်းရွက်ကို အရည်ညှစ်ပြီး တိုက်ပေးရင် အဆိပ်တွေ ပြန်အန်ထုတ်ပြီး သက်သာစေနိုင်ပါတယ်။ ကယ်လိုရီ ပါဝင်မှု နည်းပါးတာကြောင့် နှလုံးအတွက် ကောင်းမွန်စေပါတယ်။
အင်ဆူလင်လို အာနိသင် ရှိတာကြောင့် ဆီးချို သွေးချို ဖြစ်စေခြင်းကိုလည်း လျော့ချပေးပါတယ်။

Photo Credit: greenishthumb.net

ဖိုးသူတော် (www.phothutaw.com)
Credit: Myfoodmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top