ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရက္ဒ္အင္ဒီးယန္းအေဖျဖစ္တဲ့သူဟာ အရြယ္ေရာက္လာတဲ့သားကို ေတာနက္ထဲေခၚေဆာင္သြားခဲ့တယ္။ ၿပီးေတာ့ မ်က္စိကို အဝတ္နဲ႔စည္းၿပီး သူ႔ကိုတစ္ေယာက္ထဲ ေတာနက္ထဲမွာ ထားခဲ့တယ္။

သားျဖစ္သူလုပ္ေဆာင္ရမွာက တစ္ညလံုးသစ္ပင္ေအာက္မွာ မ်က္လံုးစည္းထားတဲ့အဝတ္ကိုမခြ်တ္ပဲ ေနာက္ေန႔မနက္ေနထြက္လာတဲ့အထိ ထိုင္ေနဖို႔ပါပဲ။ သူတစ္ေယာက္ထဲဆိုမွ တစ္ေယာက္ထဲပဲ။ အကူအညီေတာင္းစရာလည္း ဘယ္သူမွမရွိပါဘူး။

အဲဒီညကို သူေက်ာ္ျဖတ္ႏိုင္ခဲ့ရင္ သူဟာ ေယာက်ာ္းေကာင္းတစ္ေယာက္အျဖစ္ သတ္မွတ္ျခင္းခံရမယ္။ အဲဒီညရဲ႕ သူ႔အေတြ႕အၾကံဳကို တစ္ျခားသူငယ္ခ်င္းေတြကို ေျပာျပခြင့္မရွိဘူး။ လူငယ္တိုင္းဟာ သူ႔နည္းသူ႔ဟန္နဲ႔ လူႀကီးတစ္ေယာက္အျဖစ္ကို ကူေျပာင္းဖို႔ အဲဒီညကို ေက်ာ္ျဖတ္ၾကရတယ္။

ဒါဟာ ရက္ဒ္အင္ဒီးယန္းလူငယ္တစ္ေယာက္ရဲ႕လူႀကီးဘဝကိုကူးေျပာင္းခ်ိန္မွာ ျဖတ္သန္းရေလ့ရွိတဲ့ ဓေလ့ထံုးစံတစ္ခုပါပဲ။

ညဥ့္နက္လာတာနဲ႔ အမွ် ေကာင္ေလးဟာ တျဖည္းျဖည္းထိတ္လန္႔လာတယ္။ ေတာေကာင္မ်ိဳးစံုရဲ႕အသံကို သူၾကားလာတယ္။ ဝက္ဝံေတြဟာ သူ႔အနားမွာရွိေနတာကို သိေနရတယ္။ မ်ိဳးႏြယ္စု မတူတဲ့ လူ႐ိုင္းေတြကလဲ သူ႔ကို ဒုကၡေပးသြားႏိုင္တာလဲ စဥ္းစားမိတယ္။ တိုက္ခတ္ေနတဲ့ေလျပင္းေတြဟာလဲ ျမက္ပင္ေတြ သစ္ပင္ေတြ ေနာက္ဆံုးသူ႔ကို သယ္ေဆာင္သြားေတာ့မယ့္အထိပါပဲ။

ေနာက္ဆံုးမွာေတာ့ သူဟာ မ်က္စိကိုစည္းထားတဲ့အဝတ္ကို မဖယ္ပဲ ၾကမ္းတမ္းတဲ့ ညကို ခက္ခက္ခဲခဲျဖတ္သန္းႏိုင္ခဲ့တယ္။ ဒါဟာ သူ႔အတြက္ ေယာက်ာ္းေကာင္းတစ္ေယာက္အျဖစ္ သတ္မွတ္ခံႏိုင္ဖို႔အတြက္ တစ္ခုတည္းေသာ နည္းလမ္းပဲ။

မနက္မိုးလင္းလို႔ ေနေရာင္ျခည္သူ႔မ်က္ႏွာေပၚက်ေရာက္တဲ့အခါမွ မ်က္စိကို စည္းထားတဲ့ အဝတ္ကို ဖယ္လိုက္တယ္။ သူထိုင္ေနတဲ့ သစ္ပင္ရဲ႕ ေနာက္မွာသူ႔အေဖကို ေတြ႕လိုက္ရတယ္။ သူ႔အေဖကို ဘယ္တုန္းက ေရာက္ေနတာလဲ ေမးၾကည့္ေတာ့ ညကတည္းကလို႔ေျဖတယ္။

တခါတရံ ကြ်န္ေတာ္တို႔ေတြဟာ ခက္ခဲတဲ့အခ်ိန္ကာလေတြကို တစ္ေယာက္ထဲ ျဖတ္သန္းေနရတယ္လို႔ ထင္ေကာင္းထင္မိေပမယ့္ တကယ္တမ္းက်ေတာ့ မိသားစုဟာ ကၽြန္ေတာ္တို႔နဲ႔ အၿမဲတမ္းအတူရွိေနခဲ့တာျဖစ္ပါတယ္။
 #nayaung

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မွတ္စုၾကမ္း

#Unicode Version#
ရက်ဒ်အင်ဒီးယန်းအဖေဖြစ်တဲ့သူဟာ အရွယ်ရောက်လာတဲ့သားကို တောနက်ထဲခေါ်ဆောင်သွားခဲ့တယ်။ ပြီးတော့ မျက်စိကို အဝတ်နဲ့စည်းပြီး သူ့ကိုတစ်ယောက်ထဲ တောနက်ထဲမှာ ထားခဲ့တယ်။

သားဖြစ်သူလုပ်ဆောင်ရမှာက တစ်ညလုံးသစ်ပင်အောက်မှာ မျက်လုံးစည်းထားတဲ့အဝတ်ကိုမချွတ်ပဲ နောက်နေ့မနက်နေထွက်လာတဲ့အထိ ထိုင်နေဖို့ပါပဲ။ သူတစ်ယောက်ထဲဆိုမှ တစ်ယောက်ထဲပဲ။ အကူအညီတောင်းစရာလည်း ဘယ်သူမှမရှိပါဘူး။

အဲဒီညကို သူကျော်ဖြတ်နိုင်ခဲ့ရင် သူဟာ ယောကျာ်းကောင်းတစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံရမယ်။ အဲဒီညရဲ့ သူ့အတွေ့အကြုံကို တစ်ခြားသူငယ်ချင်းတွေကို ပြောပြခွင့်မရှိဘူး။ လူငယ်တိုင်းဟာ သူ့နည်းသူ့ဟန်နဲ့ လူကြီးတစ်ယောက်အဖြစ်ကို ကူပြောင်းဖို့ အဲဒီညကို ကျော်ဖြတ်ကြရတယ်။

ဒါဟာ ရက်ဒ်အင်ဒီးယန်းလူငယ်တစ်ယောက်ရဲ့လူကြီးဘဝကိုကူးပြောင်းချိန်မှာ ဖြတ်သန်းရလေ့ရှိတဲ့ ဓလေ့ထုံးစံတစ်ခုပါပဲ။

ညဉ့်နက်လာတာနဲ့ အမျှ ကောင်လေးဟာ တဖြည်းဖြည်းထိတ်လန့်လာတယ်။ တောကောင်မျိုးစုံရဲ့အသံကို သူကြားလာတယ်။ ဝက်ဝံတွေဟာ သူ့အနားမှာရှိနေတာကို သိနေရတယ်။ မျိုးနွယ်စု မတူတဲ့ လူရိုင်းတွေကလဲ သူ့ကို ဒုက္ခပေးသွားနိုင်တာလဲ စဉ်းစားမိတယ်။ တိုက်ခတ်နေတဲ့လေပြင်းတွေဟာလဲ မြက်ပင်တွေ သစ်ပင်တွေ နောက်ဆုံးသူ့ကို သယ်ဆောင်သွားတော့မယ့်အထိပါပဲ။

နောက်ဆုံးမှာတော့ သူဟာ မျက်စိကိုစည်းထားတဲ့အဝတ်ကို မဖယ်ပဲ ကြမ်းတမ်းတဲ့ ညကို ခက်ခက်ခဲခဲဖြတ်သန်းနိုင်ခဲ့တယ်။ ဒါဟာ သူ့အတွက် ယောကျာ်းကောင်းတစ်ယောက်အဖြစ် သတ်မှတ်ခံနိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းပဲ။

မနက်မိုးလင်းလို့ နေရောင်ခြည်သူ့မျက်နှာပေါ်ကျရောက်တဲ့အခါမှ မျက်စိကို စည်းထားတဲ့ အဝတ်ကို ဖယ်လိုက်တယ်။ သူထိုင်နေတဲ့ သစ်ပင်ရဲ့ နောက်မှာသူ့အဖေကို တွေ့လိုက်ရတယ်။ သူ့အဖေကို ဘယ်တုန်းက ရောက်နေတာလဲ မေးကြည့်တော့ ညကတည်းကလို့ဖြေတယ်။

တခါတရံ ကျွန်တော်တို့တွေဟာ ခက်ခဲတဲ့အချိန်ကာလတွေကို တစ်ယောက်ထဲ ဖြတ်သန်းနေရတယ်လို့ ထင်ကောင်းထင်မိပေမယ့် တကယ်တမ်းကျတော့ မိသားစုဟာ ကျွန်တော်တို့နဲ့ အမြဲတမ်းအတူရှိနေခဲ့တာဖြစ်ပါတယ်။
 #nayaung


ဖိုးသူတော် (www.phothutaw.com)
Credit: မှတ်စုကြမ်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top