လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

Itsuki Morita လုိ႔အမည္ရတဲ႔ ေျခာက္ႏွစ္သားအရႊယ္ ဂ်ပန္ႏုိင္ငံသားေလးဟာ သူရဲ႕ဒီေဂ်စြမ္းရည္မ်ားကုိ ဂင္းနစ္စံခ်ိန္အဖြဲ႕နဲ႔ ပရိသတ္ေတြရဲ႕အေရွ႕ေတာ္ေမွာက္မွာ ျပသသြားႏုိင္ခဲ႔တာေၾကာင့္ ကမာၻ႕အသက္ငယ္ဆုံး ကလပ္ဒီေဂ်သမားတစ္ဦးအျဖစ္ သတ္မွတ္ခံလုိက္ရၿပီပဲျဖစ္ပါတယ္။

ေျခာက္ႏွစ္သားေလး Itsuki Morita ဟာ ဂ်ပန္ႏုိင္ငံ အုိဆာကာၿမိဳ႕က L စားေသာက္ဆုိင္မွာ သူရဲ႕စြမ္းေဆာင္ရည္ကုိ ျပသခဲ႔တာျဖစ္ၿပီး ဂင္းနစ္စံခ်ိန္တင္သြားႏုိင္ခဲ႔တာျဖစ္ပါတယ္။ အသက္ငယ္ငယ္ေလးနဲ႔ အခုလုိ ဂင္းနစ္စံခ်ိန္တင္ေအာင္ လုပ္ႏုိင္ခဲ႔သူ Itsuki Morita က ” ဒီေဂ်တစ္ေယာက္ျဖစ္ရတာ သားအရမ္းေပ်ာ္ပါတယ္။ လူတုိင္းကလည္း ဒါကု္ိ အရမ္းမုိက္တယ္လုိ႔လဲ ေျပာေနၾကပါတယ္ ” လုိ႔ ေျပာဆုိခဲ႔ပါတယ္။ Itsuki Morita ဟာ သူရဲ႕ ဒီေဂ်စြမ္းရည္ကုိ ဆယ္ေက်ာ္သက္ကေလးမ်ားနဲ႔ သူနဲ႔ရြယ္တူကေလးမ်ားရဲ႕ေရွ႕မွာ ျပသသြားခဲ႔တာျဖစ္ပါတယ္။ Itsuki Morita ရဲ႕မိခင္ျဖစ္သူကေတာ့ ” သားေလးက ကမာၻ႕စံခ်ိန္တင္ဖုိ႔ မဆုတ္မနစ္ကုိ ႀကိဳးစားခဲ႔တာ။ လုံးဝကုိ အေလွ်ာ႔မေပးခဲ႔ပါဘူး ” လုိ႔ ေျပာဆုိခဲ႔ပါတယ္။

Itsuki Morita အေနနဲ႔ အခုလုိ ဒီေဂ်တီးျခင္းကုိ စိတ္ဝင္စားလာခဲ႔တာဟာ သူ႔မိခင္ရဲ႕မိတ္ေဆြတစ္ဦးေၾကာင့္ျဖစ္ၿပီး ထုိသူက Itsuki Morita ကုိ ဒရမ္တီးေပး သင္ေပးခဲ႔ရာကေန ဒီေဂ်တီးဖုိ႔အထိပါ စိတ္ဝင္စားလာခဲ႔တာျဖစ္ပါတယ္။ ဒီေဂ်ကုိ ေကာင္းေကာင္းတီးခတ္ႏုိင္ခ်ိန္မွာေတာ့ Itsuki Morita ဟာ ဒစ္စကုိနဲ႔ ေရာခ့္ဂီတကုိ ေရာေႏွာၿပီး တီးခတ္တာျဖစ္ပါတယ္။ Itsuki Morita ရဲ႕ အႀကိဳက္ဆုံး ဒီေဂ်သမားကေတာ့ ကမာၻေက်ာ္ဒီေဂ်သမားတစ္ဦးျဖစ္တဲ႔ ဆြီဒင္ႏုိင္ငံသား Avicii ျဖစ္ၿပီး သူရဲ႕ဗီဒီယုိမ်ားကုိၾကည့္ၿပီး ကုိယ္တုိင္ေလ့လာခဲ႔တာျဖစ္ပါတယ္။ Itsuki Morita က ဒီေဂ်တီးခတ္ျခင္းဟာ သူ႔ဘဝရဲ႕ အေပ်ာ္ရဆုံး အခုိက္အတန္႔လုိ႔ တင္စားေခၚဆုိသြားခဲ႔ပါတယ္ခင္ဗ်ာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: zeekwat

# Unicode Version #
Itsuki Morita လို့အမည်ရတဲ့ ခြောက်နှစ်သားအရွှယ် ဂျပန်နိုင်ငံသားလေးဟာ သူရဲ့ဒီဂျေစွမ်းရည်များကို ဂင်းနစ်စံချိန်အဖွဲ့နဲ့ ပရိသတ်တွေရဲ့အရှေ့တော်မှောက်မှာ ပြသသွားနိုင်ခဲ့တာကြောင့် ကမ္ဘာ့အသက်ငယ်ဆုံး ကလပ်ဒီဂျေသမားတစ်ဦးအဖြစ် သတ်မှတ်ခံလိုက်ရပြီပဲဖြစ်ပါတယ်။

ခြောက်နှစ်သားလေး Itsuki Morita ဟာ ဂျပန်နိုင်ငံ အိုဆာကာမြို့က L စားသောက်ဆိုင်မှာ သူရဲ့စွမ်းဆောင်ရည်ကို ပြသခဲ့တာဖြစ်ပြီး ဂင်းနစ်စံချိန်တင်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အခုလို ဂင်းနစ်စံချိန်တင်အောင် လုပ်နိုင်ခဲ့သူ Itsuki Morita က ” ဒီဂျေတစ်ယောက်ဖြစ်ရတာ သားအရမ်းပျော်ပါတယ်။ လူတိုင်းကလည်း ဒါကို အရမ်းမိုက်တယ်လို့လဲ ပြောနေကြပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ Itsuki Morita ဟာ သူရဲ့ ဒီဂျေစွမ်းရည်ကို ဆယ်ကျော်သက်ကလေးများနဲ့ သူနဲ့ရွယ်တူကလေးများရဲ့ရှေ့မှာ ပြသသွားခဲ့တာဖြစ်ပါတယ်။ Itsuki Morita ရဲ့မိခင်ဖြစ်သူကတော့ ” သားလေးက ကမ္ဘာ့စံချိန်တင်ဖို့ မဆုတ်မနစ်ကို ကြိုးစားခဲ့တာ။ လုံးဝကို အလျှော့မပေးခဲ့ပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။

Itsuki Morita အနေနဲ့ အခုလို ဒီဂျေတီးခြင်းကို စိတ်ဝင်စားလာခဲ့တာဟာ သူ့မိခင်ရဲ့မိတ်ဆွေတစ်ဦးကြောင့်ဖြစ်ပြီး ထိုသူက Itsuki Morita ကို ဒရမ်တီးပေး သင်ပေးခဲ့ရာကနေ ဒီဂျေတီးဖို့အထိပါ စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ ဒီဂျေကို ကောင်းကောင်းတီးခတ်နိုင်ချိန်မှာတော့ Itsuki Morita ဟာ ဒစ်စကိုနဲ့ ရောခ့်ဂီတကို ရောနှောပြီး တီးခတ်တာဖြစ်ပါတယ်။ Itsuki Morita ရဲ့ အကြိုက်ဆုံး ဒီဂျေသမားကတော့ ကမ္ဘာကျော်ဒီဂျေသမားတစ်ဦးဖြစ်တဲ့ ဆွီဒင်နိုင်ငံသား Avicii ဖြစ်ပြီး သူရဲ့ဗီဒီယိုများကိုကြည့်ပြီး ကိုယ်တိုင်လေ့လာခဲ့တာဖြစ်ပါတယ်။ Itsuki Morita က ဒီဂျေတီးခတ်ခြင်းဟာ သူ့ဘဝရဲ့ အပျော်ရဆုံး အခိုက်အတန့်လို့ တင်စားခေါ်ဆိုသွားခဲ့ပါတယ်ခင်ဗျာ။

ဖိုးသူတော် (www.phothutaw.com)
Credit: zeekwat
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top