ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလ ၁၁ ရက္ေန႔ မြန္းလြဲ ၁ နာရီအခ်ိန္ ရန္ကုန္တိုင္းေဒသႀကီး၊ လွိုင္သာယာၿမိဳ႕နယ္ေန မ×××(၂၀)ႏွစ္သည္ ေအာင္မဂၤလာအေဝးေျပးကားဂိတ္မွ ကားငွားျပီး အိမ္ျပန္လာစဥ္ အငွားယာဥ္ေမာင္းမွ အဓမၼျပဳက်င့္ရန္ႀကိဳးစားသျဖင့္ ကားေပၚမွ႐ုန္းကန္ ဆင္းေျပးခဲ့ရေၾကာင္း သိရသည္။

မဂၤလာဒုံၿမိဳ႕နယ္၊ ေထာက္ၾကန႔္ေန ေဇာ္မ်ိဳးလြင္(၄၀)ႏွစ္ေမာင္းႏွင္သည့္ AA/×××× Caldina အငွားယာဥ္ျဖင့္ လွိုင္သာယာၿမိဳ႕နယ္သို႔ ငွားရမ္းစီးနင္းလာစဥ္ အင္းစိန္ၿမိဳ႕နယ္၊ ေစာ္ဘြားႀကီးကုန္းရပ္ကြက္ အေရာက္ ေဇာ္မ်ိဳးလြင္မွ မ××× အား အဓမၼျပဳက်င့္ရန္ႀကိဳးစားခဲ့သျဖင့္ ကားေပၚမွ႐ုန္းကန္ ဆင္းေျပးခဲ့ရျခင္း ျဖစ္သည္။

အဆုိပါ အမႈအား အေရးယူေပးရန္တိုင္တန္းခ်က္အရ ေဇာ္မ်ိဳးလြင္ အား အင္းစိန္ၿမိဳ႕မ ရဲစခန္း(ပ)၂၅၄၂/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၅၁၁ ျဖင့္ အမွုဖြင့္ အေရးယူထားေၾကာင္း ျမန္မာႏုိင္ငံ ရဲတပ္ဖဲြ ့၏ သတင္းထုတ္ျပန္ခ်က္အရ သိရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သစ္ထူးလြင္

# Unicode Version #
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ မ×××(၂၀)နှစ်သည် အောင်မင်္ဂလာအဝေးပြေးကားဂိတ်မှ ကားငှားပြီး အိမ်ပြန်လာစဉ် အငှားယာဉ်မောင်းမှ အဓမ္မပြုကျင့်ရန်ကြိုးစားသဖြင့် ကားပေါ်မှရုန်းကန် ဆင်းပြေးခဲ့ရကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နေ ဇော်မျိုးလွင်(၄၀)နှစ်မောင်းနှင်သည့် AA/×××× Caldina အငှားယာဉ်ဖြင့် လှိုင်သာယာမြို့နယ်သို့ ငှားရမ်းစီးနင်းလာစဉ် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက် အရောက် ဇော်မျိုးလွင်မှ မ××× အား အဓမ္မပြုကျင့်ရန်ကြိုးစားခဲ့သဖြင့် ကားပေါ်မှရုန်းကန် ဆင်းပြေးခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ အမှုအား အရေးယူပေးရန်တိုင်တန်းချက်အရ ဇော်မျိုးလွင် အား အင်းစိန်မြို့မ ရဲစခန်း(ပ)၂၅၄၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: သစ်ထူးလွင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top