ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

မႏၲေလးသားျဖစ္တဲ့ ကြၽန္ေတာ္က မႏၲေလးနဲ႔ သိပ္မေ၀းလွတဲ့ စစ္ကိုင္းၿမိဳ႕ကို မၾကာခဏ ေရာက္ျဖစ္ေပမယ့္ စစ္ကိုင္းၿမိဳ႕အနီး ဧရာ၀တီျမစ္ကမ္းနံေဘးမွာရိွတဲ့့ ဘုရားႏွစ္ဆူကို ၀င္မဖူးျဖစ္တာ အရင္ဆံုး၀န္ခံပါရေစ။ ဘုရားအတြင္း ၀င္မဖူးျဖစ္ေပမယ့္ အဲဒီအနားကေန ျဖတ္သြားတိုင္း စိတ္ထဲကေနေတာ့ ဘုရားကို အျမဲဖူးေျမာ္ ျဖစ္ပါတယ္။

အဲဒီဘုရားႏွစ္ဆူက အမရပူရၿမိဳ႕နယ္၊ စစ္ကိုင္းၿမိဳ႕ အေရွ႕ဘက္မွာရိွတဲ့ ေရႊၾကက္ယက္ ေရႊၾကက္က် ဘုရားႏွစ္ဆူျဖစ္ၿပီး ဧရာ၀တီျမစ္ကမ္းနံေဘး ရတနာပံုတံတားအနီးတြင္ တည္ရိွပါတယ္။

ဘုရားအနီးကျဖတ္သြားတုိင္း မ၀င္ျဖစ္ေပမယ့္ ဒီတစ္ေခါက္ေတာ့ အဲဒီဘုရားႏွစ္ဆူရွိရာကို သက္သက္သြားၿပီး ဘုရားဖူးရင္း ခရီးသြားေဆာင္းပါးတစ္ပုဒ္ အသက္သြင္းရန္အတြက္ သြားေရာက္ခဲ့ပါတယ္။ ခရီးသြားေဆာင္းပါးအတြက္သြားတိုင္း မ်ားေသာအားျဖင့္ ကြၽန္ေတာ္တစ္ေယာက္တည္း ဆိုင္ကယ္တစ္စီးနဲ႔ သြားျဖစ္ပါတယ္။ အခုလည္း ဆုိင္ကယ္နဲ႔ အေနာက္ေျမာက္တိုင္း ၿမိဳ႕ေတာ္သို႔ ခရီးသည္တင္ကားေတြသြားတဲ့ ဧရာ၀တီျမစ္ကမ္း ၿမိဳ႕ပတ္လမ္းကေန ေမာင္းလာခဲ့ပါတယ္။

ဧရာ၀တီျမစ္ေရ၊ စစ္ကိုင္းေတာင္တန္းႀကီးနဲ႔ ေကာင္းကင္ျပာႀကီးက အရမ္းလွပတဲ့ ပန္းခ်ီကားတစ္ခ်ပ္သဖြယ္ ျဖစ္ေနတာကို လွမ္းျမင္ရပါတယ္။ အရမ္းလွပတဲ့ ႐ႈခင္းေတြကို ၾကည့္ေနလို႔လည္းမရပါဘူး။ တခ်ဳိ႕ခရီးသည္ တင္ယာဥ္ေတြရဲ႕ စည္ကမ္းမဲ့ေမာင္းႏွင္မႈေတြေၾကာင့္ ဆိုင္ကယ္သတိထားၿပီး ေမာင္းႏွင္ရပါေသးတယ္။

အရင္ဦးဆံုး ေရႊၾကက္က်ဘုရားကို သြားေရာက္ဖူးေျမာ္ခဲ့ပါတယ္။ ဆိုင္ကယ္ကို အပ္ႏွံခဲ့ၿပီး ေစာင္းတန္းအတိုင္း တက္လာခဲ့ပါတယ္။

အရင္ဆံုး ဘုရားရိွခုိးၿပီးတာနဲ႔ ဘုရားတစ္ပတ္ပတ္ခဲ့ပါတယ္။ ဘုရားေပၚကေန ဧရာ၀တီျမစ္ျပင္ႀကီး၊ အနီးကပ္ျမင္ေနရတဲ့ စိမ္းစိုေနတဲ့ စစ္ကိုင္းေတာင္၊ ရတနာပံုတံတားနဲ႔ အင္း၀တံတားေတြကို လွမ္းျမင္ရပါတယ္။ ဧရာ၀တီျမစ္ကမ္းစပ္မွာ စက္ေလွသေဘၤာေတြကလည္း အျပည့္၊ ေလွဦးတိုက္ပြဲနဲ႔ ေရစာ-၀ဲစာ ေကြၽးပြဲကို ေတာ္သလင္းလျပည့္ေက်ာ္ ၇ ရက္ ၈ ရက္မ်ားမွာ ေရႊၾကက္က်ဘုရားအေျခ ဧရာ၀တီျမစ္ျပင္မွာ က်င္းပၾကပါတယ္။ ေလွဦးတိုက္ပြဲနဲ႔ ေရစာ-၀ဲစာေကြၽးပြဲကို ေရွးယခင္ အဆက္ဆက္က်င္းပခဲ့ေၾကာင္း သိရပါတယ္။

ဆက္ၿပီး လမ္းတစ္ဖက္ျခမ္းမွာရွိတ့ဲ ေရႊၾကက္ယက္ဘုရားကို ဖူးေျမာ္ရန္အတြက္ ကားလမ္းကူးၿပီး သြားခဲ့ပါတယ္။ ေစာင္းတန္းတစ္ေလွ်ာက္တက္ခဲ့ၿပီး လိုဏ္ဂူေတာ္အတြင္း ေရႊေရာင္တ၀င္း၀င္း ေတာက္ပေနတဲ့ ျမတ္စြာဘုရားကို ရိွခိုးခဲ့ပါတယ္။

ဘုရားသမိုင္းအေၾကာင္းနဲ႔ ပတ္သက္ၿပီး ဘုရားေဂါပကအဖြဲ႕၀င္ နာယကႀကီးျဖစ္တဲ့ အဘိုးဦးေအးကို ေမးျမန္းျဖစ္ခဲ့ပါတယ္။ “ဘုရားအေလာင္းေတာ္ ၾကက္မင္းေမာင္ႏွံ႐ုပ္အစစ္က ေရႊၾကက္ယက္ဘုရားမွာ ရိွတာပါ။ ကိုယ္ပြားက ေမာင္ႏွံႏွစ္စံုရိွပါတယ္။ ကိုယ္ပြားတစ္စံုက ဒီေရႊၾကက္ယက္မွာရွိၿပီး က်န္တစ္စံုက ေရႊၾကက္က်မွာရိွတာပါ” ဟု အဘိုးဦးေအးကိုက ရွင္းျပပါတယ္။

အဘိုးဦးေအးကိုအသက္ကို ေမးၾကည့္လိုက္ေတာ့ ရယ္ေမာသံနဲ႔ အသက္ ၈၅ ႏွစ္ရိွ ၿပီဆိုတာရယ္၊ ဘုရားသမိုင္းေၾကာင္းေတြကို မေမာပန္းဘဲ ေျပာျပေနပံုေတြကိုၾကည့္ရင္း ကြၽန္ေတာ္အရမ္းအံၾသမိပါတယ္။

“ေရႊၾကက္ယက္-ေရႊၾကက္က်ဘုရား ေတာင္ကုန္းေပၚမွာ ေစတီစုစုေပါင္း ၁၃၀ ေက်ာ္ရိွတယ္” ဆိုၿပီး အဘိုးက ဆက္ေျပာျပပါေသးတယ္။

ေရွးမင္းအဆက္ဆက္လက္ထက္မွ ေရႊၾကက္ယက္-ေရႊၾကက္က် ဆုေတာင္းျပည့္ဘုရား ကဆုန္ေညာင္ေရသြန္းပြဲကို ယခုအခ်ိန္အထိ ႏွစ္စဥ္မပ်က္ ေရႊၾကက္ယက္ဘုရားရိွ ေဗာဓိပင္တြင္ ကဆုန္လဆန္း ၁၄ ရက္နဲ႔ ၁၅ ရက္တို႔တြင္ ကဆုန္ေညာင္ေရသြန္းပြဲေတာ္ က်င္းပေၾကာင္း သိရပါတယ္။

ျမတ္စြာဘုရားသည္ မႏၲေလးေတာင္ႏွင့္ အင္း၀ျပည္ တည္ထြန္းမည့္ေဒသမ်ားကို အစဥ္အတိုင္း ခရီးေဒသစာရီ ၾကြခ်ီေတာ္မူလာရာ မႏၲေလးေတာင္ေစာင့္ဘီလူးမ “အဇၨမုခီ” ၏ ေမာင္ေတာ္မ်ားျဖစ္သည့္ ငေတာင္ျပဳန္း၊ ငေတာင္ၾကဥ္း၊ ငေတာင္သမန္၊ ငေတာင္ျမင့္စသည့္ နတ္ဘီလူးေလးဦးတို႔သည္ ဘုရားရွင္အား ၾကည္ညိဳျခင္းႀကီးစြာျဖစ္၍ မြန္ျမတ္လွစြာေသာ သားျပြမ္းဆြမ္း ဆပ္ကပ္လွဴဒါန္းရာ ဘုရားရွင္က ခံယူေတာ္မူၿပီးလွ်င္ ျပံဳးေတာ္မူ၏။ ထိုအေၾကာင္းကို အရွင္အာနႏၵာက ေလွ်ာက္ထားရာ “ခ်စ္ေသာအာနႏၵာ ေရွးေသာအခါ ဤအရပ္၌ ၾကက္မင္းေမာင္ႏွမအစစ္ျဖစ္၍ ၾကက္စားစမွတ္ျပဳသည္။ ၾကက္ေထာင့္အရပ္၌ အိပ္စမွတ္ျပဳသည္။ ငါပရိနိဗၺာန္လြန္သည့္ေနာက္ ၂၁၈ ႏွစ္ေရာက္ေသာအခါ ထိုေတာင္ ႏွစ္ေတာင္၀ယ္ ဘုန္းတန္ခိုးႀကီးမားေသာ အေသာက ဘုရင္မင္းျမတ္သည္ ငါ၏ဓာတ္ေတာ္၊ ေမြေတာ္တို႔ကို ႒ာပနာ၍ ေစတီႏွစ္ဆူ တည္လတၱံ႕” ဟု ဘုရားရွင္က ဗ်ာဒိတ္ထား ေတာ္မူခဲ့သည္။

ေရႊၾကက္ယက္-ေရႊၾကက္က် ဘုရားႏွစ္ဆူကို သီရီဓမၼာေသာကမင္းက စတင္တည္ထားခဲ့ၿပီး အေနာ္ရထာမင္း၊ နရပတိစည္သူမင္း၊ စစ္ကိုင္းတရဖ်ားမိဖုရားႀကီး၊ မင္းႀကီးစြာေစာ္ကဲ၊ သာလြန္မင္းတရားႀကီး၊ ဆင္ျဖဴရွင္မင္းတရား၊ ဘိုးေတာ္မင္းတရားႀကီး၏ သားေတာ္ အိမ္ေရွ႕မင္း၊ ဘႀကီးေတာ္၊ ပုဂံမင္းမယ္ ေတာ္ဘုရားႀကီးႏွင့္ မင္းတုန္းမင္းတရားႀကီး၏ ေျမာက္နန္းေတာ္မိဖုရားစသည့္ မင္းအဆက္ဆက္က ျပဳျပင္မြမ္းမံခဲ့ေၾကာင္း သိရပါတယ္။

သကၠရာဇ္ ၆၈၈ခုႏွစ္က ေရႊၾကက္ယက္ ဆုေတာင္းျပည့္ဘုရားရင္ျပင္ ရန္ႀကီးေအာင္ ကုန္းေတာ္ေပၚတြင္ စစ္ကိုင္းတရဖ်ားမင္းႀကီး၏ မိဖုရားေတာ္ႀကီးဖြားေစာက ေက်ာက္စာေပၚတြင္ ပ်ဴစာျဖင့္ ေရးထိုးစိုက္ထူလွဴဒါန္းခဲ့သည့္ ေက်ာက္စာတည္ရိွပါတယ္။ အဆိုပါ ေက်ာက္နံစာေဘးတြင္ ဘာသာျပန္ဆိုေရးသားထားသည့္ ေက်ာက္စာကိုလည္း အဘိုးေျပာျပတဲ့အတြက္ ၾကည့္႐ႈခဲ့ပါတယ္။

ကြၽန္ေတာ္သိခ်င္တာေတြလည္း စံုေနၿပီ ျဖစ္တ့ဲအတြက္ ျပည့္ျပည့္စံုစံုရွင္းျပေပးေသာ အဘိုးဦးေအးကိုအား ေက်းဇူးတင္စကားေျပာၾကားၿပီး မႏၲေလးေရႊၿမိဳ႕ေတာ္ဆီသို႔ ျပန္လာခ့ဲပါေတာ့တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သက္ထြန္းေအာင္ (မႏၲေလး) (Eleven Media Group)

# Unicode Version #
မန္တလေးသားဖြစ်တဲ့ ကျွန်တော်က မန္တလေးနဲ့ သိပ်မဝေးလှတဲ့ စစ်ကိုင်းမြို့ကို မကြာခဏ ရောက်ဖြစ်ပေမယ့် စစ်ကိုင်းမြို့အနီး ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိတဲ့ ဘုရားနှစ်ဆူကို ဝင်မဖူးဖြစ်တာ အရင်ဆုံးဝန်ခံပါရစေ။ ဘုရားအတွင်း ဝင်မဖူးဖြစ်ပေမယ့် အဲဒီအနားကနေ ဖြတ်သွားတိုင်း စိတ်ထဲကနေတော့ ဘုရားကို အမြဲဖူးမြော် ဖြစ်ပါတယ်။

အဲဒီဘုရားနှစ်ဆူက အမရပူရမြို့နယ်၊ စစ်ကိုင်းမြို့ အရှေ့ဘက်မှာရှိတဲ့ ရွှေကြက်ယက် ရွှေကြက်ကျ ဘုရားနှစ်ဆူဖြစ်ပြီး ဧရာဝတီမြစ်ကမ်းနံဘေး ရတနာပုံတံတားအနီးတွင် တည်ရှိပါတယ်။

ဘုရားအနီးကဖြတ်သွားတိုင်း မဝင်ဖြစ်ပေမယ့် ဒီတစ်ခေါက်တော့ အဲဒီဘုရားနှစ်ဆူရှိရာကို သက်သက်သွားပြီး ဘုရားဖူးရင်း ခရီးသွားဆောင်းပါးတစ်ပုဒ် အသက်သွင်းရန်အတွက် သွားရောက်ခဲ့ပါတယ်။ ခရီးသွားဆောင်းပါးအတွက်သွားတိုင်း များသောအားဖြင့် ကျွန်တော်တစ်ယောက်တည်း ဆိုင်ကယ်တစ်စီးနဲ့ သွားဖြစ်ပါတယ်။ အခုလည်း ဆိုင်ကယ်နဲ့ အနောက်မြောက်တိုင်း မြို့တော်သို့ ခရီးသည်တင်ကားတွေသွားတဲ့ ဧရာဝတီမြစ်ကမ်း မြို့ပတ်လမ်းကနေ မောင်းလာခဲ့ပါတယ်။

ဧရာဝတီမြစ်ရေ၊ စစ်ကိုင်းတောင်တန်းကြီးနဲ့ ကောင်းကင်ပြာကြီးက အရမ်းလှပတဲ့ ပန်းချီကားတစ်ချပ်သဖွယ် ဖြစ်နေတာကို လှမ်းမြင်ရပါတယ်။ အရမ်းလှပတဲ့ ရှုခင်းတွေကို ကြည့်နေလို့လည်းမရပါဘူး။ တချို့ခရီးသည် တင်ယာဉ်တွေရဲ့ စည်ကမ်းမဲ့မောင်းနှင်မှုတွေကြောင့် ဆိုင်ကယ်သတိထားပြီး မောင်းနှင်ရပါသေးတယ်။

အရင်ဦးဆုံး ရွှေကြက်ကျဘုရားကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။ ဆိုင်ကယ်ကို အပ်နှံခဲ့ပြီး စောင်းတန်းအတိုင်း တက်လာခဲ့ပါတယ်။

အရင်ဆုံး ဘုရားရှိခိုးပြီးတာနဲ့ ဘုရားတစ်ပတ်ပတ်ခဲ့ပါတယ်။ ဘုရားပေါ်ကနေ ဧရာဝတီမြစ်ပြင်ကြီး၊ အနီးကပ်မြင်နေရတဲ့ စိမ်းစိုနေတဲ့ စစ်ကိုင်းတောင်၊ ရတနာပုံတံတားနဲ့ အင်းဝတံတားတွေကို လှမ်းမြင်ရပါတယ်။ ဧရာဝတီမြစ်ကမ်းစပ်မှာ စက်လှေသင်္ဘောတွေကလည်း အပြည့်၊ လှေဦးတိုက်ပွဲနဲ့ ရေစာ-ဝဲစာ ကျွေးပွဲကို တော်သလင်းလပြည့်ကျော် ၇ ရက် ၈ ရက်များမှာ ရွှေကြက်ကျဘုရားအခြေ ဧရာဝတီမြစ်ပြင်မှာ ကျင်းပကြပါတယ်။ လှေဦးတိုက်ပွဲနဲ့ ရေစာ-ဝဲစာကျွေးပွဲကို ရှေးယခင် အဆက်ဆက်ကျင်းပခဲ့ကြောင်း သိရပါတယ်။

ဆက်ပြီး လမ်းတစ်ဖက်ခြမ်းမှာရှိတဲ့ ရွှေကြက်ယက်ဘုရားကို ဖူးမြော်ရန်အတွက် ကားလမ်းကူးပြီး သွားခဲ့ပါတယ်။ စောင်းတန်းတစ်လျှောက်တက်ခဲ့ပြီး လိုဏ်ဂူတော်အတွင်း ရွှေရောင်တဝင်းဝင်း တောက်ပနေတဲ့ မြတ်စွာဘုရားကို ရှိခိုးခဲ့ပါတယ်။

ဘုရားသမိုင်းအကြောင်းနဲ့ ပတ်သက်ပြီး ဘုရားဂေါပကအဖွဲ့ဝင် နာယကကြီးဖြစ်တဲ့ အဘိုးဦးအေးကို မေးမြန်းဖြစ်ခဲ့ပါတယ်။ “ဘုရားအလောင်းတော် ကြက်မင်းမောင်နှံရုပ်အစစ်က ရွှေကြက်ယက်ဘုရားမှာ ရှိတာပါ။ ကိုယ်ပွားက မောင်နှံနှစ်စုံရှိပါတယ်။ ကိုယ်ပွားတစ်စုံက ဒီရွှေကြက်ယက်မှာရှိပြီး ကျန်တစ်စုံက ရွှေကြက်ကျမှာရှိတာပါ” ဟု အဘိုးဦးအေးကိုက ရှင်းပြပါတယ်။

အဘိုးဦးအေးကိုအသက်ကို မေးကြည့်လိုက်တော့ ရယ်မောသံနဲ့ အသက် ၈၅ နှစ်ရှိ ပြီဆိုတာရယ်၊ ဘုရားသမိုင်းကြောင်းတွေကို မမောပန်းဘဲ ပြောပြနေပုံတွေကိုကြည့်ရင်း ကျွန်တော်အရမ်းအံသြမိပါတယ်။

“ရွှေကြက်ယက်-ရွှေကြက်ကျဘုရား တောင်ကုန်းပေါ်မှာ စေတီစုစုပေါင်း ၁၃၀ ကျော်ရှိတယ်” ဆိုပြီး အဘိုးက ဆက်ပြောပြပါသေးတယ်။

ရှေးမင်းအဆက်ဆက်လက်ထက်မှ ရွှေကြက်ယက်-ရွှေကြက်ကျ ဆုတောင်းပြည့်ဘုရား ကဆုန်ညောင်ရေသွန်းပွဲကို ယခုအချိန်အထိ နှစ်စဉ်မပျက် ရွှေကြက်ယက်ဘုရားရှိ ဗောဓိပင်တွင် ကဆုန်လဆန်း ၁၄ ရက်နဲ့ ၁၅ ရက်တို့တွင် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပကြောင်း သိရပါတယ်။

မြတ်စွာဘုရားသည် မန္တလေးတောင်နှင့် အင်းဝပြည် တည်ထွန်းမည့်ဒေသများကို အစဉ်အတိုင်း ခရီးဒေသစာရီ ကြွချီတော်မူလာရာ မန္တလေးတောင်စောင့်ဘီလူးမ “အဇ္ဇမုခီ” ၏ မောင်တော်များဖြစ်သည့် ငတောင်ပြုန်း၊ ငတောင်ကြဉ်း၊ ငတောင်သမန်၊ ငတောင်မြင့်စသည့် နတ်ဘီလူးလေးဦးတို့သည် ဘုရားရှင်အား ကြည်ညိုခြင်းကြီးစွာဖြစ်၍ မွန်မြတ်လှစွာသော သားပြွမ်းဆွမ်း ဆပ်ကပ်လှူဒါန်းရာ ဘုရားရှင်က ခံယူတော်မူပြီးလျှင် ပြုံးတော်မူ၏။ ထိုအကြောင်းကို အရှင်အာနန္ဒာက လျှောက်ထားရာ “ချစ်သောအာနန္ဒာ ရှေးသောအခါ ဤအရပ်၌ ကြက်မင်းမောင်နှမအစစ်ဖြစ်၍ ကြက်စားစမှတ်ပြုသည်။ ကြက်ထောင့်အရပ်၌ အိပ်စမှတ်ပြုသည်။ ငါပရိနိဗ္ဗာန်လွန်သည့်နောက် ၂၁၈ နှစ်ရောက်သောအခါ ထိုတောင် နှစ်တောင်ဝယ် ဘုန်းတန်ခိုးကြီးမားသော အသောက ဘုရင်မင်းမြတ်သည် ငါ၏ဓာတ်တော်၊ မွေတော်တို့ကို ဋ္ဌာပနာ၍ စေတီနှစ်ဆူ တည်လတ္တံ့” ဟု ဘုရားရှင်က ဗျာဒိတ်ထား တော်မူခဲ့သည်။

ရွှေကြက်ယက်-ရွှေကြက်ကျ ဘုရားနှစ်ဆူကို သီရီဓမ္မာသောကမင်းက စတင်တည်ထားခဲ့ပြီး အနော်ရထာမင်း၊ နရပတိစည်သူမင်း၊ စစ်ကိုင်းတရဖျားမိဖုရားကြီး၊ မင်းကြီးစွာစော်ကဲ၊ သာလွန်မင်းတရားကြီး၊ ဆင်ဖြူရှင်မင်းတရား၊ ဘိုးတော်မင်းတရားကြီး၏ သားတော် အိမ်ရှေ့မင်း၊ ဘကြီးတော်၊ ပုဂံမင်းမယ် တော်ဘုရားကြီးနှင့် မင်းတုန်းမင်းတရားကြီး၏ မြောက်နန်းတော်မိဖုရားစသည့် မင်းအဆက်ဆက်က ပြုပြင်မွမ်းမံခဲ့ကြောင်း သိရပါတယ်။

သက္ကရာဇ် ၆၈၈ခုနှစ်က ရွှေကြက်ယက် ဆုတောင်းပြည့်ဘုရားရင်ပြင် ရန်ကြီးအောင် ကုန်းတော်ပေါ်တွင် စစ်ကိုင်းတရဖျားမင်းကြီး၏ မိဖုရားတော်ကြီးဖွားစောက ကျောက်စာပေါ်တွင် ပျူစာဖြင့် ရေးထိုးစိုက်ထူလှူဒါန်းခဲ့သည့် ကျောက်စာတည်ရှိပါတယ်။ အဆိုပါ ကျောက်နံစာဘေးတွင် ဘာသာပြန်ဆိုရေးသားထားသည့် ကျောက်စာကိုလည်း အဘိုးပြောပြတဲ့အတွက် ကြည့်ရှုခဲ့ပါတယ်။

ကျွန်တော်သိချင်တာတွေလည်း စုံနေပြီ ဖြစ်တဲ့အတွက် ပြည့်ပြည့်စုံစုံရှင်းပြပေးသော အဘိုးဦးအေးကိုအား ကျေးဇူးတင်စကားပြောကြားပြီး မန္တလေးရွှေမြို့တော်ဆီသို့ ပြန်လာခဲ့ပါတော့တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သက်ထွန်းအောင် (မန္တလေး) (Eleven Media Group)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top