ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

လည္ပင္းနားတစ္၀ိုက္မွာ မည္းတာ ခ်ိဳင္းမည္းတာေတြက လူေတြအမ်ားအားျဖင့္ ႀကံဳေတြ႕ေနရတဲ့ ျပႆနာတစ္ခုပါပဲ။ အခုလို မည္းညွစ္ေနတဲ့ေနရာေတြကို သက္သာေပ်ာက္ကင္းေစဖို႔အတြက္ နည္းလမ္းေကာင္းေလးေတြကိုမွ်ေ၀ေပးပါမယ္။

၁. ႏြားႏို႔ နဲ႔ သၾကား

ႏို႔မွာ Lactic အက္ဆစ္ပါ၀င္ၿပီး အသားအေရကို ျပန္ၿပီးျဖဴ၀င္းေစသလို ေရဓါတ္ျဖည့္တင္းေပးပါတယ္။ သၾကားကလည္း ဆဲလ္ေသေတြကိုဖယ္ရွားေပးလို႔ လည္ပင္းမည္းတာေတြ႕ို သက္သာေပ်ာက္ကင္းေစပါတယ္။

ပါ၀င္ပစၥည္း

သၾကား စားပြဲတင္ဇြန္း ၁ ဇြန္း

ႏြားႏို႔ စားပြဲတင္ဇြန္း ၃ ဇြန္း ( ဒါမွမဟုတ္ သံပုယိုသီး တစ္ျခမ္းထည့္ပါ)

နည္းလမ္း

ပါ၀င္ပစၥည္းႏွစ္မ်ိဳးကို ေရာလိုက္ၿပီး မည္းညွစ္ေနတဲ့ လည္ပင္းသားနဲ႔ ခ်ိဳင္းၾကားမွာ လိမ္းေပးလိုက္ပါ။ မိနစ္ ၂၀ ေလာက္ထားၿပီးရင္ ေရေအးေအးနဲ႔ ေဆးခ်လိုက္ပါ။ တစ္ပတ္ကို ၃ ႀကိမ္လုပ္ပါ။

၂။ သခြားသီးနဲ႔ ႏွင္းဆီေရ

သခြားသီး တစ္ျခမ္း

ႏွင္းဆီေရ စားပြဲတင္ဇြန္း ၆ ဇြန္း (ႏွင္းဆီေရ ႏွင္းဆီပန္းပြင့္ကို ေရေသခ်ာေဆးၿပီး ေရေအးနဲ႔ ညလံုးေပါက္စိမ္ထားပါ။ မနက္က်မွသံုးပါ)

ျပဳလုပ္နည္း

ပါ၀င္ပစၥည္းႏွစ္မ်ိဳးကို က်ိတ္စက္ထဲထည့္ၿပီး က်ိတ္လိုက္ပါ။ ၿပီးရင္ လည္ပင္းနဲ႔ မည္းေနတဲ့ေနရာေတြကို အဓိက ပြတ္ၿပီးလိမ္းေပးပါ။ မိနစ္ ၃၀ ေလာက္ထားၿပီး ေရေဆးခ်ပါ။ ညတိုင္းလိုလိုလုပ္ေပးပါ။

၃။ ေကြကာအုတ္နဲ႔ ခရမ္းခ်ဥ္သီး

ပါ၀င္ပစၥည္း

ေကြကာအုတ္ စားပြဲတင္ဇြန္း ၁ ဇြန္း

ခရမ္းခ်ဥ္သီးအရည္ စားပြဲတင္ဇြန္း ၅ ဇြန္း

ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္း

ပါ၀င္ပစၥည္းအားလံုးကို က်ိတ္စက္ထဲထည့္ၿပီး က်ိတ္လိုက္ပါ။ ၿပီးရင္ လည္ပင္းနဲ႔ မည္းေနတဲ့ေနရာေတြကို လိမ္းေပးၿပီး မိနစ္ ၂၀ ေလာက္ထားပါ။ ၿပီးရင္ ေရေဆးခ်ေပးပါ။ တစ္ပတ္ကို ၃ ႀကိမ္ကေန ၄ ႀကိမ္ထိလုပ္ေပးပါ။

၄။ ရွားေစာင္းလက္ပက္နဲ႔ သံပုယုိသီး

ပါ၀င္ပစၥည္း

ရွားေစာင္းလက္ပက္အနစ္ စားပြဲတင္ဇြန္း ၃ ဇြန္း

သံပုယုိရည္ စားပြဲတင္ဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း

ပါ၀င္ပစၥည္းႏွစ္မ်ိဳးကို ေသခ်ာေရာၿပီး ေမႊလိုက္ပါ။ ၿပီးရင္ မည္းညွစ္ေနတဲ့ေနရာကိုလိမ္းေပးၿပီး မိနစ္ ၃၀ ေလာက္ထားပါ။ၿပီးရင္ေရေအးေအးနဲ႔ ေဆးခ်ေပးပါ။ ညတိုင္းလိုလိုလုပ္ေပးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystylemyanmar

#Unicode Version#
လည်ပင်းနားတစ်ဝိုက်မှာ မည်းတာ ချိုင်းမည်းတာတွေက လူတွေအများအားဖြင့် ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါပဲ။ အခုလို မည်းညှစ်နေတဲ့နေရာတွေကို သက်သာပျောက်ကင်းစေဖို့အတွက် နည်းလမ်းကောင်းလေးတွေကိုမျှဝေပေးပါမယ်။

၁. နွားနို့ နဲ့ သကြား

နို့မှာ Lactic အက်ဆစ်ပါဝင်ပြီး အသားအရေကို ပြန်ပြီးဖြူဝင်းစေသလို ရေဓါတ်ဖြည့်တင်းပေးပါတယ်။ သကြားကလည်း ဆဲလ်သေတွေကိုဖယ်ရှားပေးလို့ လည်ပင်းမည်းတာတွေ့ို သက်သာပျောက်ကင်းစေပါတယ်။

ပါဝင်ပစ္စည်း

သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

နွားနို့ စားပွဲတင်ဇွန်း ၃ ဇွန်း ( ဒါမှမဟုတ် သံပုယိုသီး တစ်ခြမ်းထည့်ပါ)

နည်းလမ်း

ပါဝင်ပစ္စည်းနှစ်မျိုးကို ရောလိုက်ပြီး မည်းညှစ်နေတဲ့ လည်ပင်းသားနဲ့ ချိုင်းကြားမှာ လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ လောက်ထားပြီးရင် ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပါ။

၂။ သခွားသီးနဲ့ နှင်းဆီရေ

သခွားသီး တစ်ခြမ်း

နှင်းဆီရေ စားပွဲတင်ဇွန်း ၆ ဇွန်း (နှင်းဆီရေ နှင်းဆီပန်းပွင့်ကို ရေသေချာဆေးပြီး ရေအေးနဲ့ ညလုံးပေါက်စိမ်ထားပါ။ မနက်ကျမှသုံးပါ)

ပြုလုပ်နည်း

ပါဝင်ပစ္စည်းနှစ်မျိုးကို ကျိတ်စက်ထဲထည့်ပြီး ကျိတ်လိုက်ပါ။ ပြီးရင် လည်ပင်းနဲ့ မည်းနေတဲ့နေရာတွေကို အဓိက ပွတ်ပြီးလိမ်းပေးပါ။ မိနစ် ၃၀ လောက်ထားပြီး ရေဆေးချပါ။ ညတိုင်းလိုလိုလုပ်ပေးပါ။

၃။ ကွေကာအုတ်နဲ့ ခရမ်းချဉ်သီး

ပါဝင်ပစ္စည်း

ကွေကာအုတ် စားပွဲတင်ဇွန်း ၁ ဇွန်း

ခရမ်းချဉ်သီးအရည် စားပွဲတင်ဇွန်း ၅ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းအားလုံးကို ကျိတ်စက်ထဲထည့်ပြီး ကျိတ်လိုက်ပါ။ ပြီးရင် လည်ပင်းနဲ့ မည်းနေတဲ့နေရာတွေကို လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် ရေဆေးချပေးပါ။ တစ်ပတ်ကို ၃ ကြိမ်ကနေ ၄ ကြိမ်ထိလုပ်ပေးပါ။

၄။ ရှားစောင်းလက်ပက်နဲ့ သံပုယိုသီး

ပါဝင်ပစ္စည်း

ရှားစောင်းလက်ပက်အနစ် စားပွဲတင်ဇွန်း ၃ ဇွန်း

သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းနှစ်မျိုးကို သေချာရောပြီး မွှေလိုက်ပါ။ ပြီးရင် မည်းညှစ်နေတဲ့နေရာကိုလိမ်းပေးပြီး မိနစ် ၃၀ လောက်ထားပါ။ပြီးရင်ရေအေးအေးနဲ့ ဆေးချပေးပါ။ ညတိုင်းလိုလိုလုပ်ပေးပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: mystylemyanmar


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top