ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဘာသာေရး ယံုၾကည္မႈေတြ၊ တိုင္းရင္းသား မ်ိဳးႏြယ္စု ခြဲျခားသတ္မွတ္ခ်က္ေတြနဲ႔ ေသြးကြဲေနတဲ့ ႏိုင္ငံမ်ိဳး မျဖစ္ေစလိုေၾကာင္း ႏိုင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလုိက္ပါတယ္။

စက္တင္ဘာ ၁၉ ရက္က ေနျပည္ေတာ္မွာ ေျပာၾကားတဲ့ ႏိုင္ငံေတာ္ အေျချပ မိန္႔ခြန္းမွာ ေဒၚေအာင္ဆန္းစုၾကည္က လက္ရွိ ျဖစ္ပြားေနတဲ့ ရခုိင္ျပည္နယ္ အေရးနဲ႔ ဘဂၤါလီ ျပႆနာေတြ၊ ႏုိင္ငံတကာ ဖိအားေပးမႈေတြ၊ အစိုးရရဲ႕ ကိုင္တြယ္လုပ္ေဆာင္မႈေတြနဲ႔ ပတ္သက္ၿပီး စံုစံုလင္လင္ ထည့္သြင္း ရွင္းလင္းသြားပါတယ္။

လတ္တေလာ ျပႆနာေတြမွာ အမုန္းတရားနဲ႔ အေၾကာက္တရားက အဓိက ဖိစီးမႈ အေၾကာင္းရင္းေတြ ျဖစ္ေနေၾကာင္း၊ ျမန္မာႏုိင္ငံကို ဘာသာေရး ယံုၾကည္မႈေတြနဲ႔ တိုင္းရင္းသားမ်ိဳးႏြယ္ ခြဲျခားမႈေတြေၾကာင့္ ေသြးကြဲတဲ့ ႏိုင္ငံတစ္ခု ျဖစ္လာမွာ မလိုလားေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

အစိုးရအေနနဲ႔ ရခိုင္ျပည္နယ္က လူ႔အဖြဲ႕အစည္း အသီးသီးရဲ႕ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးအတြက္ အစြမ္းရွိသမွ် ႀကိဳးစား လုပ္ေဆာင္ေနေၾကာင္း၊ မတည္ၿငိမ္မႈေတြေၾကာင့္ ေနရပ္စြန္႔ခြာ ထြက္ေျပးမႈေတြရဲ႕ အေၾကာင္းရင္းကို အရင္းစစ္ဖုိ႔ လိုေၾကာင္း၊ ေနရပ္စြန္႔ခြာ ထြက္ေျပးသူေတြကို စံုစမ္းေဆြးေႏြးဖို႔ ျဖစ္လာႏုိင္ေၾကာင္း ျမန္မာအစိုးရအဖြဲ႕ ေခါင္းေဆာင္က ဆိုပါတယ္။

ႏုိင္ငံတကာ ေဝဖန္မႈေတြနဲ႔ ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္က အခုျပႆနာနဲ႔ ပတ္သက္ၿပီး ႏုိင္ငံတကာက ဆန္းစစ္မႈေတြ ရွိလာရင္လည္း ျမန္မာႏုိင္ငံ အေနနဲ႔ ေၾကာက္႐ံြ႕ေနမွာ မဟုတ္ေၾကာင္း၊ ရခုိင္ျပည္နယ္ အေရးကို ေျဖရွင္းဖို႔ တည္တည္ၿငိမ္ၿငိမ္ ဆက္လက္ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း တံု႔ျပန္ခဲ့ပါတယ္။

“စြပ္စြဲမႈေတြနဲ႔ တန္ျပန္စြပ္စြဲမႈေတြ ရွိေနတယ္။ ကၽြန္မတို႔က ဒါေတြ အားလံုးကို နားေထာင္ရမယ္။ တစ္ခုခု အေရးယူ မကိုင္တြယ္ခင္မွာ ဒီစြပ္စြဲမႈေတြဟာ ခုိင္မာတဲ့ အေထာက္အထားေတြေပၚမွာ အေျခခံထားတာလား ဆိုတာကို ေသခ်ာေအာင္ ဆန္းစစ္ရမယ္”လုိ႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ဒါ့အျပင္ ဒီျဖစ္ရပ္ေတြဟာ စစ္ေသြးႂကြ အၾကမ္းဖက္သမားေတြက လံုၿခံဳေရး တပ္ဖြဲ႕ စခန္းေတြကို တိုက္ခုိက္ခဲ့မႈကေန စတင္လာတာကိုလည္း ေဒၚေအာင္ဆန္းစုၾကည္က ေထာက္ျပသြားပါတယ္။

ၿပီးေတာ့ လက္ရွိ ျပႆနာေတြဟာ ျမန္မာႏုိင္ငံနဲ႔သာ တိုက္႐ိုက္ သက္ဆိုင္တယ္လုိ႔ ခံယူေၾကာင္းလည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။
“ဒီႏိုင္ငံမွာ ရွိေနသူေတြမွာသာ တကယ္တမ္း တာဝန္ရွိတယ္လုိ႔ ကၽြန္မ ယံုၾကည္တယ္။ ဒါေပမဲ့ ကၽြန္မတို႔ရဲ႕ အားထုတ္ႀကိဳးစားမႈမွာ မိတ္ေဆြေတြကလည္း လာပူးေပါင္းေစခ်င္ပါတယ္။ ရွင္တို႔ လံုၿခံဳေရးကို ကၽြန္မတို႔ တာဝန္ယူပါ့မယ္”လုိ႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ဖိတ္ေခၚခဲ့ပါတယ္။

ရခုိင္ျပည္နယ္ အေရးကို ေျဖရွင္းရာမွာ ကိုဖီအာနန္ ေကာ္မရွင္ရဲ႕ ေထာက္ခံ အႀကံျပဳမႈေတြက ေရရွည္အတြက္ ေကာင္းက်ိဳး ျဖစ္ထြန္းေစႏုိင္တယ္ ဆိုတာကိုလည္း ေဒၚေအာင္ဆန္းစုၾကည္က အခုိင္အမာ ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ ႏုိင္ငံတကာ အျမင္မွာ ျမန္မာနဲ႔ ပတ္သက္ရင္ ႏုိင္ငံတစ္ခုလံုးရဲ႕ အေနအထားကို ၿခံဳၾကည့္ေစလိုေၾကာင္း၊ ပဋိပကၡ ျဖစ္ပြားေနတဲ့ ဧရိယာေလး တစ္ခုေလာက္ကိုသာ ၾကည့္ေနတာမ်ိဳး မျဖစ္ေစခ်င္ေၾကာင္းလည္း ေဒၚေအာင္ဆန္းစုၾကည္က တိုက္တြန္းခဲ့ပါတယ္။

“ကၽြန္မတို႔ဟာ သက္တမ္းႏုနယ္ၿပီး ထိလြယ္ရွလြယ္ရွိတဲ့ ႏုိင္ငံတစ္ခုပါ။ ျပႆနာေပါင္း ေျမာက္ျမားစြာကို ရင္ဆိုင္ေနရပါတယ္။ ဒါေပမဲ့ ကၽြန္မတို႔က ဒါေတြ အကုန္လံုးကို ရင္ဆိုင္ ေက်ာ္ျဖတ္သြားပါမယ္”လို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသြားပါတယ္။

စကားလံုးေတြနဲ႔ျဖစ္ေစ၊ လက္နက္ေတြနဲ႔ျဖစ္ေစ၊ ယုတ္စြအဆံုး စိတ္ခံစားခ်က္ေတြနဲ႔ျဖစ္ေစ အခ်င္းခ်င္းရန္လို တိုက္ခုိက္ေနျခင္းဟာ ဘာအေထာက္အကူမွ မျဖစ္ႏုိင္ပါဘူး။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
ဘာသာရေး ယုံကြည်မှုတွေ၊ တိုင်းရင်းသား မျိုးနွယ်စု ခွဲခြားသတ်မှတ်ချက်တွေနဲ့ သွေးကွဲနေတဲ့ နိုင်ငံမျိုး မဖြစ်စေလိုကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၁၉ ရက်က နေပြည်တော်မှာ ပြောကြားတဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် အရေးနဲ့ ဘင်္ဂါလီ ပြဿနာတွေ၊ နိုင်ငံတကာ ဖိအားပေးမှုတွေ၊ အစိုးရရဲ့ ကိုင်တွယ်လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး စုံစုံလင်လင် ထည့်သွင်း ရှင်းလင်းသွားပါတယ်။

လတ်တလော ပြဿနာတွေမှာ အမုန်းတရားနဲ့ အကြောက်တရားက အဓိက ဖိစီးမှု အကြောင်းရင်းတွေ ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံကို ဘာသာရေး ယုံကြည်မှုတွေနဲ့ တိုင်းရင်းသားမျိုးနွယ် ခွဲခြားမှုတွေကြောင့် သွေးကွဲတဲ့ နိုင်ငံတစ်ခု ဖြစ်လာမှာ မလိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အစိုးရအနေနဲ့ ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်း အသီးသီးရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အစွမ်းရှိသမျှ ကြိုးစား လုပ်ဆောင်နေကြောင်း၊ မတည်ငြိမ်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးမှုတွေရဲ့ အကြောင်းရင်းကို အရင်းစစ်ဖို့ လိုကြောင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးသူတွေကို စုံစမ်းဆွေးနွေးဖို့ ဖြစ်လာနိုင်ကြောင်း မြန်မာအစိုးရအဖွဲ့ ခေါင်းဆောင်က ဆိုပါတယ်။

နိုင်ငံတကာ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုပြဿနာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဆန်းစစ်မှုတွေ ရှိလာရင်လည်း မြန်မာနိုင်ငံ အနေနဲ့ ကြောက်ရွံ့နေမှာ မဟုတ်ကြောင်း၊ ရခိုင်ပြည်နယ် အရေးကို ဖြေရှင်းဖို့ တည်တည်ငြိမ်ငြိမ် ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

“စွပ်စွဲမှုတွေနဲ့ တန်ပြန်စွပ်စွဲမှုတွေ ရှိနေတယ်။ ကျွန်မတို့က ဒါတွေ အားလုံးကို နားထောင်ရမယ်။ တစ်ခုခု အရေးယူ မကိုင်တွယ်ခင်မှာ ဒီစွပ်စွဲမှုတွေဟာ ခိုင်မာတဲ့ အထောက်အထားတွေပေါ်မှာ အခြေခံထားတာလား ဆိုတာကို သေချာအောင် ဆန်းစစ်ရမယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် ဒီဖြစ်ရပ်တွေဟာ စစ်သွေးကြွ အကြမ်းဖက်သမားတွေက လုံခြုံရေး တပ်ဖွဲ့ စခန်းတွေကို တိုက်ခိုက်ခဲ့မှုကနေ စတင်လာတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသွားပါတယ်။

ပြီးတော့ လက်ရှိ ပြဿနာတွေဟာ မြန်မာနိုင်ငံနဲ့သာ တိုက်ရိုက် သက်ဆိုင်တယ်လို့ ခံယူကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ဒီနိုင်ငံမှာ ရှိနေသူတွေမှာသာ တကယ်တမ်း တာဝန်ရှိတယ်လို့ ကျွန်မ ယုံကြည်တယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အားထုတ်ကြိုးစားမှုမှာ မိတ်ဆွေတွေကလည်း လာပူးပေါင်းစေချင်ပါတယ်။ ရှင်တို့ လုံခြုံရေးကို ကျွန်မတို့ တာဝန်ယူပါ့မယ်”လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် အရေးကို ဖြေရှင်းရာမှာ ကိုဖီအာနန် ကော်မရှင်ရဲ့ ထောက်ခံ အကြံပြုမှုတွေက ရေရှည်အတွက် ကောင်းကျိုး ဖြစ်ထွန်းစေနိုင်တယ် ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခိုင်အမာ ပြောကြားသွားပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အမြင်မှာ မြန်မာနဲ့ ပတ်သက်ရင် နိုင်ငံတစ်ခုလုံးရဲ့ အနေအထားကို ခြုံကြည့်စေလိုကြောင်း၊ ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဧရိယာလေး တစ်ခုလောက်ကိုသာ ကြည့်နေတာမျိုး မဖြစ်စေချင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

“ကျွန်မတို့ဟာ သက်တမ်းနုနယ်ပြီး ထိလွယ်ရှလွယ်ရှိတဲ့ နိုင်ငံတစ်ခုပါ။ ပြဿနာပေါင်း မြောက်မြားစွာကို ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ ကျွန်မတို့က ဒါတွေ အကုန်လုံးကို ရင်ဆိုင် ကျော်ဖြတ်သွားပါမယ်”လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

စကားလုံးတွေနဲ့ဖြစ်စေ၊ လက်နက်တွေနဲ့ဖြစ်စေ၊ ယုတ်စွအဆုံး စိတ်ခံစားချက်တွေနဲ့ဖြစ်စေ အချင်းချင်းရန်လို တိုက်ခိုက်နေခြင်းဟာ ဘာအထောက်အကူမှ မဖြစ်နိုင်ပါဘူး။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top