ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

လူအမ်ားစုက ကိုယ့္အသက္ပါဆုံးရွုံးနိုင္ၿပီး ေၾကာက္စရာေကာင္းတဲ့ အခ်ိန္ေတြကို ၾကဳံေတြ႕လာတဲ့အခါ မယုံၾကည္နိုင္ေလာက္ေအာင္  လူမဆန္တဲ့ အလုပ္ေတြကို လုပ္မိတတ္ၾကပါတယ္။ ဒါေပမဲ့ ဒီေလာက္ထိ ဆိုးဆိုးရြားရြားလုပ္မိမယ္လို႔ ဘယ္သူကမွေတြးမိမွာမဟုတ္ပါဘူး။

အေမရိကန္နိုင္ငံက ဇနီးေမာင္ႏွံ Bruce နဲ႔ သူ႔ရဲ့ဇနီး Janet တို႔က သာမန္စုံတြဲေတြလိုဘဲ ညေနခင္း ၾကည္ၾကည္ႏူးႏူးနဲ႔ ျဖတ္သန္းခဲ့ပါတယ္။ သူတို႔စားေသာက္ဆိုင္တစ္ခုမွာ ညေနစာစားၿပီးအျပန္ သူတို႔ေနတဲ့ ၄၂ မွာရွိတဲ့ တိုက္ခန္းကို ျပန္လာခဲ့ပါတယ္။ အထပ္၂၀ ေလာက္ေရာက္ေတာ့ ဓာတ္ေလွကားက ႐ုပ္တစ္ရပ္ပ်က္ၿပီး ရပ္သြားခဲ့ပါတယ္။

Bruce မွ emergency ခလုတ္ကို ႏွိပ္ၿပီး ႏွစ္ေယာက္သားေစာင့္ေနခဲ့ပါတယ္။ ကံဆိုးစြာနဲ႔ပဲ အဲဒီေန႔က သူတို႔ဖုန္းေတြ ပါမလာခဲ့တဲ့အတြက္ ဘယ္ကိုမွ ဖုန္းေခၚၿပီး အကူအညီေတာင္းလို႔ မရခဲ့ပါဘူး။ နာရီေတြၾကာလာေပမယ့္ ကူညီကယ္ဆယ္မယ့္သူ ေရာက္မလာပဲ သူတို႔ႏွစ္ေယာက္ ဓာတ္ေလွကားထဲမွာဘဲ အိပ္လိုက္ၾကရပါတယ္။

ေနာက္ေန႔မွာ Bruce ကဓာတ္ေလွကားေခါင္မိုးကိုႀကိဳးစားၿပီး ဖြင့္ၾကည့္ေပမဲ့လည္း ဖြင့္မရခဲ့ပါ။ အမ်ိဳးမ်ိဳးေအာ္ၿပီး အကူအညီေတာင္းေသာ္လည္း မည္သူ႔ထံမွ တုံ႔ျပန္သံမၾကားပါ။ ၄၈ နာရီမၽွ ၾကာလာတဲ့အခါမွဦေတာ့ Bruce မွာ ေရဓာတ္ခန္းေျခာက္လာၿပီး ဗိုက္အလြန္ဆာလာပါတယ္။
အဲဒီေနာက္မွာေတာ့ စာလြန္းတဲ့စိတ္ကို မထိန္းနိုင္ေတာ့ပဲ သူ႔ဇနီးသည္အား လူမဆန္စြာသတ္ျဖတ္ၿပီး စားေသာက္ခဲ့ပါတယ္။

အေမရိကန္နိုင္ငံ ဖိလီဒဲဖီးယားရဲစခန္းရဲ့ သတင္းထုတ္ျပန္ခ်က္အရ Bruce ကစုစုေပါင္း ၇၁ နာရီၾကာ ဓာတ္ေလွကားထဲမွာေနခဲ့ရၿပီး အဲ့ဒီအေတာအတြင္းမွာ သူ႔ဇနီးရဲ့အသားကို ေပါင္ခ်ိန္ ၁၂ ေပါင္ မၽွစားေသာက္ၿပီး အသက္ရွင္ခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

Bruce ရဲ့ မွတ္ခ်က္မွာ သူ႔အေနနဲ႔ အသက္ရွင္ရန္ လိုအပ္လို႔ ဒီလိုလုပ္ခဲ့ျခင္းျဖစ္တယ္ လို၀န္ခံခဲ့ပါတယ္။ ရဲမွူးႀကီး Richard Ross ေျပာဆိုခ်က္အရ သူတို႔ဖမ္းမိခဲ့ၿပီး Bruce ဓာတ္ေလွကားမွထြက္လာခ်ိန္မွာဘယ္ Bruce က “ငါဘာျဖစ္လို႔လုပ္ခဲ့ပါလိမ့္” လို႔ေျပာခဲ့ပါတယ္။ Bruce ရဲ့ ေရွ႕ေနျဖစ္သူ Darrel Hunter က သူ႔ရဲ့မသိစိတ္ေၾကာင့္ ဒီလိုျဖစ္သြားေၾကာင္းႏွင့္ ရည္ရြယ္ခ်က္ရွိရွိ လုပ္ခဲ့ျခင္းမဟုတ္ေၾကာင္း ကာကြယ္ေျပာဆိုခဲ့ပါတယ္။ အမွုရင္ဆိုင္ၿပီးခ်ိန္မွာ Bruce မွာစုစုေပါင္း ပုဒ္မ ၁၄ ခုနဲ႔ တရားဆြဲဆိုျခင္းကိုခံခဲ့ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
လူအများစုက ကိုယ့်အသက်ပါဆုံးရှုံးနိုင်ပြီး ကြောက်စရာကောင်းတဲ့ အချိန်တွေကို ကြုံတွေ့လာတဲ့အခါ မယုံကြည်နိုင်လောက်အောင်  လူမဆန်တဲ့ အလုပ်တွေကို လုပ်မိတတ်ကြပါတယ်။ ဒါပေမဲ့ ဒီလောက်ထိ ဆိုးဆိုးရွားရွားလုပ်မိမယ်လို့ ဘယ်သူကမှတွေးမိမှာမဟုတ်ပါဘူး။

အမေရိကန်နိုင်ငံက ဇနီးမောင်နှံ Bruce နဲ့ သူ့ရဲ့ဇနီး Janet တို့က သာမန်စုံတွဲတွေလိုဘဲ ညနေခင်း ကြည်ကြည်နူးနူးနဲ့ ဖြတ်သန်းခဲ့ပါတယ်။ သူတို့စားသောက်ဆိုင်တစ်ခုမှာ ညနေစာစားပြီးအပြန် သူတို့နေတဲ့ ၄၂ မှာရှိတဲ့ တိုက်ခန်းကို ပြန်လာခဲ့ပါတယ်။ အထပ်၂၀ လောက်ရောက်တော့ ဓာတ်လှေကားက ရုပ်တစ်ရပ်ပျက်ပြီး ရပ်သွားခဲ့ပါတယ်။

Bruce မှ emergency ခလုတ်ကို နှိပ်ပြီး နှစ်ယောက်သားစောင့်နေခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ အဲဒီနေ့က သူတို့ဖုန်းတွေ ပါမလာခဲ့တဲ့အတွက် ဘယ်ကိုမှ ဖုန်းခေါ်ပြီး အကူအညီတောင်းလို့ မရခဲ့ပါဘူး။ နာရီတွေကြာလာပေမယ့် ကူညီကယ်ဆယ်မယ့်သူ ရောက်မလာပဲ သူတို့နှစ်ယောက် ဓာတ်လှေကားထဲမှာဘဲ အိပ်လိုက်ကြရပါတယ်။

နောက်နေ့မှာ Bruce ကဓာတ်လှေကားခေါင်မိုးကိုကြိုးစားပြီး ဖွင့်ကြည့်ပေမဲ့လည်း ဖွင့်မရခဲ့ပါ။ အမျိုးမျိုးအော်ပြီး အကူအညီတောင်းသော်လည်း မည်သူ့ထံမှ တုံ့ပြန်သံမကြားပါ။ ၄၈ နာရီမျှ ကြာလာတဲ့အခါမှဦတော့ Bruce မှာ ရေဓာတ်ခန်းခြောက်လာပြီး ဗိုက်အလွန်ဆာလာပါတယ်။
အဲဒီနောက်မှာတော့ စာလွန်းတဲ့စိတ်ကို မထိန်းနိုင်တော့ပဲ သူ့ဇနီးသည်အား လူမဆန်စွာသတ်ဖြတ်ပြီး စားသောက်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ဖိလီဒဲဖီးယားရဲစခန်းရဲ့ သတင်းထုတ်ပြန်ချက်အရ Bruce ကစုစုပေါင်း ၇၁ နာရီကြာ ဓာတ်လှေကားထဲမှာနေခဲ့ရပြီး အဲ့ဒီအတောအတွင်းမှာ သူ့ဇနီးရဲ့အသားကို ပေါင်ချိန် ၁၂ ပေါင် မျှစားသောက်ပြီး အသက်ရှင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Bruce ရဲ့ မှတ်ချက်မှာ သူ့အနေနဲ့ အသက်ရှင်ရန် လိုအပ်လို့ ဒီလိုလုပ်ခဲ့ခြင်းဖြစ်တယ် လိုဝန်ခံခဲ့ပါတယ်။ ရဲမှူးကြီး Richard Ross ပြောဆိုချက်အရ သူတို့ဖမ်းမိခဲ့ပြီး Bruce ဓာတ်လှေကားမှထွက်လာချိန်မှာဘယ် Bruce က “ငါဘာဖြစ်လို့လုပ်ခဲ့ပါလိမ့်” လို့ပြောခဲ့ပါတယ်။ Bruce ရဲ့ ရှေ့နေဖြစ်သူ Darrel Hunter က သူ့ရဲ့မသိစိတ်ကြောင့် ဒီလိုဖြစ်သွားကြောင်းနှင့် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်းမဟုတ်ကြောင်း ကာကွယ်ပြောဆိုခဲ့ပါတယ်။ အမှုရင်ဆိုင်ပြီးချိန်မှာ Bruce မှာစုစုပေါင်း ပုဒ်မ ၁၄ ခုနဲ့ တရားဆွဲဆိုခြင်းကိုခံခဲ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top