လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

အသက္(၁၃)ႏွစ္နဲ႔ (၁၉)ႏွစ္ၾကားအရြယ္ ဆယ္ေက်ာ္သက္ဘဝဟာ ျဖတ္သန္းရလြယ္မလုိနဲ႔ခက္ပါတယ္။ ဘာမွမသိတဲ့ကေလးဘဝကေန ရာထူးတိုးျပီး ဘဝစာေပရဲ႕ အခန္း(၁)ကို စေလ့လာရေတာ့မယ့္ အခ်ိန္က်ေရာက္လာတာပါ။ အဲ့ဒီ့အခ်ိန္အပိုင္းအျခားက ရႈပ္ေထြးမႈေတြရွိပါတယ္။ ကေလးဘဝလိုမရုိးရွင္းေတာ့ပဲ ကိုယ့္ရဲ႕အေတြးအေခၚ၊ အမူအက်င့္ေတြေျပာင္းလဲစျပဳလာေတာ့ တစ္ခ်ိဳ႕ေသာစိတ္ျပသနာေတြဝင္လာတတ္ပါတယ္။ အထူးသျဖင့္ဒီစိတ္ျပသနာ (၅)မ်ိဳးက ဆယ္ေက်ာ္သက္တိုင္းလုိလိုၾကံဳေတြ႔ရတတ္တာေၾကာင့္ အလြယ္တကူ ကိုင္တြယ္ေျဖရွင္းလုိ႔ရေအာင္ နည္းလမ္းေလးေတြ မွ်ေဝေပးလိုက္ပါတယ္။

၁။အခ်စ္ေရးျပသနာ

အရာရာတိုင္းကို စပ္စုတတ္တဲ့ ဆယ္ေက်ာ္သက္အရြယ္မွာ အခ်စ္ေရးနဲ႔ပတ္သတ္လာရင္ တတ္ႏုိင္သေလာက္ေရွာင္ႏုိင္မွေကာင္းပါတယ္။ ခပ္လန္းလန္း အစ္ကိုၾကီးေတြေတြ႔တိုင္းရင္ခုန္တတ္လာမယ္။ ခရက္ရွ္တတ္လာမယ္။ ခရက္ရွ္ထားတာျပသနာမဟုတ္ပါဘူး။ ဆယ္ေက်ာ္သက္အရြယ္က စိတ္အပြန္းအပဲ့လြယ္ျပီး အနာက်က္ဖို႔ၾကာတတ္တာမို႔ အထိမခံေအာင္ဂရုစိုက္ပါ။ အခ်စ္စစ္ဆိုတာၾကီးကို မ်က္စိစံုမွိတ္လက္ခံတာထက္ ပတ္ဝန္းက်င္က တကယ့္အျဖစ္အပ်က္ေတြကိုသံုးသပ္ပါ။ ရင့္က်က္မႈမရွိႏုိင္ေသးသေရြ႕အခ်စ္ကိုမေရြးခ်ယ္မိေစပါနဲ႔။ တစ္ေယာက္ေယာက္က အခ်စ္နဲ႔လွည့္စားသြားရင္ေတာင္ ေစာေနေသးတယ္လို႔ သတ္မွတ္ျပီး ေမ့ပစ္လိုက္ပါ။

၂။ကိုယ့္ကိုယ္ကိုယ္မႏွစ္သက္ျခင္း

အက္ဒမင္ ဆယ္ေက်ာ္သက္အရြယ္တုန္းကဆို အဲ့ဒီ့ခံစားခ်က္ မၾကာခဏျဖစ္ဖူးပါတယ္။ ကိုယ့္ရဲ႕လုပ္ရပ္၊ အျပဳအမူေတနဲ႔ပတ္သတ္ရင္ တစ္ခါတစ္ေလ သေဘာမက်ပါဘူး။ ကိုယ့္ကိုယ္ကိုယ္ထက္ တစ္ျခားသူတစ္ေယာက္ေျပာင္းျဖစ္ေစခ်င္တယ္။အဲ့ဒီ့လိုခံစားရတဲ့အေၾကာင္းအရင္းကေတာ့ ငယ္ငယ္ကတည္းက စိတ္ဒါဏ္ရာတစ္ခုခုရထားလို႔ပါ။ အထူးသျဖင့္ မိသားစုျပသနာရႈပ္ေထြးေနတဲ့ၾကားထဲၾကီးျပင္းလာရရင္၊ မိဘေတြ ကိုယ့္ကိုအျမဲဆူေငါက္ေအာ္ဟစ္ေနရင္ဒီလိုမ်ိဳးစိတ္အေျခအေနေတြျဖစ္လာတတ္ပါတယ္။ အဲ့ဒီ့အခါ ကိုယ့္ကိုယ္ကိုယ္ေတြးၾကည့္လိုက္ပါ။ ကိုယ္အမွားၾကီးတစ္ခုခုလုပ္ဖူးလား။ မရွိဘူးဆိုရင္ေတာ့ အဲ့ဒီ့အေတြးေတြကို ခါခ်လိုက္ပါ။

Related article >>> စိတ္မေကာင္းျဖစ္ေနတဲ့ သူငယ္ခ်င္း ကို ဘယ္လိုအားေပးရမလဲ

၃။မနာလိုျခင္း

ျဖဴစင္တဲ့ကေလးသူငယ္ေလးေတြေတာင္ မနာလိုစိတ္မနည္းပါဘူး။ ဆယ္ေက်ာ္သက္တစ္ေယာက္အေနနဲ႔ မနာလိုတာကလည္း အျပစ္ဆုိစရာမရွိပါဘူး။ မနာလုိျဖစ္ေနလုိ႔ ကိုယ္ကသူ႔ေလာက္အသံုးမက်ဘူးလုိ႔မထင္လုိက္ပါနဲ႔။ ဒါေၾကာင့္မို႔ လူတစ္ေယာက္အေပၚမနာလိုျဖစ္မိရင္း ဘာေၾကာင့္မနာလိုရလဲစဥး္စားပါ။ အဲ့ဒီ့အေၾကာင္းအရင္းက ေယာင္းရဲ႕အားနည္းခ်က္ျဖစ္ေနလို႔သာမနာလိုျဖစ္ရတာေပါ့။ ဒါဆုိအဲ့ဒီ့အားနည္းခ်က္ကို အားသာခ်က္ျဖစ္ဖို႔သာအာရုံစိုက္ပါ။ မနာလိုစိတ္နည္းသြားေစရမယ္။

၄။စိတ္ဓာတ္က် စိတ္အားငယ္ျခင္း

ကိစၥတစ္ခုခုကို ျပီးေျမာက္ေအာင္ျမင္ေအာင္လုပ္ေဆာင္ေပမယ့္ က်ရႈံးသြားတဲ့အခါ လူၾကီးပိုင္းအရြယ္ေတြက “သင္ခန္းစာ”လို႔သတ္မွတ္ၾကေပမယ့္ ဆယ္ေက်ာ္သက္ေတြကေတာ့ “က်ရႈံးမႈ”လုိ႔ပဲျမင္ၾကတာပါ။ ဒါေၾကာင့္မို႔လို႔ တစ္ခုခုမွာ မေအာင္ျမင္လုိက္ရင္ စိတ္ဓာတ္က်ျပီး အခန္႔မသင့္ရင္ လမ္းမွားထဲေလွ်ာက္သြားၾကတာပါ။

တကယ္ေတာ့ မေအာင္ျမင္လည္းဘာမွမျဖစ္ပါဘူး။ အေတြ႔အၾကံဳရွိတဲ့ေအာင္ျမင္မႈတစ္ခုကိုရခ်င္တယ္ဆိုရင္ ဆံုးရႈံးမႈမ်ိဳးကိုရင္ဆုိင္သင့္တယ္လုိ႔ ေခါင္းထဲျမဲျမဲမွတ္ထားလုိက္ပါ။ အဆင္ေျပသြားပါလိမ့္မယ္။

Related article >>> စိတ္ေသာကေရာက္ေနတဲ့သူ ကို မေျပာသင့္တဲ့ စကား (၆) မ်ိဳး

၅။ကိုယ့္ကိုယ္ကိုယ္ ေပ်ာက္ဆံုးျခင္း

ကိုယ္ၾကိဳက္တာ လုပ္ခြင့္မရပဲ ပိတ္ပင္ျခင္းခံရပါမ်ားရင္ ကိုယ့္ကိုယ္ကိုယ္ေပ်ာက္ဆံုးသြားသလိုခံစားတတ္ရပါတယ္။ မိဘေတြရဲ႕တုိက္တြန္းမႈေၾကာင့္ ကိုယ္ၾကိဳက္္တဲ့ပညာရပ္ကိုေလ့လာခြင့္မရလိုက္တာက ျမန္မာျပည္မွာရွိေနတဲ့ ဆယ္ေက်ာ္သက္ေတာ္ေတာ္မ်ားမ်ားခံစားၾကရပါတယ္။ ငယ္ငယ္ကတည္းက စိတ္ထြက္ေပါက္အပိတ္ခံရရင္ အနာဂတ္မွာလည္း ေမွးမွိန္သြားမွာမို႔ အခ်ိန္မီအတြင္း ျပန္ျပဳျပင္ပါ။ မိဘေတြကို အခ်ိန္ခဏေပးျပီး အတူတူေဆြးေႏြးပါ။ ကိုယ့္ဝါသနာကဘာလဲ၊ ဘယ္လုိအေကာင္အထည္ေဖာ္ခ်င္တာလဲ စသျဖင့္ ရွင္းျပလိုက္ရင္ သူတုိ႔လက္ခံလာမွာပါ။ သူတုိ႔က ကိုယ့္မိဘပဲေလ။

ဆယ္ေက်ာ္သက္ဘဝကို ခက္ခက္ခဲခဲမျဖတ္ခဲ့ရပါဘူးဆိုသ ူရွားပါတယ္။ အက္ဒမင္အပါအဝင္ ေယာင္းေတာ္ေတာ္မ်ားမ်ား ဆယ္ေက်ာ္သက္တုန္းက ဒီလုိအခက္အခဲေတြေတာ့ရွိခဲ့ၾကဖူးမွာပါ။ ကိုယ္က ဆယ္ေက်ာ္သက္မဟုတ္ေတာင္ ကိုယ့္ပတ္ဝန္းက်င္က ဆယ္ေက်ာ္သက္ေယာင္းေလးေတြကုိ မွ်ေဝေပးလိုက္ရင္ေတာ့ ကိုယ္ေရာ သူပါအက်ိဳးထူးသြားမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Christina ( For Her Myanmar )

# Unicode Version #
အသက်(၁၃)နှစ်နဲ့ (၁၉)နှစ်ကြားအရွယ် ဆယ်ကျော်သက်ဘဝဟာ ဖြတ်သန်းရလွယ်မလိုနဲ့ခက်ပါတယ်။ ဘာမှမသိတဲ့ကလေးဘဝကနေ ရာထူးတိုးပြီး ဘဝစာပေရဲ့ အခန်း(၁)ကို စလေ့လာရတော့မယ့် အချိန်ကျရောက်လာတာပါ။ အဲ့ဒီ့အချိန်အပိုင်းအခြားက ရှုပ်ထွေးမှုတွေရှိပါတယ်။ ကလေးဘဝလိုမရိုးရှင်းတော့ပဲ ကိုယ့်ရဲ့အတွေးအခေါ်၊ အမူအကျင့်တွေပြောင်းလဲစပြုလာတော့ တစ်ချို့သောစိတ်ပြသနာတွေဝင်လာတတ်ပါတယ်။ အထူးသဖြင့်ဒီစိတ်ပြသနာ (၅)မျိုးက ဆယ်ကျော်သက်တိုင်းလိုလိုကြုံတွေ့ရတတ်တာကြောင့် အလွယ်တကူ ကိုင်တွယ်ဖြေရှင်းလို့ရအောင် နည်းလမ်းလေးတွေ မျှဝေပေးလိုက်ပါတယ်။

၁။အချစ်ရေးပြသနာ

အရာရာတိုင်းကို စပ်စုတတ်တဲ့ ဆယ်ကျော်သက်အရွယ်မှာ အချစ်ရေးနဲ့ပတ်သတ်လာရင် တတ်နိုင်သလောက်ရှောင်နိုင်မှကောင်းပါတယ်။ ခပ်လန်းလန်း အစ်ကိုကြီးတွေတွေ့တိုင်းရင်ခုန်တတ်လာမယ်။ ခရက်ရှ်တတ်လာမယ်။ ခရက်ရှ်ထားတာပြသနာမဟုတ်ပါဘူး။ ဆယ်ကျော်သက်အရွယ်က စိတ်အပွန်းအပဲ့လွယ်ပြီး အနာကျက်ဖို့ကြာတတ်တာမို့ အထိမခံအောင်ဂရုစိုက်ပါ။ အချစ်စစ်ဆိုတာကြီးကို မျက်စိစုံမှိတ်လက်ခံတာထက် ပတ်ဝန်းကျင်က တကယ့်အဖြစ်အပျက်တွေကိုသုံးသပ်ပါ။ ရင့်ကျက်မှုမရှိနိုင်သေးသရွေ့အချစ်ကိုမရွေးချယ်မိစေပါနဲ့။ တစ်ယောက်ယောက်က အချစ်နဲ့လှည့်စားသွားရင်တောင် စောနေသေးတယ်လို့ သတ်မှတ်ပြီး မေ့ပစ်လိုက်ပါ။

၂။ကိုယ့်ကိုယ်ကိုယ်မနှစ်သက်ခြင်း

အက်ဒမင် ဆယ်ကျော်သက်အရွယ်တုန်းကဆို အဲ့ဒီ့ခံစားချက် မကြာခဏဖြစ်ဖူးပါတယ်။ ကိုယ့်ရဲ့လုပ်ရပ်၊ အပြုအမူတေနဲ့ပတ်သတ်ရင် တစ်ခါတစ်လေ သဘောမကျပါဘူး။ ကိုယ့်ကိုယ်ကိုယ်ထက် တစ်ခြားသူတစ်ယောက်ပြောင်းဖြစ်စေချင်တယ်။အဲ့ဒီ့လိုခံစားရတဲ့အကြောင်းအရင်းကတော့ ငယ်ငယ်ကတည်းက စိတ်ဒါဏ်ရာတစ်ခုခုရထားလို့ပါ။ အထူးသဖြင့် မိသားစုပြသနာရှုပ်ထွေးနေတဲ့ကြားထဲကြီးပြင်းလာရရင်၊ မိဘတွေ ကိုယ့်ကိုအမြဲဆူငေါက်အော်ဟစ်နေရင်ဒီလိုမျိုးစိတ်အခြေအနေတွေဖြစ်လာတတ်ပါတယ်။ အဲ့ဒီ့အခါ ကိုယ့်ကိုယ်ကိုယ်တွေးကြည့်လိုက်ပါ။ ကိုယ်အမှားကြီးတစ်ခုခုလုပ်ဖူးလား။ မရှိဘူးဆိုရင်တော့ အဲ့ဒီ့အတွေးတွေကို ခါချလိုက်ပါ။

Related article >>> စိတ်မကောင်းဖြစ်နေတဲ့ သူငယ်ချင်း ကို ဘယ်လိုအားပေးရမလဲ

၃။မနာလိုခြင်း

ဖြူစင်တဲ့ကလေးသူငယ်လေးတွေတောင် မနာလိုစိတ်မနည်းပါဘူး။ ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ မနာလိုတာကလည်း အပြစ်ဆိုစရာမရှိပါဘူး။ မနာလိုဖြစ်နေလို့ ကိုယ်ကသူ့လောက်အသုံးမကျဘူးလို့မထင်လိုက်ပါနဲ့။ ဒါကြောင့်မို့ လူတစ်ယောက်အပေါ်မနာလိုဖြစ်မိရင်း ဘာကြောင့်မနာလိုရလဲစဥ်းစားပါ။ အဲ့ဒီ့အကြောင်းအရင်းက ယောင်းရဲ့အားနည်းချက်ဖြစ်နေလို့သာမနာလိုဖြစ်ရတာပေါ့။ ဒါဆိုအဲ့ဒီ့အားနည်းချက်ကို အားသာချက်ဖြစ်ဖို့သာအာရုံစိုက်ပါ။ မနာလိုစိတ်နည်းသွားစေရမယ်။

၄။စိတ်ဓာတ်ကျ စိတ်အားငယ်ခြင်း

ကိစ္စတစ်ခုခုကို ပြီးမြောက်အောင်မြင်အောင်လုပ်ဆောင်ပေမယ့် ကျရှုံးသွားတဲ့အခါ လူကြီးပိုင်းအရွယ်တွေက “သင်ခန်းစာ”လို့သတ်မှတ်ကြပေမယ့် ဆယ်ကျော်သက်တွေကတော့ “ကျရှုံးမှု”လို့ပဲမြင်ကြတာပါ။ ဒါကြောင့်မို့လို့ တစ်ခုခုမှာ မအောင်မြင်လိုက်ရင် စိတ်ဓာတ်ကျပြီး အခန့်မသင့်ရင် လမ်းမှားထဲလျှောက်သွားကြတာပါ။

တကယ်တော့ မအောင်မြင်လည်းဘာမှမဖြစ်ပါဘူး။ အတွေ့အကြုံရှိတဲ့အောင်မြင်မှုတစ်ခုကိုရချင်တယ်ဆိုရင် ဆုံးရှုံးမှုမျိုးကိုရင်ဆိုင်သင့်တယ်လို့ ခေါင်းထဲမြဲမြဲမှတ်ထားလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

Related article >>> စိတ်သောကရောက်နေတဲ့သူ ကို မပြောသင့်တဲ့ စကား (၆) မျိုး

၅။ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးခြင်း

ကိုယ်ကြိုက်တာ လုပ်ခွင့်မရပဲ ပိတ်ပင်ခြင်းခံရပါများရင် ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးသွားသလိုခံစားတတ်ရပါတယ်။ မိဘတွေရဲ့တိုက်တွန်းမှုကြောင့် ကိုယ်ကြိုက်တဲ့ပညာရပ်ကိုလေ့လာခွင့်မရလိုက်တာက မြန်မာပြည်မှာရှိနေတဲ့ ဆယ်ကျော်သက်တော်တော်များများခံစားကြရပါတယ်။ ငယ်ငယ်ကတည်းက စိတ်ထွက်ပေါက်အပိတ်ခံရရင် အနာဂတ်မှာလည်း မှေးမှိန်သွားမှာမို့ အချိန်မီအတွင်း ပြန်ပြုပြင်ပါ။ မိဘတွေကို အချိန်ခဏပေးပြီး အတူတူဆွေးနွေးပါ။ ကိုယ့်ဝါသနာကဘာလဲ၊ ဘယ်လိုအကောင်အထည်ဖော်ချင်တာလဲ စသဖြင့် ရှင်းပြလိုက်ရင် သူတို့လက်ခံလာမှာပါ။ သူတို့က ကိုယ့်မိဘပဲလေ။

ဆယ်ကျော်သက်ဘဝကို ခက်ခက်ခဲခဲမဖြတ်ခဲ့ရပါဘူးဆိုသ ူရှားပါတယ်။ အက်ဒမင်အပါအဝင် ယောင်းတော်တော်များများ ဆယ်ကျော်သက်တုန်းက ဒီလိုအခက်အခဲတွေတော့ရှိခဲ့ကြဖူးမှာပါ။ ကိုယ်က ဆယ်ကျော်သက်မဟုတ်တောင် ကိုယ့်ပတ်ဝန်းကျင်က ဆယ်ကျော်သက်ယောင်းလေးတွေကို မျှဝေပေးလိုက်ရင်တော့ ကိုယ်ရော သူပါအကျိုးထူးသွားမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Christina ( For Her Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top