Golden City Promotion
×

ႏိုင္ငံကူး လက္မွတ္ အား လုံၿခဳံေရး အဆင့္ျမႇင့္တင္မႈမ်ား ေဆာင္႐ြက္ေနသျဖင့္ ႏိုင္ငံကူးလက္မွတ္ လာေရာက္ လုပ္ေဆာင္ေနသူမ်ား အခ်ိန္ၾကန႔္ၾကာမႈမ်ား ရွိေနေၾကာင္း စက္တင္ဘာ ၁၈ ရက္တြင္ စုံစမ္းသိရသည္။

ထိုသို႔ ႏိုင္ငံကူးလက္မွတ္အား လုံၿခဳံေရး အဆင့္ျမႇင့္တင္မႈမ်ား ရွိသျဖင့္ လာေရာက္ ေလွ်ာက္ထားသူမ်ားမွာ တန္းစီ ေစာင့္ဆိုင္းေနရျခင္း ျဖစ္ေၾကာင္း၊ ႏိုင္ငံကူးလက္မွတ္ လာေရာက္ ေလွ်ာက္ထားသူ ပိုမိုမ်ားျပားလာျခင္း မဟုတ္ေၾကာင္း ျမန္မာႏိုင္ငံကူးလက္မွတ္ ထုတ္ေပးေရး႐ုံးမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။

“အရင္တုန္းက ႏိုင္ငံကူးလက္မွတ္
လာေလွ်ာက္ရင္ ေလွ်ာက္တဲ့သူရဲ႕လက္တစ္ေခ်ာင္းတည္းကို လက္ေဗြယူတယ္။ အခု ကြၽန္ေတာ့္ လက္ ၁၀ ေခ်ာင္းစလုံးကို လက္ေဗြယူတယ္။ မ်က္လုံးကို Eye Capture ဖမ္းတယ္။ အဲဒီေတာ့ အရင္ကထက္ လုပ္ရတဲ့အဆင့္ေတြ ပိုလာေတာ့ အျပင္မွာ ေစာင့္တဲ့လူေတြက ကိုယ့္အလွည့္ မေရာက္မခ်င္း တန္းစီၿပီး ေစာင့္ေနရတာေပါ့။ လာေလွ်ာက္တဲ့သူ ပိုမ်ားလာတာေတာ့ မဟုတ္ဘူး။ ပုံမွန္အတိုင္းပဲ တစ္ေန႔ကို ၁၅၀၀ ကေန ၂၀၀၀ ၾကား ရွိတယ္”ဟု ျမန္မာ ႏိုင္ငံကူးလက္မွတ္ ထုတ္ေပးေရး႐ုံးမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။

ႏိုင္ငံကူးလက္မွတ္ လာေရာက္ေလွ်ာက္ထားသူမ်ားသည္ လုံၿခဳံေရးဂိတ္မွ ျဖတ္ၿပီးခ်ိန္တြင္ ေဖာင္ျဖည့္ျခင္း၊ လူဝင္မႈႀကီးၾကပ္ေရး (လ.ဝ.က) စစ္ေဆးျခင္း၊ ေငြသြင္းျခင္း၊ ဓာတ္ပုံ႐ိုက္ျခင္း စသည့္တို႔ကို အလွည့္က် လုပ္ေဆာင္ရၿပီး နံနက္ အေစာပိုင္းကတည္းက လာေရာက္ တန္းစီသူမ်ားလည္းရွိေၾကာင္း သိရသည္။

“မနက္ ၈ နာရီ ကတည္းက လာၿပီး တန္းစီေနရတာ။ အခုထိ အထဲကို မေရာက္ေသးဘူး။ ထိုင္းႏိုင္ငံကို သြားဖို႔အတြက္ လာေလွ်ာက္တာ။ ပဲခူးမွာက လုပ္စားကိုင္စားရတာ အဆင္ေျပေတာ့ ေျပေပမယ့္ ရတဲ့ေငြက အရမ္းနည္းတယ္။ အဲဒါေၾကာင့္ သူမ်ားႏိုင္ငံသြားၿပီး အလုပ္လုပ္မလို႔ပါ” ဟု ႏိုင္ငံကူးလက္မွတ္ လာေရာက္ ေလွ်ာက္ထားသူ တစ္ဦးျဖစ္သည့္ ပဲခူးတိုင္းေဒသႀကီး ေက်ာက္တံခါးၿမိဳ႕နယ္တြင္ ေနထိုင္ေသာ မခင္မာၾကည္က ေျပာၾကားသည္။

ယင္းအျပင္ ႏိုင္ငံကူးလက္မွတ္ ထုတ္ေပးေရး႐ုံး အျပင္ဘက္၌ ပြဲစားမ်ားက တန္းစီေနသူမ်ားအား တန္းစီစရာမလိုဘဲ ႏိုင္ငံကူးလက္မွတ္ လုပ္ေပးမည္ဟု ေျပာဆိုကာ ပိုက္ဆံေတာင္းယူမႈမ်ား ရွိေနၿပီး အခ်ိဳ႕ပြဲစားမ်ားမွာ ႏိုင္ငံကူးလက္မွတ္ အမွန္တကယ္ လုပ္ေပးျခင္းမရွိဘဲ ေငြေၾကးလိမ္လည္မႈမ်ား ရွိေနေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ အလုပ္အကိုင္ရွားပါးျခင္း၊ လုပ္ခလစာ နည္းပါးျခင္းမ်ားေၾကာင့္ ျပည္ပသို႔ သြားေရာက္ လုပ္ကိုင္သူ မ်ားျပားလ်က္ရွိၿပီး အမ်ားစုမွာ အိမ္နီးခ်င္း ထိုင္း၊ မေလးရွား စသည့္ ႏိုင္ငံမ်ားသို႔ သြားေရာက္ လုပ္ကိုင္လ်က္ ရွိသည္။

writer: ရႈိင္းလင္းေအာင္
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Eleven

#Unicode  Version#
နိုင်ငံကူး လက်မှတ် အား လုံခြုံရေး အဆင့်မြှင့်တင်မှုများ ဆောင်ရွက်နေသဖြင့် နိုင်ငံကူးလက်မှတ် လာရောက် လုပ်ဆောင်နေသူများ အချိန်ကြန့်ကြာမှုများ ရှိနေကြောင်း စက်တင်ဘာ ၁၈ ရက်တွင် စုံစမ်းသိရသည်။

ထိုသို့ နိုင်ငံကူးလက်မှတ်အား လုံခြုံရေး အဆင့်မြှင့်တင်မှုများ ရှိသဖြင့် လာရောက် လျှောက်ထားသူများမှာ တန်းစီ စောင့်ဆိုင်းနေရခြင်း ဖြစ်ကြောင်း၊ နိုင်ငံကူးလက်မှတ် လာရောက် လျှောက်ထားသူ ပိုမိုများပြားလာခြင်း မဟုတ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အရင်တုန်းက နိုင်ငံကူးလက်မှတ်
လာလျှောက်ရင် လျှောက်တဲ့သူရဲ့လက်တစ်ချောင်းတည်းကို လက်ဗွေယူတယ်။ အခု ကျွန်တော့် လက် ၁၀ ချောင်းစလုံးကို လက်ဗွေယူတယ်။ မျက်လုံးကို Eye Capture ဖမ်းတယ်။ အဲဒီတော့ အရင်ကထက် လုပ်ရတဲ့အဆင့်တွေ ပိုလာတော့ အပြင်မှာ စောင့်တဲ့လူတွေက ကိုယ့်အလှည့် မရောက်မချင်း တန်းစီပြီး စောင့်နေရတာပေါ့။ လာလျှောက်တဲ့သူ ပိုများလာတာတော့ မဟုတ်ဘူး။ ပုံမှန်အတိုင်းပဲ တစ်နေ့ကို ၁၅၀၀ ကနေ ၂၀၀၀ ကြား ရှိတယ်”ဟု မြန်မာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူများသည် လုံခြုံရေးဂိတ်မှ ဖြတ်ပြီးချိန်တွင် ဖောင်ဖြည့်ခြင်း၊ လူဝင်မှုကြီးကြပ်ရေး (လ.ဝ.က) စစ်ဆေးခြင်း၊ ငွေသွင်းခြင်း၊ ဓာတ်ပုံရိုက်ခြင်း စသည့်တို့ကို အလှည့်ကျ လုပ်ဆောင်ရပြီး နံနက် အစောပိုင်းကတည်းက လာရောက် တန်းစီသူများလည်းရှိကြောင်း သိရသည်။

“မနက် ၈ နာရီ ကတည်းက လာပြီး တန်းစီနေရတာ။ အခုထိ အထဲကို မရောက်သေးဘူး။ ထိုင်းနိုင်ငံကို သွားဖို့အတွက် လာလျှောက်တာ။ ပဲခူးမှာက လုပ်စားကိုင်စားရတာ အဆင်ပြေတော့ ပြေပေမယ့် ရတဲ့ငွေက အရမ်းနည်းတယ်။ အဲဒါကြောင့် သူများနိုင်ငံသွားပြီး အလုပ်လုပ်မလို့ပါ” ဟု နိုင်ငံကူးလက်မှတ် လာရောက် လျှောက်ထားသူ တစ်ဦးဖြစ်သည့် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင် နေထိုင်သော မခင်မာကြည်က ပြောကြားသည်။

ယင်းအပြင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး အပြင်ဘက်၌ ပွဲစားများက တန်းစီနေသူများအား တန်းစီစရာမလိုဘဲ နိုင်ငံကူးလက်မှတ် လုပ်ပေးမည်ဟု ပြောဆိုကာ ပိုက်ဆံတောင်းယူမှုများ ရှိနေပြီး အချို့ပွဲစားများမှာ နိုင်ငံကူးလက်မှတ် အမှန်တကယ် လုပ်ပေးခြင်းမရှိဘဲ ငွေကြေးလိမ်လည်မှုများ ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အလုပ်အကိုင်ရှားပါးခြင်း၊ လုပ်ခလစာ နည်းပါးခြင်းများကြောင့် ပြည်ပသို့ သွားရောက် လုပ်ကိုင်သူ များပြားလျက်ရှိပြီး အများစုမှာ အိမ်နီးချင်း ထိုင်း၊ မလေးရှား စသည့် နိုင်ငံများသို့ သွားရောက် လုပ်ကိုင်လျက် ရှိသည်။

writer: ရှိုင်းလင်းအောင်
ဖိုးသူတော် (www.phothutaw.com)
Credit:  Eleven
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top