Golden City Promotion
×

အရွင္ဘုရား ေဒၚေအာင္ဆန္းစုၾကည္ မိန္႔ခြန္းေျပာတာ

နားေထာင္ေသးတယ္ဆို ?

– အင္း ခဏနားေထာင္ေသးတယ္။

ဘာေတြေျပာသြားတာလဲဘုရား ?

– Englishလိုေျပာသြားေတာ့ ဘာေျပာသြားမွန္း မသိဘူး။

အရွင္ဘုရား နားမလည္ပဲနဲ႔မ်ား နားေထာင္ေနေသးတယ္ ဘာလုပ္မွာလဲ ?

– ဟ ဒကာရဲ႕ အားေပးတဲ႔အေနနဲ႔ နားေထာင္တာ ငါနားမလည္လဲ

ကိစၥမရွိဘူး သူက Engလိုေျပာမွ ႏိုင္ငံတကာက သိမွာေပါ႔ ။

မင္းတို႔ငါတို႔ နားလည္ေအာင္ ျမန္မာလို ေျပာေနရင္ မင္းေရာ ငါေရာ

ႏိုငံတကာကိုသိေအာင္ လုပ္ေပးႏိုင္မလား ေဝးပါေသး။

သတင္းအမွန္ေတြကို Engလို ျဖန္႔ေဝမႈ အားနည္းလို႔ ႏိုင္ငံတကာက

အမွန္အတိုင္း မသိပဲ ျဖစ္ေနတာကြ။

ျမန္မာလိုေျပာပီး Engဘာသာျပန္လိုက္လဲ ရတာပဲ မဟုတ္လားဘုရား ?

– ဟ အဲလိုဘာသာျပန္ရင္ မူရင္းအသံမဟုတ္ေတာ့ ထည့္ခ်င္တာထည့္

ႏႈတ္ခ်င္တာ ႏႈတ္လို႔ ရတယ္ကြ ယုံၾကည္ဘို႔ အျပည့္အဝ ဘယ္ရွိေတာ့မလဲ။

ၿမန္မာျပည္တြင္းကိစၥ ျမန္မာေတြ သိပီးသားပဲ ႏိုင္ငံတကာက တိုက္ရိုက္

သိေအာင္ ခုလိုလုပ္ရတာ နားလည္ရဲ႕လား ။

မင္းနားလည္ရံုနဲ႔ အက်ိဳးမမ်ားႏိုင္သလို ငါနားလည္ရံုနဲ႔လဲ ျမန္မာႏိုင္ငံအေရးက ဘာမွထူးမလာဘူး ႏိုင္တကာက သိလာမွ အက်ိဳးပိုရွိမွာ

အဲဒါ မင္းၿမဲၿမဲမွတ္ထား …………

” မင့္ကို ေျပာရတာ ကြ်ဲပါးေစာင္းတီးရသလိုပဲ ”

Posted Credit – သာကီ​ေသြး မံုရြာ. ဝင္းသန္း
ဖိုးသူေတာ္ (www.phothutaw.com)
Credit: apannpyay

#Unicode Version#
အရှင်ဘုရား ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောတာ

နားထောင်သေးတယ်ဆို ?

– အင်း ခဏနားထောင်သေးတယ်။

ဘာတွေပြောသွားတာလဲဘုရား ?

– Englishလိုပြောသွားတော့ ဘာပြောသွားမှန်း မသိဘူး။

အရှင်ဘုရား နားမလည်ပဲနဲ့များ နားထောင်နေသေးတယ် ဘာလုပ်မှာလဲ ?

– ဟ ဒကာရဲ့ အားပေးတဲ့အနေနဲ့ နားထောင်တာ ငါနားမလည်လဲ

ကိစ္စမရှိဘူး သူက Engလိုပြောမှ နိုင်ငံတကာက သိမှာပေါ့ ။

မင်းတို့ငါတို့ နားလည်အောင် မြန်မာလို ပြောနေရင် မင်းရော ငါရော

နိုငံတကာကိုသိအောင် လုပ်ပေးနိုင်မလား ဝေးပါသေး။

သတင်းအမှန်တွေကို Engလို ဖြန့်ဝေမှု အားနည်းလို့ နိုင်ငံတကာက

အမှန်အတိုင်း မသိပဲ ဖြစ်နေတာကွ။

မြန်မာလိုပြောပီး Engဘာသာပြန်လိုက်လဲ ရတာပဲ မဟုတ်လားဘုရား ?

– ဟ အဲလိုဘာသာပြန်ရင် မူရင်းအသံမဟုတ်တော့ ထည့်ချင်တာထည့်

နှုတ်ချင်တာ နှုတ်လို့ ရတယ်ကွ ယုံကြည်ဘို့ အပြည့်အဝ ဘယ်ရှိတော့မလဲ။

မြန်မာပြည်တွင်းကိစ္စ မြန်မာတွေ သိပီးသားပဲ နိုင်ငံတကာက တိုက်ရိုက်

သိအောင် ခုလိုလုပ်ရတာ နားလည်ရဲ့လား ။

မင်းနားလည်ရုံနဲ့ အကျိုးမများနိုင်သလို ငါနားလည်ရုံနဲ့လဲ မြန်မာနိုင်ငံအရေးက ဘာမှထူးမလာဘူး နိုင်တကာက သိလာမှ အကျိုးပိုရှိမှာ

အဲဒါ မင်းမြဲမြဲမှတ်ထား …………

” မင့်ကို ပြောရတာ ကျွဲပါးစောင်းတီးရသလိုပဲ ”

Posted Credit – သာကီသွေး မုံရွာ. ဝင်းသန်း

ဖိုးသူတော် (www.phothutaw.com)
Credit: apannpyay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top