Golden City Promotion
×

မိန္းကေလးေတြ ခ်စ္သူေကာင္ေလးကို ေခၚေဝၚပံုကို ၾကည့္ျခင္းအားျဖင့္ သူတို႔ရဲ႕ အခ်စ္၊စိတ္ေနသေဘာထားကို အၾကမ္းဖ်င္းအားျဖင့္ သိႏိုင္ပါတယ္။ ကဲ ကိုယ့္ေကာင္မေလးက ဘယ္လိုလဲဆိုတာဖတ္ၾကည့္ရေအာင္ေနာ္...

▪ "ကိုကို" လို႔ေခၚတဲ့ေကာင္မေလးေတြဆိုတာ

သူတို႔ေလးေတြက ခ်စ္စရာတအားေကာင္းၿပီး ကေလးဆန္ပါတယ္။ ျဖဴစင္ရိုးသားတဲ့စိတ္ကေလးပိုင္ဆိုင္ၿပီး ကိုယ့္ခ်စ္သူအေပၚ ဆိုးတတ္ၾကပါတယ္။ ပြတ္သီးပြတ္သပ္နဲ႔ ခြ်ဲႏြဲ႕တတ္တဲ့သူေတြပါ။

ဒါအျပင္ သူဟာ သင့္အေပၚ ယံုၾကည္မႈေတြအျပည့္နဲ႔ ခ်စ္တတ္ၾကပါတယ္။ သူ႔ရဲ႕styleကေတာ့ လူငယ္ဆန္ဆန္ေလးနဲ႔ ေပါ့ပါးသြက္လက္ၾကပါတယ္။ သူတို႔ဟာ သနားၾကင္နာတတ္တဲ့သူျဖစ္တာနဲ႔အညီ သူတို႔ရဲ႕ႏွလံုးသားဟာ ႏူးညံ့တဲ့အတြက္ အထိခိုက္လြယ္တာေၾကာင့္ သင္အထူးဂရုစိုက္ဖို႔လိုပါတယ္။

အေသးအဖြဲေလးကအစ ဂရုစိုက္တတ္တဲ့သူေတြျဖစ္ၿပီး သင့္ေၾကာင့္ သူစိတ္မေကာင္းျဖစ္သြားရင္ ဖြင့္မေျပာဘဲ တစ္ေယာက္ထဲ ႀကိတ္ခံစားတဲ့သူေတြျဖစ္တယ္။ သူက သင္ရင္ဖြင့္လို႔ရတဲ့အေကာင္းဆံုးသူပါ။ သင္စိတ္ညစ္ရတဲ့အခ်ိန္ဆိုရင္ေတာင္ သူ႔က သင္ကို ေပ်ာ္ရႊင္ေစႏိုင္ပါတယ္။ သူ႔ေၾကာင့္ သင္ေအးခ်မ္းမႈကို ခံစားရပါလိမ့္မယ္။

▪ "ေမာင္" လို႔ေခၚတတ္တဲ့မိန္းကေလးအမ်ားစုကေတာ့

သူတို႔မွာ တည္ၿငိမ္တဲ့အလွတရား ပိုင္ဆိုင္ၾကတယ္။ လူႀကီးဆန္ၿပီး ရင့္က်က္တဲ့စိတ္ရွိတယ္။ အခ်စ္တစ္ခုကို နားလည္မႈနဲ႔ တည္ေဆာက္ၾကတယ္။

သင့္ကို ေယာက်ာ္းေကာင္းပီသၿပီး တည္ၾကည္ခန္႔ညားတဲ့သူလို႔ ျမင္တဲ့အတြက္ "ေမာင္"လို႔ ေခၚခ်င္တာျဖစ္တယ္။ သူ႔အတြက္ေတာ့ သင္ဟာ သူရဲေကာင္းတစ္ေယာက္လိုပါဘဲ။ သင္ဟာ သူ႔ဘဝကို ဦးစီးဦးေဆာင္ႏိုင္ၿပီး အားကိုးရတဲ့ေယာက်ာ္းလို႔ သူ႔စိတ္ထဲ ခံစားရပါတယ္။ သင္နဲ႔သာဆို သာယာတဲ့အခ်စ္ခရီးလမ္းျဖစ္မယ္လို႔ ေမၽွာ္လင့္ခ်က္အျပည့္ရွိပါတယ္။

ကိစၥေသးေသးမႊားမႊားေတြဆို ေဗြမယူတတ္ ျပသနာမရွာတတ္သူျဖစ္တယ္။ သူဟာ သင့္မွာ ျပသနာေတြရွိလာတဲ့အခါဆိုရင္လဲ အၾကံေကာင္း ဥာဏ္ေကာင္းေပးႏိုင္ၿပီး လမ္းမွန္ျပေပးတတ္တဲ့သူေတြျဖစ္ပါတယ္

ဒါေတြကေတာ့ အေခၚအေဝၚေတြအရ ကိုယ့္အေပၚ ဘယ္လိုခ်စ္တဲ့မိန္းကေလးဆိုတာ သိႏိုင္မယ့္ ေယဘုယ်သေဘာတရားေလးေတြျဖစ္ပါတယ္။ သင္ကေကာ သင့္ခ်စ္သူဆီက ဘယ္လိုအေခၚခံခ်င္လဲ ?

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mini Eiz ( Love Shop )

#Unicode Version#
မိန်းကလေးတွေ ချစ်သူကောင်လေးကို ခေါ်ဝေါ်ပုံကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့ အချစ်၊စိတ်နေသဘောထားကို အကြမ်းဖျင်းအားဖြင့် သိနိုင်ပါတယ်။ ကဲ ကိုယ့်ကောင်မလေးက ဘယ်လိုလဲဆိုတာဖတ်ကြည့်ရအောင်နော်...

▪ "ကိုကို" လို့ခေါ်တဲ့ကောင်မလေးတွေဆိုတာ

သူတို့လေးတွေက ချစ်စရာတအားကောင်းပြီး ကလေးဆန်ပါတယ်။ ဖြူစင်ရိုးသားတဲ့စိတ်ကလေးပိုင်ဆိုင်ပြီး ကိုယ့်ချစ်သူအပေါ် ဆိုးတတ်ကြပါတယ်။ ပွတ်သီးပွတ်သပ်နဲ့ ချွဲနွဲ့တတ်တဲ့သူတွေပါ။

ဒါအပြင် သူဟာ သင့်အပေါ် ယုံကြည်မှုတွေအပြည့်နဲ့ ချစ်တတ်ကြပါတယ်။ သူ့ရဲ့styleကတော့ လူငယ်ဆန်ဆန်လေးနဲ့ ပေါ့ပါးသွက်လက်ကြပါတယ်။ သူတို့ဟာ သနားကြင်နာတတ်တဲ့သူဖြစ်တာနဲ့အညီ သူတို့ရဲ့နှလုံးသားဟာ နူးညံ့တဲ့အတွက် အထိခိုက်လွယ်တာကြောင့် သင်အထူးဂရုစိုက်ဖို့လိုပါတယ်။

အသေးအဖွဲလေးကအစ ဂရုစိုက်တတ်တဲ့သူတွေဖြစ်ပြီး သင့်ကြောင့် သူစိတ်မကောင်းဖြစ်သွားရင် ဖွင့်မပြောဘဲ တစ်ယောက်ထဲ ကြိတ်ခံစားတဲ့သူတွေဖြစ်တယ်။ သူက သင်ရင်ဖွင့်လို့ရတဲ့အကောင်းဆုံးသူပါ။ သင်စိတ်ညစ်ရတဲ့အချိန်ဆိုရင်တောင် သူ့က သင်ကို ပျော်ရွှင်စေနိုင်ပါတယ်။ သူ့ကြောင့် သင်အေးချမ်းမှုကို ခံစားရပါလိမ့်မယ်။

▪ "မောင်" လို့ခေါ်တတ်တဲ့မိန်းကလေးအများစုကတော့

သူတို့မှာ တည်ငြိမ်တဲ့အလှတရား ပိုင်ဆိုင်ကြတယ်။ လူကြီးဆန်ပြီး ရင့်ကျက်တဲ့စိတ်ရှိတယ်။ အချစ်တစ်ခုကို နားလည်မှုနဲ့ တည်ဆောက်ကြတယ်။

သင့်ကို ယောကျာ်းကောင်းပီသပြီး တည်ကြည်ခန့်ညားတဲ့သူလို့ မြင်တဲ့အတွက် "မောင်"လို့ ခေါ်ချင်တာဖြစ်တယ်။ သူ့အတွက်တော့ သင်ဟာ သူရဲကောင်းတစ်ယောက်လိုပါဘဲ။ သင်ဟာ သူ့ဘဝကို ဦးစီးဦးဆောင်နိုင်ပြီး အားကိုးရတဲ့ယောကျာ်းလို့ သူ့စိတ်ထဲ ခံစားရပါတယ်။ သင်နဲ့သာဆို သာယာတဲ့အချစ်ခရီးလမ်းဖြစ်မယ်လို့ မျှော်လင့်ချက်အပြည့်ရှိပါတယ်။

ကိစ္စသေးသေးမွှားမွှားတွေဆို ဗွေမယူတတ် ပြသနာမရှာတတ်သူဖြစ်တယ်။ သူဟာ သင့်မှာ ပြသနာတွေရှိလာတဲ့အခါဆိုရင်လဲ အကြံကောင်း ဉာဏ်ကောင်းပေးနိုင်ပြီး လမ်းမှန်ပြပေးတတ်တဲ့သူတွေဖြစ်ပါတယ်

ဒါတွေကတော့ အခေါ်အဝေါ်တွေအရ ကိုယ့်အပေါ် ဘယ်လိုချစ်တဲ့မိန်းကလေးဆိုတာ သိနိုင်မယ့် ယေဘုယျသဘောတရားလေးတွေဖြစ်ပါတယ်။ သင်ကကော သင့်ချစ်သူဆီက ဘယ်လိုအခေါ်ခံချင်လဲ ?

ဖိုးသူတော် (www.phothutaw.com)
Credit: Mini Eiz ( Love Shop )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top