ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဒီတခါ သရဲထြက္ေျပးရတာ သပိတ္က်င္းက မွင္စာ stay ေရွာင္တာနဲ႔ေတာ့ မတူဘူး။ မွင္စာ ခမ်ာတုန္းက ကၽြန္္ေတာ္တို႔ရဲ႕ အထူးလက္စြမ္းျပ ဂစ္တာသံရယ္ ပီပါ (၁၀) လံုးကို ေက်ာက္စရစ္လမ္းေပၚ လိွမ့္လာသကဲ့ သာယာ နာေပ်ာ္ဖြယ္ သီဆိုသံမ်ားေၾကာင့္ စိတ္ညစ္ညစ္နဲ႕ ေတာ္ရာ သြားေနပုံ ရပါတယ္။

ကဲကဲ.. သရဲနွင္ပုံ နွင္နည္းေလး စၾကစို႕လား………
သပိတ္က်င္းနယ္ ၀ါးျဖဴေတာင္ရြာေလးမွာ စခန္းခ် ကြင္းဆင္းၾကစဥ္ကေပါ့ ခင္ဗ်ာ …..
.၀ါးျဖဴေတာင္မွာ ယာယီစခန္းေလး ေဆာက္ၾကမယ္ ဆိုေတာ့ ၀ါးျဖဴေတာင္ ရြာသူၾကီးက က်ြန္ေတာ္တို႕ စခန္း ေဆာက္ဖို႕ ေျမေနရာ ေပးပါတယ္၊ ရြာ အေနာက္ဖ်ား သခၤ်ိဳင္းကုန္း နံေဘးက

ေလာင္တိုက္ကုန္းမွာ ေမတၱာ ေရွ႕ထားျပီး ေပးလိုက္တာပါပဲ။ ေလာင္တိုက္ကုန္း ဆိုတာက တခါတခါရံမွ လူေသ အေလာင္းကို မီးရွိဳ႕တာ ဆိုေတာ့ ေလာေလာဆယ ္အားလပ္တဲ့

ေနရာေပါ့ဗ်ာ။ အဲဒီ ကုန္းေျပာင္ေျပာင္မွာ ၀ါးကပ္မိုး၊ ထရံကာ (၄) ပင္ ပတ္လည္ တဲတလုံး ေဆာက္လိုက္ၾကပါတယ္၊ အဲဒီတုန္းက ေတာကလည္းထူ (၂၀၀၂) ခုနွစ္က တေခါက္

ျပန္ေရာက္ေတာ့ ကြင္းေျပာင္ၾကီး ျဖစ္ေနျပီ။ ဘာသစ္ေတာမွ မရွိေတာ့ဘူး) က်ားနာမၾကီးက ေသာင္းက်န္းျပီး ညညဆို ရြာထဲ၀င္၀င္ျပီး နြားေတြ ၀င္ဆြဲတတ္တာမို႔ က်ြန္ေတာ္တုိ႔ စခန္းကို ၁၂

ေပ ေလာက္ အျမင့္ ေဆာက္ထား ရတယ္၊ ဒါေတာင္ တခါတရံ တဲေအာက္က ျဖတ္သြားတတ္သမို႔ ညဆိုရင္ က်ြန္ေတာ္တို႔ တဲေအာက္ မဆင္း ေတာ့ပဲ ၀ရံတာကပဲ ထြက္ရပ္ေပါက္

geologistေတြ ျဖစ္ရရွာေတာ့တာပဲ။ (ဒညင္းသီးစားၾကတဲ႔ေန႔ဆိုရင္ ဖီနိုင္ တပုလင္း ေလာက္ ကုန္ေအာင္ စခန္းေရွ႕ ျဖန္းရတာ)

ေလာင္တိုက္ကုန္း စခန္းကို ေဆာက္ျပီး ပထမဆုံး စအိပ္တဲ့ ညမွာေတာ့……… အားလုံး အိပ္ေမာၾကသြားတဲ့ ညဥ့္ သန္းေကာင္ အခ်ိန္မွာေပါ့ ခင္ဗ်ာ……. ဟီး.. ဟီး.. ဟီး.. နဲ႔ ကိုယ့္နံေဘးမွာ

က်ယ္က်ယ္ေလာင္ေလာင္ၾကီး လာထိုင္ငိုသလို ၾကားလိုက္ၾကရေတာ့ အားလုံး လန္႔နိုးကုန္ၾကျပီး ထထိုင္မိၾကတာပါပဲ။ အမေလး.. လူေလးရဲ႕ ၾကာၾကာေတာင္ မေနလိုက္ပါ့လား… ဟီး.

ဟီး… ေၾသာ္.. ကေလးေပါက္စ အေလာင္းကို ညတြင္းခ်င္း သျဂိႍဳဟ္ၾကတာကို၊ လူေျခကလဲ တိတ္ခ်ိန္ သုႆန္ကလဲ စခန္းနဲ႔ ၁၅ ေပ ေလာက္ပဲ ေ၀းေတာ့ ကိုယ့္နံေဘးမွာ ထိုင္ငိုေနတဲ့

အတိုင္းပါပဲဗ်ာ၊ ပြဲဦးထြက္ ညမွာ.. သရဲဇာတ္ မကခင္ အပ်ိဳေတာ္ ထြက္ျပတာလို႔ ေအာက္ေမ့ရမွာေပါ့ေလ…. ပထမညမွာ သရဲက မေပၚလာေသးဘူး ခင္ဗ်၊ ဒုတိယည.. တတိယည..

စတုတၱည… ဘာမွ မေတြ႕ဘူး ခင္ဗ်။ က်ြန္ေတာ္တို႔ ၀ါးျဖဴေတာင္ ေရာက္ခ်ိန္မွာ ၀ါးျဖဴေတာင္ရြာ အလယ္တန္းေက်ာင္း စဖြင့္စ၊ ဆရာမေလးေတြကလဲ က်ြန္ေတာ္တို႔နဲ႕ မန္းတကၠသိုလ္မွာ

ေက်ာင္းေနဖက္ေတြ (အခု ျပန္ေတြ႕ေတာ့ ဆရာမၾကီးေတြ၊ ဘယ္ေလာက္ထိ ၾကီးလဲဆို တခ်ိဳ႕ေပါင္ ၂၀၀ ေလာက္ရွိမယ္)၊ ညညဆို ဆရာမေလးေတြဆီ လည္ၾကတာေပါ႔ေလ….

ရင္သိမ့္တုန္ေပါ့.. အဲဒီတုန္းက ေျပာပါတယ္.. ခုမ်ား လမ္းေတြ႔ရင္ အန္တီလို႔ နွဳတ္ဆက္လိုက္ရင္.. ပြက္ပြက္ညံေအာင္ ကေလာ္တုပ္ေတာ့တာပဲ..

အဲဒီ ဆရာမေတြဆီ ညတိုင္း သြားေနေတာ့ သရဲနဲ႔က ညတိုင္း လြဲေနတာေပါ႕၊ ပဥၥမေျမာက္ ညမွာေတာ့ ထုံးစံအတိုင္း ဆရာမေတြဆီ သြားမလို႔လဲ လုပ္္ေရာ… က်ြန္ေတာ္တို႔အတြက္

ထမင္း၊ဟင္းခ်က္ဖို႔ ရြာခံအဖြားၾကီး တေယာက္ ငွားထားတယ္၊ ေဒၚတင္ၾကည္တဲ့၊ သူက က်ြန္ေတာ္တို႔ိကုိ ဟဲ့ ေမာင္နိုင္တို႔ရဲ႕ ေစာေစာ ျပန္လာခဲ့ပါ ဟဲ့ ဆိုေတာ့ ဘာျဖစ္လို႕လဲ ဂ်ီးေတာ္ လို႔

ေမးေတာ့ ညဦးပိုင္း ေန၀င္ျဖိဳးျဖမွာ မ်က္နွာျဖဴ ကုလားၾကီး တေယာက္ တဲေပၚကို တက္တက္သြားတာ ထမင္းခ်က္ရင္း ျမင္လိုက္ရေၾကာင္း နာရီ၀က္ေလာက္မွာ ျပန္ဆင္းလာေၾကာင္းေျပာျပရွာပါတယ္၊သူ႕ချမာ မ်က္နွာငယ္ေလးနဲ႔ ေၾကာက္ေနရွာပံု ရပါတယ္၊ ဒါနဲ႕ ဂ်ီးေတာ္ၾကီး မေၾကာက္ေအာင္ ဘယ္မွ မသြားေတာ့ပဲ တဲေပၚမွာ ၀ိုင္းထိုင္ စကားေျပာေနၾကတာေပါ့၊

အဲဒီအခ်ိန္မွာပဲ က်ြန္ေတာ္တို႔ အလုပ္သမား ဦးစံတင့္က အေပါက္၀ကို လက္ညွိုဳး ထိုးျပရင္း.. ဆရာ. ဆရာ. ဟိုမွာလို႕ ျပေတာ့ ၾကည့္လိုက္ေတာ့… ညွိဳးျခံဳးေနရွာတဲ့ မ်က္နွာနဲ႕ ဥေရာပ

တိုက္သား တေယာက္ ၀င္လာတာ ေတြ႕လိုက္ရတာပါပဲ၊ အဲဒီတုန္းက.. ကိုယ္ကလည္း ဘုိလုိ talking ပြားေလ့ ပြားထကလဲ မရွိေတာ့ ဘာေျပာရမွန္းမသိ၊ ခုေနခ်ိန္ ဆိုရင္ေတာ့ Hello, How

are you ေတြ ဘာေတြေ ျပာပလိုက္မွာေပါ့၊ သူက ဘယ္သူ႕ကိုမွ မၾကည့္ပဲ သူ႕ဖာသာသူ မသဲမကြဲ ေရရြတ္ ေျပာဆို ျပန္ဆင္းသြားပါတယ္။ က်ြန္ေတာ္ နားထဲမွာေတာ့ မာဂဲ ဆိုလား မာဂရက္

ဆိုလား ၾကားလိုက္မိပါရဲ႕.. မာဂရက္ေတာ့ မသိဘူး.. မာဂဲ ဆိုရင္ေတာ့ ေကာက္ထားတဲ့ နမူနာ ေက်ာက္တံုးေတြ ေပးလိုက္တာေပါ့။ ဆင္းသြားျပီးေနာက္ အဲဒီညမွာ

ျပန္တက္မလာေတာ့ပါဘူး။

မနက္လင္းေတာ့ ရြာထဲက ေရွ႕မွီ ေနာက္မွီ လူၾကီးေတြကို စံုစမ္းၾကည့္ေတာ့ အဲဒီေနရာမွာ အဂႍလိပ္ လက္ထက္က သစ္ေတာ ဘိုတဲ တခု ရွိခဲ့ဖူးတယ္ ဆိုတာ ေလာက္ပဲ မသဲမကြဲ

ေျဖနိုင္ပါတယ္။ သရဲကလဲ မ်က္နွာျဖဴ သရဲ ဆိုေတာ့ ပရိတ္ရြတ္လဲ နားလည္မယ့္ပံု မေပၚနိုင္ဘူးလို႕ ေကာက္ခ်က္ခ်ျပီး အဂႍလိပ္ သရဲကို အဂႍလိပ္ နည္းနဲ႔ ေျဖရွင္းမယ္လို႔

စဥ္းစားၾကတာေပါ့ေလ။ ေရွးေခတ္ အဂႍလိပ္ အမႈထမ္း ဆိုတာ မ်ိဳးက rules and discipline ကို အင္မတန္ နာခံတတ္ၾကတာမို႔ သူ႔ကို အမိန္႔ အာဏာနဲ႔ တားမယ္ ဆိုျပီး စိတ္ကူးမိတာပါပဲ။

အဲဒါနဲ႔ အမိန္႔ ျပန္တမ္းကို အဂႍလိပ္ ျမန္မာ နွစ္ဘာသာ ေရးျပီး ခပ္တည္တည္ဖတ္.. ေသနတ္ေဖါက္.. ေသနတ္ကိုေတာ ့မိုးကုတ္ လမ္းဆံုက ျမသႏၱာ တပ္စခန္းက ရပါတယ္..

အဲဒီေနာက္ေတာ႔ မ်က္နွာ့ျဖဴ သရဲလည္း ေပၚမလာေတာ့ပါဘူး။ အရင္ကေတာ့ သူ႔ဘိုတဲ မွတ္လို႔ တက္တက္ ၾကည့္ရွာတာ ျဖစ္မွာေပါ့ေလ၊ အေပၚ ေရာက္မွ ၀ါးတဲေလး ျဖစ္ေနေတာ့

မဟုတ္မွန္းသိျပီး ရွက္ရွက္နဲ႔ ဆင္းေျပးတာေနမွာေပါ့……

က်ြန္ေတာ္တို႔ကေတာ့ ငါ့အာဏာစက္နဲ႔ သရဲေျပးရတယ္ ဆိုျပီး ေျမာက္ကားကားၾကီးေပါ့ဗ်ာ….

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေရႊရတုမွတ္တမ္း


#Unicode Version#
ဒီတခါ သရဲထွက်ပြေးရတာ သပိတ်ကျင်းက မှင်စာ stay ရှောင်တာနဲ့တော့ မတူဘူး။ မှင်စာ ခမျာတုန်းက ကျွန်တော်တို့ရဲ့ အထူးလက်စွမ်းပြ ဂစ်တာသံရယ် ပီပါ (၁၀) လုံးကို ကျောက်စရစ်လမ်းပေါ် လှိမ့်လာသကဲ့ သာယာ နာပျော်ဖွယ် သီဆိုသံများကြောင့် စိတ်ညစ်ညစ်နဲ့ တော်ရာ သွားနေပုံ ရပါတယ်။

ကဲကဲ.. သရဲနှင်ပုံ နှင်နည်းလေး စကြစို့လား………
သပိတ်ကျင်းနယ် ဝါးဖြူတောင်ရွာလေးမှာ စခန်းချ ကွင်းဆင်းကြစဉ်ကပေါ့ ခင်ဗျာ …..
.ဝါးဖြူတောင်မှာ ယာယီစခန်းလေး ဆောက်ကြမယ် ဆိုတော့ ဝါးဖြူတောင် ရွာသူကြီးက ကျွန်တော်တို့ စခန်း ဆောက်ဖို့ မြေနေရာ ပေးပါတယ်၊ ရွာ အနောက်ဖျား သင်္ချိုင်းကုန်း နံဘေးက

လောင်တိုက်ကုန်းမှာ မေတ္တာ ရှေ့ထားပြီး ပေးလိုက်တာပါပဲ။ လောင်တိုက်ကုန်း ဆိုတာက တခါတခါရံမှ လူသေ အလောင်းကို မီးရှို့တာ ဆိုတော့ လောလောဆယ ်အားလပ်တဲ့

နေရာပေါ့ဗျာ။ အဲဒီ ကုန်းပြောင်ပြောင်မှာ ဝါးကပ်မိုး၊ ထရံကာ (၄) ပင် ပတ်လည် တဲတလုံး ဆောက်လိုက်ကြပါတယ်၊ အဲဒီတုန်းက တောကလည်းထူ (၂၀၀၂) ခုနှစ်က တခေါက်

ပြန်ရောက်တော့ ကွင်းပြောင်ကြီး ဖြစ်နေပြီ။ ဘာသစ်တောမှ မရှိတော့ဘူး) ကျားနာမကြီးက သောင်းကျန်းပြီး ညညဆို ရွာထဲဝင်ဝင်ပြီး နွားတွေ ဝင်ဆွဲတတ်တာမို့ ကျွန်တော်တို့ စခန်းကို ၁၂

ပေ လောက် အမြင့် ဆောက်ထား ရတယ်၊ ဒါတောင် တခါတရံ တဲအောက်က ဖြတ်သွားတတ်သမို့ ညဆိုရင် ကျွန်တော်တို့ တဲအောက် မဆင်း တော့ပဲ ဝရံတာကပဲ ထွက်ရပ်ပေါက်

geologistတွေ ဖြစ်ရရှာတော့တာပဲ။ (ဒညင်းသီးစားကြတဲ့နေ့ဆိုရင် ဖီနိုင် တပုလင်း လောက် ကုန်အောင် စခန်းရှေ့ ဖြန်းရတာ)

လောင်တိုက်ကုန်း စခန်းကို ဆောက်ပြီး ပထမဆုံး စအိပ်တဲ့ ညမှာတော့……… အားလုံး အိပ်မောကြသွားတဲ့ ညဉ့် သန်းကောင် အချိန်မှာပေါ့ ခင်ဗျာ……. ဟီး.. ဟီး.. ဟီး.. နဲ့ ကိုယ့်နံဘေးမှာ

ကျယ်ကျယ်လောင်လောင်ကြီး လာထိုင်ငိုသလို ကြားလိုက်ကြရတော့ အားလုံး လန့်နိုးကုန်ကြပြီး ထထိုင်မိကြတာပါပဲ။ အမလေး.. လူလေးရဲ့ ကြာကြာတောင် မနေလိုက်ပါ့လား… ဟီး.

ဟီး… သြော်.. ကလေးပေါက်စ အလောင်းကို ညတွင်းချင်း သဂြိႍုဟ်ကြတာကို၊ လူခြေကလဲ တိတ်ချိန် သုဿန်ကလဲ စခန်းနဲ့ ၁၅ ပေ လောက်ပဲ ဝေးတော့ ကိုယ့်နံဘေးမှာ ထိုင်ငိုနေတဲ့

အတိုင်းပါပဲဗျာ၊ ပွဲဦးထွက် ညမှာ.. သရဲဇာတ် မကခင် အပျိုတော် ထွက်ပြတာလို့ အောက်မေ့ရမှာပေါ့လေ…. ပထမညမှာ သရဲက မပေါ်လာသေးဘူး ခင်ဗျ၊ ဒုတိယည.. တတိယည..

စတုတ္တည… ဘာမှ မတွေ့ဘူး ခင်ဗျ။ ကျွန်တော်တို့ ဝါးဖြူတောင် ရောက်ချိန်မှာ ဝါးဖြူတောင်ရွာ အလယ်တန်းကျောင်း စဖွင့်စ၊ ဆရာမလေးတွေကလဲ ကျွန်တော်တို့နဲ့ မန်းတက္ကသိုလ်မှာ

ကျောင်းနေဖက်တွေ (အခု ပြန်တွေ့တော့ ဆရာမကြီးတွေ၊ ဘယ်လောက်ထိ ကြီးလဲဆို တချို့ပေါင် ၂၀၀ လောက်ရှိမယ်)၊ ညညဆို ဆရာမလေးတွေဆီ လည်ကြတာပေါ့လေ….

ရင်သိမ့်တုန်ပေါ့.. အဲဒီတုန်းက ပြောပါတယ်.. ခုများ လမ်းတွေ့ရင် အန်တီလို့ နှုတ်ဆက်လိုက်ရင်.. ပွက်ပွက်ညံအောင် ကလော်တုပ်တော့တာပဲ..

အဲဒီ ဆရာမတွေဆီ ညတိုင်း သွားနေတော့ သရဲနဲ့က ညတိုင်း လွဲနေတာပေါ့၊ ပဉ္စမမြောက် ညမှာတော့ ထုံးစံအတိုင်း ဆရာမတွေဆီ သွားမလို့လဲ လုပ်ရော… ကျွန်တော်တို့အတွက်

ထမင်း၊ဟင်းချက်ဖို့ ရွာခံအဖွားကြီး တယောက် ငှားထားတယ်၊ ဒေါ်တင်ကြည်တဲ့၊ သူက ကျွန်တော်တို့ိကို ဟဲ့ မောင်နိုင်တို့ရဲ့ စောစော ပြန်လာခဲ့ပါ ဟဲ့ ဆိုတော့ ဘာဖြစ်လို့လဲ ဂျီးတော် လို့

မေးတော့ ညဦးပိုင်း နေဝင်ဖြိုးဖြမှာ မျက်နှာဖြူ ကုလားကြီး တယောက် တဲပေါ်ကို တက်တက်သွားတာ ထမင်းချက်ရင်း မြင်လိုက်ရကြောင်း နာရီဝက်လောက်မှာ ပြန်ဆင်းလာကြောင်းပြောပြရှာပါတယ်၊သူ့ခမြာ မျက်နှာငယ်လေးနဲ့ ကြောက်နေရှာပုံ ရပါတယ်၊ ဒါနဲ့ ဂျီးတော်ကြီး မကြောက်အောင် ဘယ်မှ မသွားတော့ပဲ တဲပေါ်မှာ ဝိုင်းထိုင် စကားပြောနေကြတာပေါ့၊

အဲဒီအချိန်မှာပဲ ကျွန်တော်တို့ အလုပ်သမား ဦးစံတင့်က အပေါက်ဝကို လက်ညှိုုး ထိုးပြရင်း.. ဆရာ. ဆရာ. ဟိုမှာလို့ ပြတော့ ကြည့်လိုက်တော့… ညှိုးခြုံးနေရှာတဲ့ မျက်နှာနဲ့ ဥရောပ

တိုက်သား တယောက် ဝင်လာတာ တွေ့လိုက်ရတာပါပဲ၊ အဲဒီတုန်းက.. ကိုယ်ကလည်း ဘိုလို talking ပွားလေ့ ပွားထကလဲ မရှိတော့ ဘာပြောရမှန်းမသိ၊ ခုနေချိန် ဆိုရင်တော့ Hello, How

are you တွေ ဘာတွေေ ပြာပလိုက်မှာပေါ့၊ သူက ဘယ်သူ့ကိုမှ မကြည့်ပဲ သူ့ဖာသာသူ မသဲမကွဲ ရေရွတ် ပြောဆို ပြန်ဆင်းသွားပါတယ်။ ကျွန်တော် နားထဲမှာတော့ မာဂဲ ဆိုလား မာဂရက်

ဆိုလား ကြားလိုက်မိပါရဲ့.. မာဂရက်တော့ မသိဘူး.. မာဂဲ ဆိုရင်တော့ ကောက်ထားတဲ့ နမူနာ ကျောက်တုံးတွေ ပေးလိုက်တာပေါ့။ ဆင်းသွားပြီးနောက် အဲဒီညမှာ

ပြန်တက်မလာတော့ပါဘူး။

မနက်လင်းတော့ ရွာထဲက ရှေ့မှီ နောက်မှီ လူကြီးတွေကို စုံစမ်းကြည့်တော့ အဲဒီနေရာမှာ အင်္ဂံလိပ် လက်ထက်က သစ်တော ဘိုတဲ တခု ရှိခဲ့ဖူးတယ် ဆိုတာ လောက်ပဲ မသဲမကွဲ

ဖြေနိုင်ပါတယ်။ သရဲကလဲ မျက်နှာဖြူ သရဲ ဆိုတော့ ပရိတ်ရွတ်လဲ နားလည်မယ့်ပုံ မပေါ်နိုင်ဘူးလို့ ကောက်ချက်ချပြီး အင်္ဂံလိပ် သရဲကို အင်္ဂံလိပ် နည်းနဲ့ ဖြေရှင်းမယ်လို့

စဉ်းစားကြတာပေါ့လေ။ ရှေးခေတ် အင်္ဂံလိပ် အမှုထမ်း ဆိုတာ မျိုးက rules and discipline ကို အင်မတန် နာခံတတ်ကြတာမို့ သူ့ကို အမိန့် အာဏာနဲ့ တားမယ် ဆိုပြီး စိတ်ကူးမိတာပါပဲ။

အဲဒါနဲ့ အမိန့် ပြန်တမ်းကို အင်္ဂံလိပ် မြန်မာ နှစ်ဘာသာ ရေးပြီး ခပ်တည်တည်ဖတ်.. သေနတ်ဖေါက်.. သေနတ်ကိုတော့မိုးကုတ် လမ်းဆုံက မြသန္တာ တပ်စခန်းက ရပါတယ်..

အဲဒီနောက်တော့ မျက်နှာ့ဖြူ သရဲလည်း ပေါ်မလာတော့ပါဘူး။ အရင်ကတော့ သူ့ဘိုတဲ မှတ်လို့ တက်တက် ကြည့်ရှာတာ ဖြစ်မှာပေါ့လေ၊ အပေါ် ရောက်မှ ဝါးတဲလေး ဖြစ်နေတော့

မဟုတ်မှန်းသိပြီး ရှက်ရှက်နဲ့ ဆင်းပြေးတာနေမှာပေါ့……

ကျွန်တော်တို့ကတော့ ငါ့အာဏာစက်နဲ့ သရဲပြေးရတယ် ဆိုပြီး မြောက်ကားကားကြီးပေါ့ဗျာ….

ဖိုးသူတော် (www.phothutaw.com)
Credit: ရွှေရတုမှတ်တမ်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top